Pann Satt Lann Books

မင်္ဂလာပါ… ဝန်ဆောင်မှုများစွာဖြင့်

ပန်းဆက်လမ်းမှ ကြိုဆိုပါသည်

 

 

 

 

စာအုပ်ဖုံး စာမှတ်ကတ် အခမဲ့လက်ဆောင်

စာအုပ်တစ်အုပ်စီတိုင်းအတွက် စာမှတ်ကတ်နှင့် ပလတ်စတစ်စာအုပ်ဖုံးလေးကို တစ်သက်တာလက်ဆောင်အဖြစ် အခမဲ့ရရှိမှာဖြစ်ပါတယ်။ ဖတ်လက်စနေရာကို အလွယ်တကူ မှတ်သားနိုင်စေဖို့နှင့် စာအုပ်တွေကို ညစ်နွမ်းမသွားစေဘဲ တစ်သက်တာ သိမ်းဆည်းထားနိုင်ဖို့ ဖြစ်ပါတယ်…

 

ပို့ဆောင်မှုခြေရာခံစနစ်

မိမိမှာယူထားသည့် စာအုပ်များကို စတင်ပို့ဆောင်သည့်အချိန်မှစ၍ ပို့ဆောင်မှုအခြေအနေကို အချိန်နှင့်တပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။ မိမိအကောင့်-ဝယ်ယူခဲ့သောစာအုပ်များ-ကြည့်မယ် နေရာတွင် စာအုပ်စတင်ပို့ဆောင်ချိန်မှစ၍ ပို့ဆောင်မှုခြေရာခံ link ကို ပေးပို့ပေးထားမှာဖြစ်ပြီး အလွယ်တကူကြည့်ရှုနိုင်ပါတယ်။ (ပန်းဆက်လမ်းအကောင့်ဝင်ထားဖို့တော့ လိုအပ်ပါသည်)

ပြည်တွင်းပို့ဆောင်မှုစနစ်

  • အိမ်အရောက်ပို့စနစ် –  မြန်မာပြည်အနှံ့ မြို့ကြီးများစွာသို့ အိမ်အရောက်ဖြင့် ပို့ဆောင်ပေးပါသည်။ ရွာများကဲ့သို့ ပေးဝေနယ်ပြင်ပမှာ မှာယူပါက အနီးဆုံးမြို့ရှိ ပို့ဆောင်ရေးလုပ်ငန်းရုံးခွဲများသို့ အလွယ်တကူ သွားရောက်ယူနိုင်ပါသည်။
  • ကားဂိတ်ပို့စနစ် – (မှာယူသူသွားရောက်ထုတ်ယူနိုင်မည့် အနီးဆုံးမြို့နယ်ကားဂိတ်သို့ ပို့ဆောင်ပေးပါသည်)

 

နိုင်ငံတကာပို့ဆောင်မှုစနစ်

  • ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၈၃ နိုင်ငံအထိ ပို့ခသက်သာသော International Postal Service ဖြင့် နိုင်ငံစုံလင်စွာ စာအုပ်များအရောက်ပို့ဆောင်ပေးပါသည်…
  • စာအုပ်ဈေးနှုန်းများမှာ ပြည်တွင်းတိုက်ထုတ်ဈေးနှုန်းများအတိုင်းသာဖြစ်ပြီး ကြိုတင်ငွေလွှဲစနစ်ဖြင့် မှာယူနိုင်ပါသည်။ 
  • နိုင်ငံအကွာအဝေးပေါ်မူတည်၍ အမှာအတည်ပြုပြီးချိန်မှ ၅ ရက်မှ ၁၅ ရက်ခန့် ပို့ဆောင်မှုကြာမြင့်မှာဖြစ်ပါသည်…

 

ပို့ခနှုန်းထား

  • ပြည်တွင်းပို့ အခြေခံပို့ခမှာ ပထမတစ်အုပ် ၂၀၀၀ ကျပ် + ထပ်တိုးတစ်အုပ် ၁၀၀ ကျပ် ဖြစ်ပါသည်။ လေကြောင်းပို့/နှစ်ဆင့်ပို့ မြို့တချို့အတွက်သာ ပို့ခအနည်းငယ် ပိုနိုင်ပါသည်…
  • အရေအတွက်များပြားသည့်စာအုပ်များကို ကားဂိတ်ပို့စနစ်ဖြင့် ပို့ဆောင်မှာဖြစ်ပြီး ပို့ခမှာ ကားဂိတ်မှသတ်မှတ်သည့် တန်ဆာခနှုန်းထား သာဖြစ်ပါသည်။
  • ပြည်ပပို့ဆောင်မှုအတွက် ပို့ခမှာ အလေးချိန်နှင့် နိုင်ငံအကွာအဝေးပေါ်မူတည်ကောက်ခံသည့် နှုန်းထားဖြစ်ပါသည်…

