သုခမြေပုံ
ချမ်းမြေ့ဝင်း
မထင်မှတ်ပဲဝယ်မိရာက အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်သွားတာ၊ အခြားစာအုပ်ဝယ်ရင်း ဒါလဲဖတ်ကြည့်မယ်ဆိုပြီး စမ်းဝယ်ကြည့်ရင်း ဘာသာပြန်ဆရာကော မူရင်းရေးသားသူပါကြိုက်သွားတယ်။ဘာသာပြန်စာအုပ်ကြိုက်တဲ့သူဆိုတော့ တော်တော်ဇီဇာကြောင်တယ်။ မူရင်းကနာမည်ကြီးနေရင်တောင် ဘာသာပြန်မကောင်းရင် တော်တော်စိတ်ညစ်ရလို့ သူများကောင်းတယ်ဆိုတောင် တန်းမဝယ်ဘူး စာမြည်းတွေလျှောက်ဖတ်သေးတာ။ မူရင်းလဲကောင်းသလို ဘာသာပြန်ဆရာချမ်းေမြ့ဝင်းရဲ့ ရှင်းလင်းပြေပြစ်ထိမိတဲ့အရေးသားတွေကြောင့် ဘာသာပြန်လို့တောင်မခံစားပဲ မူရင်းစာရေးသူနဲ့တသားတည်းခံစားရတယ်








