
Money Mindset Miracles
15000 (ကျပ်)
Money Mindset Miracles စာအုပ်ကိုဖတ်ပြီး..အိမ်ခြံမြေတွေ အကုန် အရောင်းထွက်သွားတယ်.. ချက်ချင်းငွေတွေ၀င်လာတယ်လို့တော့ ရှိလာမှာမဟုတ်ပါဘူး..။ ငွေသာ အရေးအကြီးဆုံးလို့ လောဘတက်နေဖို့လည်း ဒီစာအုပ်ထဲမှာ ရေးမထားပါဘူး..။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး ဘယ်အရာကိုဆောင်.. ဘယ်ယတြာကိုလုပ်ပါဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။
ဒီစာအုပ်မှာဖတ်ရမဲ့ အကြောင်းတွေက.. မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြ၀ဠာရဲ့ စွမ်းအင်သဘော.. Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု.. Transformation တွေ..၊ အေးချမ်းသော.. ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကို နားလည်လုပ်ဆောင်နိုင်မဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ဘ၀မှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ Law of Attraction ရဲ့ သဘောတရားအရ ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေး ဆွဲယူတတ်မှသာ ဘ၀မှာ Miracle ဆိုတဲ့ အံ့သြဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်..။
မိမိတို့ ရသင့်ရထိုက်တဲ့.. ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကို ဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း.. Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး.. ဘာသာမရွေး
လိုက်ပါလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။
| စာမျက်နှာ | 225 (WoodFree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 4.8x 0.4 x 7.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇွဲသီဟစာပေ၊ 2025 ဇွန်လ (ဆဠမအကြိမ်) |
9 in stock





Thet Naing Aung (verified owner) –
🔘 ပိုက်ဆံဆိုတာ ဝင်ငွေအနေနဲ့ ကိုယ့်ထဲကိုရောက်လာ စီးဝင်လာမှမဟုတ်ဘဲ ကိုယ့်မှာရှိနေတဲ့ ပိုက်ဆံတွေကို မလိုအပ်တဲ့အရာတွေ၊ ကိစ္စတွေနဲ့ အကျိူးကြောင်းမရှိ အဆင်ခြင်မရှိ စီးထွက်မသွားအောင် Save လုပ်ထားနိုင်တယ်ဆိုရင် ဒါကို ဝင်ငွေလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။(စာ-၅၇)
💢 ဒီစာအုပ်ဟာ ကျွန်တော့်အတွက်တော့ အကျိုးရှိတဲ့စာအုပ်တအုပ်ပါပဲ။ ကျွန်တော်ဟာ ကုမ္ပဏီတခုက လခစားဝန်ထမ်းတဦးပါ။ ဒီစာအုပ်မဖတ်ခင်ကတည်းက ကျွန်တော့်မှာ ငွေကြေးနဲ့ပတ်သတ်တဲ့အတွေးတွေများစွာ ဝင်နေခဲ့ပါတယ်။ လခထုတ်တယ် သုံးတယ်၊ စွဲတယ်။ ရတဲ့ salary amount သာသိပေမယ့် အဲ့ပိုက်ဆံတွေကို ဘယ်လိုသုံးမိလဲဆိုတာမသိအောင် စာရင်းအင်းမရှိခဲ့ပါဘူး။ပိုက်ဆံကိုစုမိသလား၊မစုမိဘူးလား ၊ ရတဲ့ လစာဟာ ကိုယ့်အတွက် လုံလောက်ရဲ့လားဆိုတာတောင် ကွဲကွဲပြားပြားမသိခဲ့ပါဘူး။ ငါကြာရင်မဖြစ်တော့ဘူး ဆိုတဲ့အသိနဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့ စဉ်းစားရပါတော့တယ်။
