Welcome to the New Earth (ကမ္ဘာသစ်မှ ကြိုဆိုပါတယ်)
15000 (ကျပ်)
ကမ္ဘာသစ်ကိုသွားတယ်ဆိုတာက ရုပ်ရှင်တွေထဲကလို မြင်ကွင်းတွေပြောင်း၊ အရောင်တွေပြောင်းသွားတာမျိုးမဟုတ်ဘဲ လူအတော်များများရဲ့စိတ်မှာ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ခွင့်လွှတ်ခြင်း၊ စာနာနားလည်ခြင်း၊ ရိုင်းပင်းကူညီခြင်း၊ အသိဉာဏ်ပညာမြင့်မားခြင်းတို့ဟာ Collective Energy စုပေါင်းစွမ်းအားတစ်ခုသဖွယ် ရှိလာကြမှာဖြစ်တယ်။ ရင်ထဲမှာ ကောင်းမွန်တဲ့သတ္တိတွေ ကိန်းအောင်းလာမယ်။ အချင်းချင်းချိတ်ဆက်မိကြမယ်။ ပိုပြီးအေးချမ်းလာကြမယ်။ စိတ်လုံခြုံမှုရှိလာကြမယ်။ စိတ်လွတ်မြောက်မှုရှိလာကြမယ်။ ကောင်းတာတွေကို ပိုပြီးလုပ်ဖြစ်မယ်။ ဒါကပဲ ကမ္ဘာသစ်ကို ဆိုက်ရောက်ခြင်းဖြစ်ပါတယ်။
“ကမ္ဘာသစ်မှ ကြိုဆိုပါတယ်” ဆိုတဲ့ စာအုပ်ကို လက်က လှမ်းကိုင်မိလိုက်တာနဲ့ သင်ဟာ ကိုယ့်ရဲ့ကမ္ဘာသစ်ကို ဖန်တီးတည်ဆောက်ဖို့အတွက် ခရီးတစ်ခုကိုစတင်လိုက်ပါပြီ။
ဒီစာအုပ်ဟာ ကမ္ဘာသစ်ကိုသွားရာလမ်းအတွက် လမ်းပြမြေပုံတစ်ခုဖြစ်မယ်ဆိုရင် မိမိရဲ့အတွေးအမြင်၊ စိတ်နေစိတ်ထားတွေကို ပိုပြီးကျယ်ပြန့်စေဖို့၊ အကောင်းဘက်ကို ရောက်စေဖို့အတွက် မြေပုံပါပဲ။ အတွေးတွေကို အပြုသဘောဘက်ပြောင်းလဲရင်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ဒီစာအုပ်က လမ်းပြသွားပါလိမ့်မယ်။
| စာမျက်နှာ | 176 (Woodfree Paper – စက္ကူအဖြူ) |
|---|---|
| စာအုပ်အရွယ်အစား | 5.8x 0.3x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဇွဲသီဟစာပေ၊ 2025 မေလ (ပထမအကြိမ်) |
8 in stock








အမည်မသိ –
Good
Motivated Yourself –
“ကမ္ဘာသစ်ဆိုတာ မိမိ အတွင်းစိတ်ထဲမှာ ကိုယ်တိုင်ဖန်တီးရမယ့် အချစ်နဲ့ ငြိမ်းချမ်းမှု၊ ဉာဏ်ပညာနဲ့ လွတ်မြောက်မှု ဖြစ်ပါတယ်။ ” တဲ့
ကိုယ်သိပ်ကိုလိုချင်နေတဲ့ ကမ္ဘာသစ်လေးကို ဖန်တီးချင်ခဲ့တာကြာပီ….. သို့သော်လည်း မဖန်တီးနိုင်သေးဘူးဖြစ်နေတယ်…..ခုဆရာမ မွန်ဟော်စီရဲ့ Welcome to the New Earth စာအုပ်လေးဖတ်ပီး ကမ္ဘာသစ်ဖန်တီးဖို့ လမ်းစလေးတွေရှာတွေ့လာခဲ့တယ်…..
သူများကိုပြောင်းလဲချင်ရင် ကိုယ်ကိုယ်တိုင်က စတင်ပြောင်းလဲရတယ်မဟုတ်လား ….. အလင်းလေးတစ်စက်ကလည်း အမှောင်ထုကို ဖြိုခွင်းနိုင်သလိုပေါ့….. ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုပြောင်းလဲချင်ရင် ကိုယ်ကိုယ်တိုင်က စပီးပြောင်းလဲသင့်တယ်မဟုတ်လား……
ဆရာမရဲ့စာတွေ ဖတ်ပီး Energy တွေဆိုတာ ကူးစက်တတ်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ နားလည်သိရှိခံစားလာရတယ်….. New Earth မှာ လောဘ ဒေါသ မောဟ တွေမရှိပဲ ကိုယ်နဲ့ Energy တူတဲ့သူတွေနဲ့ ဘဝကိုဖြတ်သန်းချင်တယ်….. ကောင်းမွန်တဲ့ လူအဖွဲ့အစည်း အသိုင်းအဝိုင်းလေးကို ဖန်တီးချင်သေးတယ်…..
ကိုယ့်ရဲ့ New Earth လေးဖန်တီးဖို့ ကိုယ့်ရဲ့အတွေးတွေကို ကိုယ်ကစတင်ပြောင်းလဲမယ်၊ ကောင်းမွန်တဲ့ အတွေးအမြင်လေးတွေနဲ့ ကိုယ့်ရဲ့ ကမ္ဘာသစ်ကို တည်ဆောက်သွားမယ်၊ စိတ်ခံစားချက်တွေကို Balance ညီအောင် ညှိပီးနေထိုင်သွားမယ်၊ ကျေးဇူးတရားလေးနဲ့ တစ်နေ့စာ တစ်နေ့ဖြတ်သန်းမယ်၊ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အရာတွေ အတွေးအခေါ်တွေ ဆက်ဆံရေးတွေကို လွှတ်ချမယ်…..ဒီလောက်ဆို ကျွန်မရဲ့ ကမ္ဘာသစ်ကိုခြေလှမ်းစဖို့ အဆင်သင့်ဖြစ်နေပါပီ…..
ကမ္ဘာသစ်ကြီးကတော့ ကျွန်မတို့ကို ကြိုဆိုနေပါတယ်…. ကျွန်မတို့သာ အတွေးအမြင်လေးတွေပြောင်းပီး ကမ္ဘာသစ်မှာ အေးချမ်းပျော်ရွှင်စွာနေဖို့ပါပဲ…..
Thae JM