Morning Notes Card Deck

( 4 မှတ်ချက်)

12000 (ကျပ်)

Morning Notes ဆိုတဲ့ Self-Help Cardလေးတွေဆိုတာ ဘယ်လိုလေးတွေလဲ?

စာချစ်သူအနေနဲ့စိတ်ပြေလျော့မှုတစ်ခုကို လိုချင်တဲ့အခါအကြံပေးစကားတစ်ခုကို ကြားချင်တဲ့အခါဒီလို Self Help Card Deck လေးတွေကိုအသုံးပြုနိုင်ပါတယ်..

Card Deck လေးတွေဆိုတာ.. တစ်နေ့တာအတွက် (သို့မဟုတ်) အသုံးပြုလိုက်တဲ့ အချိန်တိုင်းအတွက် စိတ်ပြေလျော့မှုကို ပေးစွမ်းနိုင်တဲ့၊ အသိတစ်ချက်ကို လင်းလဲ့စေနိုင်တဲ့ Self-Help Card လေးတွေပဲ ဖြစ်ပါတယ်…

ဆရာမမွန်ရဲ့ Mixed Media Art သရုပ်ဖော်ပုံ Illustration များနဲ့ စုစုပေါင်း ၄၆ကဒ်ပါဝင်ပြီး Morning Vitamins စာအုပ်တွေထဲက စာစုလေးတွေကို ဒီကဒ်လေးတွေမှာ ဖော်ပြထားပါတယ်။

❗️Card Deck လေးတွေကို Limited Stock သာ ထုတ်ဝေဖြန့်ချိမှာဖြစ်ပါတယ်❗️

အရွယ်အစား

3 x 0.7 x 4 inches

Morning Vitamin Volume 2

Morning Vitamin Volume 2 စာအုပ်သီးသန့်မှာယူရန်
👉 https://www.pannsattlann.com/product/morning-vitamin-volume-2/

Book + Card (Package)

Book + Card Deck (10% off)
👉 https://www.pannsattlann.com/product/book-card/

20 in stock

Morning Notes Card Deck အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Moh Moh Win Aung

    အရမ်းကောင်းပါတယ် မနက်ခင်းတိုင်းအတွက် အင်အားသစ်တေဖြစ်စေပါတယ် သူငယ်ချင်းကိုလည်းမျှဝေပေးချင်လို့ထပ်ဝယ်ဖြစ်ပါတယ်😊😊😊

