စိတ်ကို အဆိပ်ထုတ်ခြင်း
12000 (ကျပ်)
စိတ်ပေါ့ပါးဖို့က ပိုအရေးကြီးတယ်။
ရုပ်ကောင်းဖို့ထက် စိတ်ကောင်းဖို့က အရေးကြီးတယ်။
ရုပ်ကိုပြင်ဖို့ထက် စိတ်ကိုပြင်ဖို့က အရေးကြီးတယ်။
ရုပ်ကို အဆိပ်ထုတ်ဖို့ထက်
စိတ်ကိုအဆိပ်ထုတ်ဖို့က ပိုအရေးကြီးတယ်။
အတွေးတွေဟာ ဦးနှောက်အတွက် အစာအာဟာရတွေပဲ ဖြစ်ပါတယ် …
Thoughts are food for the brain.
Detox အဆိပ်ထုတ်ခြင်းဆိုတာဟာ ကိုယ့်ကို အန္တရာယ်ဖြစ်စေတဲ့ မကောင်းသောအရာတွေကို ရှင်းသန့်သွားအောင် ဆေးကြောပစ်ပြီး ကျန်းမာတဲ့ အနေအထားတစ်ခုကို ပြန်ရောက်လာအောင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
စိတ်ကို အဆိပ်ထုတ်ခြင်း ဆိုတာဟာလည်း ဒီသဘောအတိုင်းပါပဲ။ Detox Program တွေ ခေတ်စားလာတယ်ဆိုပေမယ့် အများစုဟာ ကိုယ့်ခန္ဓာကိုယ်ကိုပဲ Detox လုပ်ဖို့ စိတ်ဝင်စားတတ်ကြပြီး တကယ်အရေးကြီးတဲ့ စိတ်ကိုတော့ Detox လုပ်ပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။
ရက် ၃၀ လောက်လေ့ကျင့်လိုက်တယ်ဆိုရင်ပဲ ဦးနှောက်ရဲ့ တွေးခေါ်ပုံ တွေးခေါ်နည်းတွေ၊ စဉ်းစားပုံ စဉ်းစားနည်းတွေ ပြောင်းလဲသွားတတ်တယ်ဆိုတဲ့ သီအိုရီတွေကို အခြေခံပြီး ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 143 (Hard Cover) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 × 0.5 × 7.5 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2026 ခုနှစ် ဇူလိုင်လ (19 အကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 25.7.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 12000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
22 in stock









TA LA (verified owner) –
အားလုံးပဲ မင်္ဂလာပါ 🍀
သူငယ်ချင်းတို့အားလုံးအတွက် အရမ်းအထောက်အပံ့ဖြစ်စေမဲ့
စာအုပ်လေး တစ်အုပ်အကြောင်း ပြောပြပေးချင်ပါတယ်။
စာအုပ်လေးကတော့ လက်ရှိ ၁၅ ကြိမ်မြောက်ထိ
ရိုက်ထုတ်ထားပြီး အုပ်ရေပေါင်း ၂၀၀၀၀ ကျော် စာဖတ်သူတွေရဲ့ အားပေးခြင်းခံရတဲ့ ဆရာမ မွန်ဟော်စီရဲ့
” Mental Detox ဆိုတဲ့ စိတ်ကို အဆိပ်ထုတ်ခြင်း” စာအုပ်လေးပဲ ဖြစ်ပါတယ်။
Detox ဆိုတဲ့ စကားလုံးနဲ့တော့
အားလုံး ရင်းနှီးပြီးသားလို့ ထင်ပါတယ်။
စာအုပ်ထဲမှာ Detox ဆိုတဲ့စကားလုံးကို ဆရာမက “အဆိပ်တွေ၊ အညစ်အကြေးတွေ စင်ကြယ်သွားအောင် ထုတ်ပစ်တယ်” လို့ အနီးစပ်ဆုံး ဘာသာပြန်ထားပါတယ်။
အားလုံးလည်း သိကြမှာပါ၊
အခုခေတ်မှာ ဝိတ်လျှော့ချင်တဲ့သူတွေဆို
အသီးမျိုးစုံထည့်စိမ်ထားတဲ့ ဆေးရည်တွေကို
သောက်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အညစ်အပုပ်တွေ
ကုန်စင်သွားအောင် အဆိပ်ထုတ် သန့်စင်ကြတယ်။
အဲ့ဒီလိုပဲ ဒီစာအုပ်ထဲမှာလည်း မိမိဘဝ စင်ကြယ်လှပကျန်းမာနေအောင် ဘယ်လို Detox တွေ လုပ်ရမလဲဆိုတာကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။
စာအုပ်ထဲမှာတော့ …..
