ပါပီလွန်နှင့် ဗင်ကို
Review by Nyan Lin Htet
ပါပီလွန် နှင့် ဗင်ကို ဆိုတဲ့ဒီစာအုပ်ကိုကျွန်တော်မနက်ကမှဖတ်ပြီးသွားတာပါ အရမ်းဖတ်လို့ကောင်းတယ်လို့ပြောလို့ရပါတယ် အမှန်ဆိုရင်တစ်ထိုင်တည်းဖတ်ချင်ပေမဲ့ တခြားအလုပ်တွေကမဖြစ်မနေလုပ်ရမှာမို့ နှစ်ရက်ခွဲ ပြီးဖတ်ဖြစ်ခဲ့ပါတယ် စာဖတ်ဝါသနာပါသူတွေ စာအုပ်စုဆောင်းသူတွေအနေနဲ့ ပညာလည်းရသလို ဗဟုသုတတို့ ရသတို့ကိုအပြည့်အဝပေးနိုင်တဲ့ယခုလိုစာအုပ်မျိုးတွေဖတ်ကြည့်သင့်ပါတယ် ဒီစာအုပ်ကယောင်္ကျားတစ်ယောက်ရဲ့ ဇွဲ ကောင်းမှုတွေ လောကဓံကိုအရှုံးမပေးဘဲရင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်လူတစ်ယောက်အကြောင်းကိုရေးထားတာပါ ပါပီလွန်ဟာချစ်ရသူတွေများစွာခွဲခွာခဲ့တယ်…