  2. TA LA (verified owner)

    ဒီနှစ် June ဟာ ကျွန်တော့်အတွက်
    Emotionally ups and downs တော်တော်ခံစားခဲ့ရတဲ့
    လ လို့ ပြောလို့ရပါတယ်
    လအစမှာ ပျော်ရွှင်ခြင်းတွေနဲ့ အဖွင့်လှခဲ့ပေမယ့်
    လလယ်လောက်လည်းရောက်ရော ရုတ်တရက်ဆိုသလို
    အခြေအနေတွေဟာ ပြောင်းပြန်တွေ ဖြစ်ကုန်တော့တာပဲ
    ဝမ်းနည်းသလိုလို အသည်းကွဲသလိုလိုတစ်ယောက်တည်း
    ခံစားချက်တွေနဲ့ ယောက်ယက်ခက်နေခဲ့တာလေ
    အလုပ်ကလည်း ထွက်တော့မှာ ဆိုတော့
    ရှေ့ဆက်ဘာလုပ်ရမလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့
    ခေါင်းထဲမှာ ထိန်းမရအောင်ပါပဲ….
    အဲ့အချိန်မှာပဲ မမွန်ဆီက Morning Vitamin vol 2 စာအုပ် နဲ့
    Morning Notes Card deck လေး ရောက်လာတယ်
    Emotions တွေ ဗြောင်းဆန်နေတဲ့အချိန်မှာ
    စာဖတ်ဖို့ကို လုံးဝအာရုံစိုက်လို့ မရခဲ့ဘူး….
    ဒါပေမဲ့ နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ
    တစ်ပုဒ်ရလည်း တစ်ပုဒ်ဆိုသလို အားတင်းပြီး ဖတ်တယ်
    Card ကိုတော့ အမြဲတမ်းလိုလို သုံးဖြစ်တယ်
    စိတ်ထဲ တစ်ခုခုခံစားရပြီးဆိုတာနဲ့ card ထုတ် ဆွဲတော့တာပါပဲ
    Card က note လေးတွေကို ဖတ်ပြီး
    ကိုယ့်ကိုယ်ကို သတိပြန်ပြန်ကပ်ရတယ်
    Loving Reminder ဆိုတဲ့အတိုင်းပဲ
    အခုလို emotions တွေ တက်လိုက်ကျလိုက် ဖြစ်နေတဲ့ အချိန်
    စာကလည်း ဖတ်ဖို့ အာရုံမကပ်နိုင်တဲ့အချိန်မှာ
    Card နဲ့က တော်တော်အလုပ်ဖြစ်ခဲ့တယ်
    တစ်ခုခုခံစားရလို့ Card ဆွဲလိုက်တာနဲ့
    Emotions တွေကို သတိနဲ့ ပြန်ပြန်ထိန်းနိုင်ခဲ့တယ်
    တော်တော်များများကို ဖြတ်ကျော်လာနိုင်ခဲ့ပေမယ့်
    အခုချိန်မှာတော့ တစ်ချို့ခံစားချက်တွေက မငြိမ်သေးပါဘူး
    ၄ နှစ်နီးပါးလောက် လုပ်လာခဲ့တဲ့ အလုပ်ကို
    အကြောင်းကြောင်းကြောင့် ထွက်လိုက်ရတော့
    စိတ်ထဲမှာ အရမ်းဝမ်းနည်းနေပါသေးတယ်
    ခွဲခွါခြင်းတွေကို ခံနိုင်ရည်ရှိပါတယ်ဆိုရင်တောင်မှ
    စစချင်းတော့ နာကျင်ရတာပဲ မဟုတ်လား
    ဒီ့အတွက် ကြိုတင်ပြင်ဆင်ခဲ့ပေမယ့်လည်း
    လုပ်ဖော်ကိုင်ဖက်တွေဟာ ဒုတိယမိသားစုလိုဖြစ်နေတော့
    ကိုယ့်မိသားစုနဲ့ ခွဲခွါရတဲ့ ခံစားချက်လိုပါပဲ……