💢အဲ့ဒီနောက် ကျနော်ဟာ တနေ့အသုံးစားရိတ်တွေကိုသိအောင် Spending ဆိုတဲ့ App လေးကို စတင်အသုံးပြုပြီး ကိုယ်ဘာတွေသုံးမိလဲ၊ တကယ်လိုအပ်တာတွေသုံးခဲ့တာဟုတ်ရဲ့လားဆိုပြီး မိမိဘာသာဆင်ခြင်သုံးသပ်ရပါတော့တယ်။ အဲ့ဒီမှာ ကိုယ်ဟာ ဘယ်နေရာတွေတော့ သုံးထားတာလျှော့သင့်တယ်၊ဘာတွေမလိုအပ်ပဲ သုံးခဲ့လဲဆိုတာပေါ်တော့တာပါပဲ။
💢ဆရာမမွန် လည်း အဲ့လို App မျိုးသုံးပြီး စီမံခန့်ခွဲပုံရပါတယ်။ ဘာကြောင့်ဆို စာမျက်နှာ(၇၅ ) မှာ ဆရာမက Eat Out ဆိုတဲ့ အကွက်မှာ ဘယ်နေ့ဘာစား ဘယ်လောက်ကျတယ်ဆိုတာတွေ လကုန်တိုင်း တန်းစီထွက်လာတဲ့အခါ မျက်လုံးပြူးရပါတယ်လို့ ရေးသားထားတာ ဖတ်ရလို့ပါပဲ။ ကျွန်တော်လည်း ထိုနည်းတူစွာ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီ App သုံးတာ ပထမတလအပြီး ယခုဒုတိယလမှာတော့ တခုခုသုံးမယ်ဆို ရှေ့လသုံးထားတာ နဲ့စိတ်ထဲက နှိုင်းယှဉ်မိပြီးမှ သုံးမိတာကြောင့် ဒီလမှာ အသုံးစားရိတ် ယခင်လထက် အနည်းငယ်လျော့လာတာတော့ အမှန်ပါပဲ။
💢ဒီစာအုပ်အကြောင်းကို အများကြီးမပြောပြတော့ပါဘူး။ လူသားတိုင်းဟာ ငွေကြေးနဲ့ ကင်းကွာလို့မရတာမို့ အဲ့ငွေကြေးကို ဘယ်လိုဆောင်ယူရမလဲ၊ဘယ်လိုသုံးစွဲရမလဲဆိုတာ သိရှိစေဖို့ ဒီစာအုပ်လေးကို ဖတ်သင့်ကြောင်းပဲ ညွှန်းဆိုပါရစေ။ အမှာစာမှာ ရေးထားသလို ….
🔘Money Mindset Miracles စာအုပ်ကိုဖတ်ပြီး..အိမ်ခြံမြေတွေ အကုန် အရောင်းထွက်သွားတယ်.. ချက်ချင်းငွေတွေ၀င်လာတယ်လို့တော့ ရှိလာမှာမဟုတ်ပါဘူး..။ ငွေသာ အရေးအကြီးဆုံးလို့ လောဘတက်နေဖို့လည်း ဒီစာအုပ်ထဲမှာ ရေးမထားပါဘူး..။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး ဘယ်အရာကိုဆောင်.. ဘယ်ယတြာကိုလုပ်ပါဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။
🔘ဒီစာအုပ်မှာဖတ်ရမဲ့ အကြောင်းတွေက.. မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြ၀ဠာရဲ့ စွမ်းအင်သဘော.. Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု.. Transformation တွေ..၊ အေးချမ်းသော.. ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကို နားလည်လုပ်ဆောင်နိုင်မဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
🔘ဘ၀မှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ Law of Attraction ရဲ့ သဘောတရားအရ ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေး ဆွဲယူတတ်မှသာ ဘ၀မှာ Miracle ဆိုတဲ့ အံ့သြဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်..။
🔘မိမိတို့ ရသင့်ရထိုက်တဲ့.. ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကို ဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း.. Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး.. ဘာသာမရွေးလိုက်ပါလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။
TA LA (verified owner) –
ငွေကြေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ခံယူချက်တစ်ခုလုံးကို
ပြောင်းလဲပစ်နိုင်တဲ့ စာအုပ် တစ်အုပ်
မမွန်အမှာစာမှာ ပြောထားသလိုပဲ ကျွန်တော်တို့တွေ
ဒီစာအုပ်ဖတ်ပြီးလို့ ငွေတွေ ဝင်လာမယ် ခြံတွေ ကားတွေ
ရောင်းထွက်သွားမယ် ဆိုတာတွေ ဖြစ်မှာတော့ မဟုတ်ဘူး။
ဒါပေမဲ့ ကျွန်တော် အာမခံပေးနိုင်တာ တစ်ခုတော့ရှိတယ်
အခု ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံတစ်သိန်းရှိတယ် ဆိုပါစို့
ဒီစာအုပ်မဖတ်ခင် ဒီပိုက်ဆံတစ်သိန်း သုံးလိုက်ရတဲ့ ခံစားချက်နဲ့
ဒီစာအုပ်ဖတ်ပြီး ဒီပိုက်ဆံ တစ်သိန်း သုံးလိုက်ရတဲ့ ခံစားချက်
လုံးဝမတူစေရဘူး ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်။
ဒီစာအုပ် ဖတ်လိုက်ရလို့လည်း ကျွန်တော်တို့အတွက်
လုံးဝ အရှုံးရှိမှာ မဟုတ်ပါဘူး။
ဒီစာအုပ်ဟာ ကျွန်တော်တို့တွေကို အဲ့လောက်ထိ
ကူညီ၊ထောက်ပံ့၊ပြောင်းလဲစေနိုင်ပါတယ်။
ကျွန်တော်ဟာ ဘဝမှာငွေကြေးနဲ့ ပတ်သက်လာရင် ဗဟုသုတသိပ်နည်းခဲ့ပါတယ်။
ဒီ့အတွက် တစ်ခါတစ်လေ စူးစမ်းချင်ခဲ့တယ်။
အခုချိန် နိုင်ငံတကာမှာ ငွေကြေးနဲ့ ပတ်သက်ပြီး
Psychology of money တွေ လွယ်လွယ်ကူကူ
လေ့လာခွင့်တွေ ရနေတဲ့အချိန်မှာ ကျွန်တော်တို့အတွက်
ဒီအခွင့်အရေးတွေ နည်းနည်းအလှမ်းဝေးနေပါသေးတယ်။
ကျွန်တော်ကိုယ်တိုင် ဒီအကြောင်းတွေကို သိချင်တယ်
လေ့လာသင်ယူချင်တယ်ဆိုရင်တောင် လက်လှမ်းမီနိုင်တဲ့
အရင်းအမြစ်တွေဟာ သိပ်ကို နည်းပါးခဲ့ပါတယ်။
ဒီအချိန်မှာ နိုင်ငံတကာရဲ့ခေတ်မီလေ့လာတွေ့ရှိချက်တွေနဲ့
မြန်မာလို ငွေကြေးနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ် ထွက်လာတာဟာ
ကျွန်တော့်အတွက် သိပ်ကို ဝမ်းသာကျေနပ်ရပါတယ်။
မမွန်နှင့် Team ကိုရော ပန်းဆက်လမ်း Team ကိုပါ
ကျေးဇူးတင်ပါတယ်။
ဘဝမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်
အပူအပင်တွေ သိပ်မရှိခဲ့တာ အမှန်။
ဒါဟာ ငွေကြေးကို တန်ဖိုးမထားဘူးလို့ဆိုလိုခြင်းမဟုတ်ပါ။
ငယ်ရွယ်စဉ်ဘဝတုန်းက မိသားစုရဲ့
ဘဏ္ဍာရေးကို အဖေနဲ့အမေကသာ စီမံဆောင်ရွက်ကြပါတယ်။
အိမ်မှာ ငွေရေးကြေးရေး အခြေအနေနဲ့ ပတ်သက်လို့
အဆင်ပြေသော်ရှိ မပြေသော်ရှိ တစ်စွန်းတစ်စကလွဲပြီး
သေချာ မသိခဲ့ခြင်းပါ။
ကျွန်တော်တို့ မိသားစုဟာ အရမ်းအဆင်ပြေတဲ့ထဲ မပါပေမဲ့
ငွေကြေးနဲ့ ပတ်သက်ရင်တော့ အမေတို့ ပေးခဲ့တဲ့
အစွဲတွေ မရှိလို့ ငွေဟာ ကိုယ်ရှာရင် ရတယ်
လိုချင်ရင် ရအောင် ရှာမယ် ဆိုတဲ့ ခံယူချက်တစ်ခုတော့
ကိုယ့်မှာ ရှိတယ်။
ငွေကို မှန်န်ကန်န် ဘယ်လိုကိုင်တွယ်ရမှန်းသေချာမသိခဲ့ဘူး။
ရှိတယ် သုံးတယ် လိုရင် ရှာတယ် သုံးတယ် ဒါပဲ
ငွေကို ကျေကျေနပ်နပ်ဘယ်လိုသုံးရပါတယ်လို့
တစ်ခါမှ မစဉ်းစားခဲ့မိဘူး။
MMM စာအုပ်ထွက်မယ်လို့ မမွန် စပြောကတည်းက
ငွေကြေးနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုတော့
ဘယ်လိုအကြောင်းအရာမျိုးလဲ အရမ်းစိတ်ဝင်စားခဲ့တယ်။
