ဘာသာပြန်ထားတာ ရှင်းလင်းပြေပြစ်တော့ ဖတ်လို့ လွယ်ကူပါတယ်။ Liz ကို အိမ်ရာမဲ့ဘဝကနေ ပညာရေးကို ပြန်ကြိုးစားပြီး ဟားဗတ်အထိ ရောက်စေခဲ့တာ ဆေးစွဲနေတဲ့ မိခင်ရဲ့ မေတ္တာ၊ ဖခင်ရဲ့ ထက်မြက်တဲ့ ဦးနှောက်ကို အမွေခံခဲ့လို့အပြင်၊ သူငယ်ချင်းတွေနဲ့ ဆရာတွေကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းစောင့်ရှောက်ကူညီကြတာလည်း ပါပါလိမ့်မယ်။ အဓိကကတော့ Liz ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်ချင်စိတ်နဲ့ အမေနဲ့အဖေလို အဆုံးသတ်ရမဲ့ ဘဝကို လက်ခံဖို့ ငြင်းပယ်ခြင်းပဲလို့ ထင်ပါတယ်။ ဘာသာပြန်သူရော ထုတ်ဝေသူရောကို ကျေးဇူးတင်ပါတယ်။ လူငယ်လူရွယ်နဲ့ မိဘတွေ အထူးဖတ်ရှုသင့်ကြောင်း အကြံပြုပါတယ်။