    အလုပ်နောက်ဆုံးနေ့မှာတော့ ရုံးမှာ ကိုယ်နဲ့ အမြဲတွဲဖြစ်နေတဲ့ ၂ ယောက်ကိုလည်း card ဆွဲပေးချင်စိတ်တွေ ပေါ်လာလို့ ဆွဲခိုင်းလိုက်တယ်။
    ပထမတစ်ယောက်ကတော့
    “စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေထဲမှာ နစ်မြုပ်မသွားဘဲ
    ကိုယ့်ကိုယ်ကို ဆွဲထုတ်ယူလိုက်ပါ
    ကိုယ့်စိတ်ကို ပြေလျော့စေနိုင်တဲ့ နည်းလမ်း
    Healing methods တွေကို ကိုယ်တိုင်ရှာဖွေပါ..” တဲ့
    ဒီ Card လေးကတော့ ခုလက်ရှိ ကိုယ့်အဖြစ်နဲ့တစ်ထပ်တည်းပဲ
    လအလယ်လောက်ကနေစပြီး တော်တော်လမ်းပျောက်ခဲ့တယ်
    အတွေးပေါင်း သောင်းခြောက်ထောင်နဲ့
    ဘယ်က စရှင်းလို့ ရှင်းရမှန်းလည်း မသိဘူး
    ကိုယ် ဖတ်သိနားလည် မှတ်သားထားတဲ့
    စိတ်ဖြေလျော့ပေးတဲ့ နည်းလမ်းတွေကို
    ပြန်စဉ်းစား ပြန်အသုံးချရတာပေါ့
    တစ်ချို့ခံစားချက်တွေကတော့ အကြာကြီးမနေပါဘူး
    အချိန်တန်ရင် ပျက်ပြယ်သွားတာပါပဲ
    ကျနော်တို့ အချိန်အတိုင်းအတာတစ်ခုထိပဲ
    သည်းခံစောင့်ကြည့်ဖို့ လိုပါတယ်
    တစ်ချို့ခံစားချက်တွေကိုတော့ ကိုယ်တိုင်အဖြေရှာရတာပေါ့
    လွှတ်ချရမယ့် ကိစ္စဆိုရင်လည်း လွှတ်ချရတဲ့
    အကြောင်းအရင်း မတွေ့တွေ့အောင် ရှာတယ်
    ကိုယ် ထိန်းချုပ်လို့ မရတဲ့ ပြင်ပအခြေအနေတွေဆိုရင်လည်း
    ကိုယ့်ကိုယ်ကို သတိလွတ်မသွားအောင် ပြန်ပြန်ထိန်းရတယ်
    လောကပင်လယ်ပြင်မှာ လှိုင်းဂယက်တွေဟာ
    ထာဝရတော့ ဘယ်ငြိမ်သက်နိုင်ပါ့မလဲလေ
    လှိုင်းမမူးအောင် လှိုင်းစီးတတ်အောင်
    ကျွန်တော်တို့ သင်ထား တတ်ထားမယ်ဆိုရင်တော့
    လှိုင်းလုံး ကြီးကြီး သေးသေး ကျွန်တော်တို့
    အပူအပင်မရှိ လှိုင်းလေးစီးပြီး ဘဝခရီးကို
    ပျော်ပျော်ကြီး ဖြတ်ကျော်နိုင်မှာပါ ……
    နောက်တစ်ယောက်က
    “ သင်ဟာ ကောင်းမွန်တဲ့ အရာတွေကို ခံစားဖို့
    ထိုက်တန်စွာ မွေးဖွားလာတဲ့သူ ဖြစ်ပါတယ် “ တဲ့
    ဒီ Note လေး တွေ့တော့ စိတ်ထဲ ချက်ချင်းတွေးမိသွားတယ်
    ကောင်းမွန်တဲ့အရာတွေဆိုတာ ဘယ်လိုမျိုးလဲပေါ့
    ခုလို Material world ကြီးထဲမှာ လူအများစုသတ်မှတ်ထားတဲ့
    ကောင်းမွန်တဲ့အရာဆိုတာ ငွေကြေးတန်ဖိုးအားဖြင့်
    မြင့်မားတဲ့ အရာဝတ္ထုတွေ မဟုတ်လား ……