ငွေပေးချေမှု

  • စာအုပ်ရောက်ငွေချေစနစ် (စာအုပ်လက်ဝယ်ရောက်ရှိမှ လာရောက်ပေးပို့သူကို ကျသင့်ငွေ ပေးချေရပါမည်။)
  • ငွေကြိုလွဲစနစ် (ကားဂိတ်စနစ်ဖြင့် မှာယူပါက ကျသင့်ငွေကို စာအုပ်မပို့ခင် ငွေကြိုလွဲစနစ်ဖြင့် ပေးချေရပါမည်။ ငွေလွဲလက်ခံသည့် စနစ်များမှာ –
    – Mobile Banking (KBZ, AYA, CB)
    – Wave Money, KBZ Quick Pay, စသည့် ပြည်တွင်းငွေလွှဲစနစ်များဖြင့် ငွေကြိုလွှဲပေးချေနိုင်ပါသည်…

ပို့ဆောင်မှုကြာမြင့်ချိန်

  • အမှာအတည်ပြုပြီးချိန်မှ ၂ နာရီအတွင်း ထုပ်ပိုးပြီးစီး။ (ရုံးဖွင့်ရက်) ၂၄ နာရီ အတွင်း စတင်ပို့ဆောင်ပါမည်….
  • ရန်ကုန်မြို့တွင်း (၃ ရက်မှ  ၅ ရက်) အတွင်း
  • နယ်မြို့များ (၅ ရက်မှ ၇  ရက်) အတွင်း
  • ပြည်ပနိုင်ငံများ (၅ ရက်မှ ၁၅)  ရက် အတွင်း မှာယူထားသည့် စာအုပ်များ ရောက်ရှိလာမှာဖြစ်ပါသည်။

စာကြည့်တိုက်၊ ကိုယ်စားလှယ်အထူးနှုန်း

  • ပရဟိတအသင်းအဖွဲ့များနှင့် စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းလိုသူများအတွက် စာအုပ်တိုင်းကို ၁၅% လျော့ ၍ ဝန်ဆောင်မှုဆောင်ရွက်ပေးပါသည်…
  • စာအုပ်ပြန်လည်ရောင်းချလိုသူ ကိုယ်စားလှယ်များအတွက်လည်း ကိုယ်စားလှယ်အထူးနှုန်းထား ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်…

တာဝန်ယူမှုများ

  • ပန်းဆက်လမ်းမှ ပို့ဆောင်ပေးသည့် စာအုပ်များတွင် ထိခိုက်ပျက်စီးမှုများပါရှိပါက (၃) ရက်အတွင်းအကြောင်းကြားနိုင်ပါသည်။ စာတိုက်/ပုဂ္ဂလိက Delivery Service များမှ ပြန်လည်ပေးပို့နိုင်ပြီး အသစ်တစ်အုပ်ကို ပို့ခမဲ့ တာဝန်ယူ လဲလှယ်ပေးပါသည်…
  • မြေပြင်ဆိုင်များ/Offline မှ ဝယ်ယူသည့် ပန်းဆက်လမ်းတိုက်ထုတ် စာအုပ်ဖြစ်ပါက ဝယ်ယူသည့်ဆိုင်တွင် သွားရောက်လဲလှယ်နိုင်ပါတယ်။ (သို့မဟုတ်) ပန်းဆက်လမ်း စာအုပ်တိုက်တွင် Error စာအုပ်ကိုပေး၍ အသစ်တစ်အုပ်ဖြင့် လဲလှယ်ပေးပါမည်။
  • စာအုပ်မှားယွင်းပေးပို့မှု ဖြစ်ပေါ်ပါက မှားယွင်းပေးပို့သည့် စာအုပ်အတွက် စာအုပ်တန်ဖိုးနှင့် ပို့ခကို မှာယူသူသို့ ပြန်လည်ပေးအပ်ပေးပါမည်…
  • ရက်(၃၀) အတွင်း ဝယ်ယူထားသည့် စာအုပ်များတွင် ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ထိခိုက်မှုများပါရှိပါက အခမဲ့ ပြန်လည်လဲလှယ်ပေးပါသည်။ 
0
    0
    လူကြီးမင်း၏စျေးခြင်း
    စျေးခြင်းထဲထည့်ထားသည့်စာအုပ်မရှိသေးပါစာအုပ်များကြည့်မည်