ဒီလိုလူတွေနဲ့
Review by Zar Ga Nar
ဒေါက်တာခင်မောင်ညိုရဲ့ ဒီလိုလူတွေနဲ့ ဘဝမှတ်တမ်းစာအုပ်ထွက်လာပါတယ်။ ဖေစ်ဘွခ်ပေါ်ကစာတွေလို့လဲဆိုပါတယ်။ ဆရာ့ဘဝတလျောက်ဖြတ်သန်းခဲ့သမျှမှတ်တမ်းတင်ထားတာမို့ စာမျက်နှာလေးရာ့ငါးဆယ်ကျော်အထူကြီး ဖတ်ရပါတော့တယ်။ ဆရာ့ဘဝရဲ့ မီးတိုင်က ပညာပါပဲ။ တဘဝလုံးပညာနဲ့ရပ်တည်တာ။ ခုလိုအသက်ရှစ်ဆယ်ကျော်သည်ထိပညာနဲ့နေထိုင်သူပါ။ ငယ်ငယ်ကဖိနပ်မပါပဲ ကျောင်းတက်ခဲ့သူဟာ အင်္ဂလန်ကနေPhD ဒေါက်တာဘွဲ့ရခဲ့တဲ့အထိ။ ဘယ်လိုဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ဆင်ခြင်စရာပါ။ ၁၉၉၀မှာကျောင်းဆရာဘဝကထွက်ခဲ့ပေမဲ့ပညာနဲ့ပဲဆက်ရပ်တည်တယ်။ မဆလ…