    ဟိုးအမြင့်ကြီးကို လှမ်းမမီနိုင်သေးလို့ စိတ်ညစ်နေသူဟာ
    ခုခေတ်မှာ ခပ်များများရယ်နော်
    တစ်ခါတစ်လေ ကျွန်တော်တို့တွေလည်း အပါအဝင်ပေါ့
    အဲ့လို စိတ်ညစ်နေမယ့်အစား သတိလေးကပ်ပြီး
    ကိုယ့်ဘေးနားက ကောင်းမွန်ခြင်း အစစ်အမှန်တွေကိုလည်း
    ကျွန်တော်တို့ ရှာဖွေအသိအမှတ်ပြုဖို့ ထိုက်တန်ကောင်းပါတယ်
    အမြဲတမ်း ကိုယ့်ကို ထောက်ပံံ့ပေးနေတဲ့ မိသားစုရှိနေတာ
    ကောင်းဆိုးတိုင်ပင်လို့ရတဲ့ သူငယ်ချင်းအစစ်အမှန်ရှိနေတာ
    ကိုယ့်ဘက်က အမြဲရပ်တည်ပေးနေတဲ့
    အထက်လူကြီးအောက်မှာ အလုပ်လုပ်နေရတာ
    ကောင်းမွန်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ခွင့်ရနေတာ
    အခုချိန်မှာ ကျန်းမာနေတာ မေတ္တာအားဖြင့်
    တစ်စုံတစ်ယောက်ကို ကူညီပေးနေနိုင်သေးတာ
    စားချင်တာတွေ စာခွင့်ရနေတာ
    သက်တောင့်သက်သာနဲ့ အိပ်စက်နားခိုခွင့်ရနေတာ
    နောက်ဆုံး အိပ်ခါနီးမှာ ဒီတစ်နေ့တာကို
    အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာ အစရှိတဲ့
    အသိအမှတ်ပြုအပ်ရာ ကိုယ်မေ့လျော့နေခဲ့တဲ့ အနီးအနားက
    ကောင်းမွန်ခြင်း အစစ်အမှန် သေးသေးလေးတွေကို
    သတိတရ ခံစားဖို့ ထိုက်တန်ပါတယ်
    မရှိခြင်းအတွက်လည်း ကြိုးစားရင်း
    ရှိခြင်းအတွက်လည်း အသိအမှတ်ပြုရင်း
    ဘဝကို ကိုယ့်ဆေး ကိုယ်ဖော်ပြီး
    ကိုယ့်ဒဏ်ရာကို ကိုယ့်ဘာသာကိုယ် ကုတတ်ဖို့
    ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့
    နည်းနာတွေ ရှာဖွေလိုက်နာကျင့်ကြံကောင်းပါတယ် …
    ကျနော်တို့ အားလုံးဟာ မွေးဖွားလာပြီးပြီဆိုတော့
    ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာဖြင့် လူသားဆန်ဖို့နဲ့
    ကောင်းမွန်တဲ့ အရာတွေကို ခံစားသွားဖို့လည်း
    မမေ့ကြပါနဲ့နော် …
    24.06.2023
    Your Beautiful Pixel With Metta :
    TALA | Take A Look Around
    #MorningNotes #WisdomCardDeck #WriteToShare
    #မနက်စာအာဟာရ #မွန်ဟော်စီ #LovingReminderCardDeck
    #MonHalsey #MorningVitamins #bekindforeveryonewithtala
    #FromBookExperienceToLifeExperiment
    #Photalagraphy #TALA #TakeALookAround

