
ဒုက္ခကို ဘယ်လိုချစ်မလဲ(HOW TO LOVE TROUBLE)
17000 (ကျပ်)
“ဒုက္ခကိုဘယ်လိုချစ်မလဲ – HOW TO LOVE TROUBLE” စာအုပ်ဟာ ဘဝရဲ့ပြဿနာတွေ၊ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲမှု ဒုက္ခ တွေကို ရှောင်ရှားနည်းစာအုပ် မဟုတ်ပါဘူး။ အရာအားလုံးကိုအကောင်းမြင်ပေးလိုက်ဖို့ Spiritual Bypassing လုပ်ထားတဲ့စာအုပ်လည်းမဟုတ်ဘူး။
ဘဝမှာ မလွဲဧကန်ကြုံတွေ့ရမယ့် ဒုက္ခတွေနဲ့ မိမိရဲ့ဆက်ဆံမှုကို ပြောင်းလဲဖို့အကြောင်း ရေးသားထားတဲ့ စာအုပ်သာဖြစ်ပါတယ်။ သက်သောင့်သက်သာနဲ့ ပြီးပြည့်စုံမှုတွေကိုသာ အလေးထားတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ ဒီစာအုပ်က ဒုက္ခတွေကိုချစ်တတ်ဖို့ ပြောပြလိုက်တဲ့ စွန့်စားမှုတစ်ခု၊ ရဲရင့်မှုတစ်ခုပါ။
ဆုံးရှုံးမှုတွေ၊ စွန့်လွှတ်ခွဲခွာရမှုတွေ၊ ပဋိပက္ခ သံသယတွေ၊ မရေရာမှုတွေကို ဖြတ်ကျော်နိုင်ဖို့ ဒီစာအုပ်ကလေးဟာ အတူရှိနေပေးပါလိမ့်မယ်။
ဒုက္ခတွေကနေ ထွက်ပြေးဖို့၊ ဒုက္ခတွေမလာအောင် တားဆီးထားဖို့မဟုတ်ဘဲ ဒုက္ခကိုစူးစမ်းတဲ့စိတ်၊ ရဲရင့်တဲ့စိတ်၊ ကျေးဇူးတရား၊ သတိပညာတို့နဲ့ ရင်ဆိုင်ထွေးပွေ့တတ်ဖို့ပါ။ နေ့စဉ်ကြုံဆုံနေရတဲ့ စိတ်မကျေနပ်စရာ အသေးအဖွဲလေးတွေကနေစလို့ ဘဝကို ပြောင်းလဲသွားစေတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုဒုက္ခကြီးတွေအထိ ထဲထဲဝင်ဝင် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ အသုံးချစရာ လေ့ကျင့်ခန်းတွေ၊ သင်ယူမှတ်သားစရာ ပုံပြင်ဇာတ်လမ်းတွေ အထူးသဖြင့် စာရေးသူရဲ့ တန်ဖိုးရှိလှတဲ့ ဘဝအတွေ့အကြုံနဲ့တွေးခေါ်မှုတွေ ပါဝင်ပါတယ်။ လူ့လောကရဲ့နာကျင်စရာ ဒုက္ခတွေကို ရိုးသားမှုအပြည့်နဲ့ ရေးသားထားတဲ့ ဒီစာအုပ်ဟာ ဘဝရဲ့ အစဉ်မပြတ် တောင်းဆိုမှုတွေကြောင့် စိတ်ဖိစီးနေသူ၊ ပင်ပန်းနွမ်းနယ်နေသူ၊ ကွဲအက်ကြေမွနေသူတိုင်းအတွက် မိတ်ဆွေတစ်ယောက်လိုဖြစ်လာပါလိမ့်မယ်။
– အဆင်ပြေနေတယ်လို့ ဟန်ဆောင်ပြောပြရမှာ ပင်ပန်းနေပြီလား။၏
– နာကျင်မှုတွေကနေ ထွက်ပြေးနေတာကိုရပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။
– ဘဝရဲ့ဒုက္ခတွေ ၊အခက်အခဲတွေ၊ ရုန်းကန်မှုတွေဟာ မြင့်မားတဲ့အသိပညာ တစ်ခုဆီ ခေါ်ဆောင်သွားနေပြီလို့ ခံစားနေမိလား။
| စာမျက်နှာ | 214 (woodfree papaer) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇွဲသီဟစာပေ ၊2026၊ ဖေဖော်ဝါရီလ (ပထမအကြိမ်) |
13 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