၁။ Environmental Detox
ဒီပထမပိုင်းမှာ ကျွန်တော်တို့ နေ့စဉ်ကျင်လည်နေရတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ဘဝရှင်သန်မှုအပေါ်ဆိုးကျိုးဖြစ်စေတဲ့ ဘယ်အရာတွေကို
ဘယ်လို ရှင်းလင်းသန့်စင်သင့်သလဲဆိုတဲ့
အကြောင်းတွေကို ဖတ်ရှုရမှာပါ။
၂။ Physical Detox
ဒုတိယပိုင်းမှာတော့ ကျန်းမာလှပပြီး ပျော်ရွှင်ဖို့အတွက် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကျွန်တော်တို့ ကျင့်ကြံလိုက်နာလို့ရမယ့် အလေ့အကျင့်ကောင်းလေးတွေအကြောင်းကို ဖတ်ရမှာပါ။
၃။ Emotional Detox
ဒီတတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ စိတ်တွင်းသန့်စင်ကျန်းမာပြီး စိတ်ချမ်းသာဖို့အတွက် ကိုယ့်စိတ်ကို ဘယ်လိုသန့်စင်ကြမလဲဆိုတဲ့ အကြောင်းကို လေ့လာရမှာပါ။
၄။ Tips for mental detoxification
နောက်ဆုံးအပိုင်းမှာတော့ Mental Detox အတွက်အကြံပြုချက်လေးတွေ လုပ်ဆောင်ရမယ့်အဆင့်တွေကို လိုတိုရှင်း ပြောပြထားပါတယ်။
တကယ်တော့ Mental Detox လို့ဆိုလိုက်ရင်
ကျွန်တော်တို့ အပေါ်က ပြောထားတဲ့ ကျွန်တော်တို့နဲ့ ပတ်သက်နေတဲ့ Environmental/ Physical/ Emotional ၃ ခုလုံးကို Detox လုပ်ရမှာပါ။
ဒီ ၃ ခုလုံးကို Balance ဖြစ်အောင် Healthy ဖြစ်အောင် Detox လုပ်နိုင်မှ ကျွန်တော်တို့ Mental Detox Process တစ်ခုလုံး အောင်မြင်တယ် ပြောလို့ ရမှာပါ။
Environmental ရော Physical ရော Emotional ရောက ကျွန်တော်တို့ Mental health လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။
ဒါ့ကြောင့် ဒီအရာတွေ သန့်စင်ကျန်းမာနေမှသာ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှသာလျှင် ဒီစိတ်က ထိန်းကွပ်မောင်းနှင်နေတဲ့ ဒီခန္ဓာကြီး ကျန်းမာပြီး
လုပ်ငန်းဆောင်တာတွေကို အောင်မြင်စွာ စွမ်းဆောင်နိုင်မှာပါ။
ဒီစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ( Mental Health ) အတွက် အဓိက Inputs တွေ ရယူနေတဲ့
ဒီ Environmental/ Physical/ Emotional တွေ
အဆိပ်မသင့်နေဖို့ရာ ၊ အဆိပ်သင့်ခဲ့ရင်လည်း
ပြန်လည် သန့်စင်ပေးတဲ့ Detoxifications တွေ လုပ်ပေးဖို့ရာ လိုအပ်ပါတယ်။
Detoxifications အတွက် သူ့သက်ဆိုင်ရာကဏ္ဍမှာလုပ်ဆောင်ရမယ့်အရာတွေရှိပေမဲ့ အားလုံးကို
ချုံ့ပြီး ပြောရမယ်ဆိုရင် အဓိကအကျဆုံးအချက်ကတော့ Mindfulness ပဲ ဖြစ်ပါတယ်။
Mindfulness က ကျွန်တော်တို့ လက်ခံရယူလာတဲ့ Inputs တွေပေါ် မူတည်ပြီး စိတ်မှာပေါ်လာတဲ့တွေးလုံးတွေကို စိစစ်သန့်စင်ပေးတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဒီအရာတွေဟာ ပြောတော့သာ လွယ်တယ်ထင်ရပေမဲ့ တကယ်တမ်း လုပ်ဆောင်တဲ့အခါ ခက်ခဲနေတတ်တော့ လက်လျှော့ပြီး လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလို Mental Health အတွက် တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာ ခက်ခဲနေတဲ့သူတွေအတွက် နွေးထွေးလုံခြုံစွာ Supporting
ပေးနေတဲ့ Organizations တွေအများကြီး ရှိပါတယ်။
ဒီထဲကမှ ကျွန်တော်သိတဲ့ဟာဆိုရင်
HOPE – Mental Health and Psychosocial Support ရှိမယ်။
HOPE မှာ Mental health နဲ့ Psychosocial Support အတွက်
Free အနေနဲ့ services တွေ ပေးနေတာ ရှိပါတယ်။
Dialing ☎️ နဲ့ Texting 💬 ဆိုပြီး Services ၂ မျိုးပါ။
ကျွန်တော်ကတော့ Texting Service ယူဖူးတယ်။
တကယ်လည်း စိတ်ထွက်ပေါက်တစ်ခုရတယ်
စိတ်ထဲမှာ ပေါ့သွားသလို ခံစားရလို့ ကျေနပ်ခဲ့ရပါတယ်။
တခြားဒီလို Organizations တွေလည်းအများကြီး ရှိပါသေးတယ်။
အကူအညီလိုခဲ့လို့ရှိရင် လက်လှမ်းမီရာကို တိုင်ပင်ဆွေးနွေးဖို့
တွေဝေမနေဖို့ဘဲ အကြံပြုပါရစေ။
ဘာလို့လဲဆိုတော့ ဒီစိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှသာ ကျွန်တော်တို့ဟာ လောကဓံတွေကို အားအင်အပြည့်နဲ့ ရင်ဆိုင်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကိုရရှိနိုင်မှာပါ။
ဒီစာအုပ်ကို ဖတ်ပြီးသွားရင်လည်း စိတ်၏သက်သာရာ
စိတ်၏လွတ်မြောက်ရာ စိတ်၏ကျေနပ်ပျော်ရွှင်ငြိမ်းချမ်းရာ
အထောက်အပံ့တစ်စုံတစ်ရာ ရရှိမယ်လို့လည်း
မျှော်လင့်ပါတယ် ခင်ဗျ။
နောက်ဆုံးတစ်ခုမှာချင်တာကတော့
ကျွန်တော်တို့အားလုံး မည်သူမဆို ပျော်ရွှင်ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်ပါတယ်။
22.09.2023
Your Beautiful Pixel With Metta :
TALA | Take A Look Around
#စိတ်ကိုအဆိပ်ထုတ်ခြင်း #မွန်ဟော်စီ
#MentalDetox #MonHalsey
#BeKindForEveryoneWithTala
#HOPE_MHPSS #HOPE
#TALA #TakeALookAround