  3. Aeri Myat (verified owner)

    ဆရာမ Mon Halsey ရဲ့
    Card Deckလေး လက်ထဲရောက်လာတည်းက Cardလေးတွေ မနက်တိုင်း
    ဆွဲဖြစ်တယ်။
    Law of Attraction အရ
    Energy လှိုင်းတွေက ချိတ်ဆက်နေကြတယ်ဆိုတာကို ယုံကြည်တာမို့
    ဆရာမစာတွေဖတ်တိုင်း ကောင်းမွန်တဲ့
    စိတ်ခွန်အားတွေ လက်ခံရရှိတာကို
    သတိထားမိပါတယ်။
    ဒီနေ့ဆွဲဖြစ်တဲ့ ကတ်လေးနှစ်ကတ်နဲ့
    ပက်သတ်ပြီး တွေးမိတာလေးကိုလည်း အနည်းငယ် မျှဝေချင်ပါတယ်။
    ပထမကတ်လေးမှာ ပြောထားတာက…
    “စကြာဝဠာ ကမ္ဘာလောကကြီးနဲ့ နှိုင်းစာလိုက်ရင် လူတွေရဲ့ ပြသာနာတွေဟာ
    အမှုန်အမွှားလောက်တောင်မှ မရှိတဲ့
    အရာတွေပဲဖြစ်ပါတယ်။
    ဘယ်လောက်ကြီးတဲ့အရာတွေပဲဖြစ်ဖြစ်
    တစ်ချိန်ကျတော့လည်း ပျောက်ပျက်သွားမှာ ဓမ္မတာပါ။လူတစ်ယောက်လုံးတောင် သေသွားသေးတာပဲ
    မဟုတ်လား။
    ရှင်သန်နေစဥ်မှာ ကိုယ့်ဘဝကို
    ပြည့်ဝစွာ ပျော်ရွှင်စွာ အဓိပ္ပါယ်ရှိစွာ
    ဆက်လက်နေထိုင်ဖို့ပါပဲ…။”
    ကျွန်မက အရင်တည်းက စိတ်တွေ
    ခဏခဏ မတည်မငြိမ် ဖြစ်တတ်တယ်။တစ်ခုခုဆို ငါ့ဆီမှာပဲ မကောင်းတာတွေ ကြုံရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုပြီး တွေးလေ့ရှိတဲ့သူပေါ့။
    စိတ်ကို ပေါ့ပါးအောင် မထားတတ်တဲ့သူဆိုတော့ အမြဲ ပူလောင်နေရတယ်။
    ဆရာမမွန်ရဲ့ Mental Detox စာအုပ်လေး ဝယ်ဖတ်ဖြစ်တော့ ကျွန်မစိတ်ထဲ
    စွဲနေခဲ့တဲ့ စာလေးတစ်ခုရှိတယ်။
    ကျွန်မအခု ရွေးမိတဲ့ ကတ်ထဲက
    စာလေးလိုပေါ့…။
    “တကယ်တော့ ဘဝက တိုတိုလေးပဲ…စကြာဝဠာကြီးနဲ့ ယှဥ်ရင်
    မြူမှုန်အစက်အပျောက်လေးပါပဲ”လို့
    ပြောထားပါတယ်။
    တစ်ခုခု ကျွန်မ ပြသနာတွေ ကြုံရတိုင်းမှာအဲ့စာလေးကို သွားအမှတ်ရပြီး နှုတ်က အသံထွက်ရွတ်ဖြစ်တယ်။ စိတ်သောကတွေအတော်လေး သက်သာသွားတာကို ခံစားမိပါတယ်။
    ဆရာမစာတွေက စိတ်ကို remind
    လုပ်ပေးနေသလို ခံစားရလို့ တကယ်ကို
    ကျေးဇူးတင်မိတယ်။🥰
    ဒုတိယ ဆွဲမိတဲ့ ကတ်လေးထဲကလို….
    မကောင်းတာတွေ ဆက်တိုက်ဖြစ်လာပြီဆိုရင် ကောင်းတဲ့ အတွေး၊အပြော၊အလုပ်တွေနဲ့ စိတ်ကို
    အစားထိုးပေးလိုက်တယ်။
    အရင်ကဆို မကောင်းတာ တွေးမိရင်
    တနေကုန်လုံး မကောင်းတာတွေဆက်တွေးမိပြီး ဒေါသထွက်ရတယ်။
    အခုဆို မနက်တိုင်း Card လေးတွေ
    ဆွဲဖြစ်တော့ စိတ်ကို ဘယ်လိုထားရမယ်ဆိုပြီး လမ်းညွှန်ပေးနေသလိုပါပဲ။
    စိတ်ထဲမှာ အကုသိုလ်ဖြစ်ဖို့ နည်းသွားတယ်။ စိတ်ကို ထားတတ်လာတယ်။
    ဆရာမမွန်ပြောတဲ့ တွေးလုံးတွေကို
    လျှော့ချနိုင်လာတယ်။ တကယ်ကို
    အကျိုးရှိတဲ့ Card Deckလေးပါပဲ။🥰
    နောက်ပြီး ပြသနာတွေမရှိတဲ့ ဘဝမျိုးကို
    တောင့်တတာထက် ပြသနာတွေကို
    အတတ်နိုင်ဆုံး ကိုယ်တိုင်ဖြေရှင်းပြီး နေထိုင်ရတဲ့ ဘဝမျိုးကို နားလည်
    လက်ခံတတ်လာတယ်။
    စိတ်အညစ်အကြေးတွေကို စာပေက
    တဆင့် ဆေးကြောခွင့်ရတာ
    တကယ်ကို ကျေးဇူးတင်စရာပါပဲ။
    တဆင့်ပြီး တဆင့် စိတ်ကို ပြုပြင်ယူရင်း
    ကြိုးစားပြီး ပြောင်းလဲသွားမယ်လို့
    တွေးထားပါတယ်။
    “It’s just a bad day not a bad life”
    ဒီစကားလေး ရေရွတ်ရင်းပေါ့။🤍
    #MorningNotes
    #WisdomCardDeck
    #WriteToShare
    #MonHalsey