ပရုဖ်ဖတ်ဖို့ ဖြစ်လာတော့လည်း ဖတ်နေရင်းကို
အကြောင်းအရာထဲ နစ်ဝင်သွားပြီးတော့ စာစစ်ဖို့ကိုပင်
မေ့သွားတဲ့အထိကို လုံးဝအံ့ဩမှင်သက်ခဲ့ရတယ်။
ပိုက်ဆံဟာ(အခုချိန်မှာ) စက္ကူတစ်ရွက်သာဆိုပေမဲ့
ဒီပိုက်ဆံကို အကြောင်းပြုပြီး ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ
အတက်အကျ အပြောင်းအလဲတွေ ဖြစ်နေတယ်။
ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။
ဒီစာအုပ်မှာ အများကြီး အများကြီးကို ပြောပြထားပါတယ်။
ငွေကြေးနဲ့ ပတ်သက်တဲ့ စိတ်အစွဲတွေ ဘယ်လိုရှိတယ်။
ငွေကြေးကို ဉာဏ်နဲ့ ပိုင်းခြားပြီး ဘယ်လိုသုံးမလဲ။
ငွေကြေးအပေါ် ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ။
ငွေကိုမှ ဘယ်လိုစိတ်နဲ့ ပေးပြီး ဘယ်လိုစိတ်နဲ့ လက်ခံရမလဲ။
ပြီးတော့ ငွေကြေးနဲ့ အကြွေး စတဲ့ အကြောင်းအရာတွေ
ငွေကို ဘယ်လိုနည်းနဲ့ ဘယ်လို intention တွေနဲ့ ပွါးမလဲ။
ကိုယ့်ရဲ့ ငွေဟာ Happy Money လား Unhappy Money လား
ဘယ်လိုလူကနေ ရလာပြီး ဘယ်လိုသန့်စင်ပြီးရင်
ဘယ်လိုပြန်သုံးရမလဲ။
ဘယ်လိုစိတ်မျိုးနဲ့ ပေးကမ်းလှူဒါန်းရမလဲ။
ပြီးတော့ ငွေကြေးနဲ့ ပတ်သက်ပြီး လူတွေမှာ ဖြစ်တတ်တဲ့ ကြောက်စိတ်တွေ
အဲ့ဒီကြောက်စိတ်တွေ နည်းသွားအောင် ဘယ်လို
ပြုစုပျိုးထောင်ရမလဲ စတဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို ဒီစာအုပ်မှာ ဖတ်လိုက်ရတယ်။
ငွေကြေးနဲ့ပတ်သက်တာအပြင် ဆက်စပ်တဲ့
Mindset တွေလည်း သိခဲ့ရတယ်။
ကိုယ့်ကိုယ်ကို ပြန်ပြီး အသိအမှတ်ပြုသင့်တဲ့
ကောင်းတဲ့ အကျင့်တွေကိုလည်း ပြန်ပြီး သတိရသွားတယ်။
ဒီစာအုပ်ဟာ အသက်ရှင်နေသရွေ့ ငွေကြေးနဲ့ပတ်သက်နေရတဲ့
ကျွန်တော်တို့တွေ အားလုံး ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဖတ်ကို ဖတ်ရမယ့် စာအုပ်တစ်အုပ်ပါ။
ကမ္ဘာ့နာမည်ကြီး အင်္ဂလိပ်စာအုပ်တွေကို လက်လှမ်းမမီတဲ့
ကျွန်တော်တို့နိုင်ငံကလူတွေအတွက် ဒီစာအုပ်ကို
ဖတ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်….
နောက်ဆုံးအနေနဲ့ ဒီစာအုပ်မှာ ထည့်သွင်းဖော်ပြထားတဲ့
ပန်းချီဆရာကြီး ပီကာဆို ပြောခဲ့တဲ့ စကားလေးကို
ပြန်ပြောချင်ပါတယ်
“တစ်ယောက်ယောက်ကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့
အစွမ်းသတ္တိ ကိုယ့်မှာရှိတယ်ဆိုရင် လုပ်ပေးလိုက်ပါ၊
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အားလုံး တကယ်လိုအပ်နေလို့ပါ“
တဲ့
အားလုံးပဲ ဘဝမှာ
ပျော်ရွှင်ခြင်းတွေ မျှဝေနိုင်ပါစေ
မေတ္တာတရားတွေ ပွါးများနိုင်ပါစေ
ငြိမ်းချမ်းခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေ
ပုံလေးတွေအတွက် မဖြိုး၊မလုံး၊မမွန် ကျေးဇူးတင်ပါတယ်
19.08.2023
Your Beautiful Pixel With Metta :
TALA | Take A Look Around
#MoneyMindsetMiracles #မွန်ဟော်စီ
#MonHalsey #bekindforeveryonewithtala
#FromBookExperienceToLifeExperiment
#TALA #TakeALookAround #pannsattlann