  4. Motivated Yourself (verified owner)

    အရာရာဟာကိုယ်ဖြစ်ချင်သလိုပဲဖြစ်နေမယ်ဆိုရင် အဲ့ဒါကို ဘဝလို့မခေါ်ဘူး…….ဖြစ်ချင်တိုင်းဖြစ်ခွင့်ရနေတဲ့သူတွေရှိတော့ရှိတယ် ရှားလိမ့်မယ်….
    ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျကောင်းကျလိမ့်မယ် ဝမ်းနည်းကောင်းဝမ်းနည်းလိမ့်မယ်……ဘဝဆိုတာ မြင့်တစ်လှည့် နိမ့်တစ်လှည့် ငိုတစ်လှည့် ရီတစ်လှည့်ပဲ……ဘဝဇာတ်ခုံ အဖုံဖုံကြုံတွေ့နေရမှာပဲ…..
    ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာရင်တော့ကောင်းတာပေါ့……ဘဝမှာ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်ပိုင်ခွင့်ရှိတယ် ကြိုးစားပိုင်ခွင့်ရှိတယ် ……ဒါပေမယ့် ကိုယ်ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အခါ ကိုယ်ဘယ်လိုလက်ခံမလဲဆိုတာလည်း အရေးကြီးသေးတယ်…….
    Relationship မှာဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှာပဲဖြစ်ဖြစ်……တစ်ယောက်ယောက်ကိုပြောင်းလဲစေချင်တယ်…….ဒါပေမယ့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပြောင်းလဲယူလို့မရပါဘူး……ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ် လာတဲ့အခါ ကိုယ်ပဲခံစားရတယ် ကိုယ်ပဲထိခိုက်ကြေကွဲရတယ်…..ဒါပေမယ့်လည်း သေချာပြန်စဥ်းစားကြည့်ရင် သူကသူလေ ကိုယ်မှမဟုတ်ပဲ……ကိုယ့်စိတ်အတိုင်းတော့ဘယ်ဖြစ်နိုင့်ပါ့မလဲ……အဲ့ချိန်ကျရင် ကျွန်မတို့ လုပ်သင့်တာက မဖြစ်နိုင်တဲ့ အရာတွေကို မျှော်လင့်နေမယ့်အစား လွှတ်ချနိုင်ဖို့လိုပါတယ်……မလွှတ်ချနိုင်သေးသ၍ ကျွန်မတို့ ထိခိုက်ခံစားနေရဦးမှာပါပဲ……
    “အရာရာ….ကိုယ်ဖြစ်စေချင်သလို အမြဲတမ်းတော့လည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး….ဒီသဘောကို လက်ခံနိုင်ရင် စိတ်လွတ်မြောက်မှုရနေတာပါပဲ”…..That’s the point……ကျွန်မတို့ လက်ခံတတ်ဖို့ပဲလိုပါတယ်….ကျွန်မတို့လက်ခံနိုင်ပြီဆို စိတ်လွတ်မြောက်မှုကို ခံစားရမှာပါ……အဲ့ဒီချိန်ကျရင် ဘဝကလည်းပိုပြီး သက်တောင့်သက်သာဖြစ်လာပါလိမ့်မယ်….
    #MorningNotes
    #WisdomCardDeck
    #MonHalsey
    #motivatedyourself

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