"အတိတ်များသည် အရိပ်ပမာ
အားလုံး၏နောက်မှာ
ကပ်၍လိုက်ပါနေဆဲ ...
လောလောဆယ်မှာတော့
ခြေသံလေးပဲ နားစွင့်ခဲ့ရပြန်ပြီပေါ့ ...
ချစ်သောနှင်းဆီ ..."

တက္ကသိုလ်နောက်ခံစာအုပ်တွေဖတ်တိုင်း
လွမ်းစရာရယ်မောစရာဝမ်းနည်းစရာအတိတ်တွေအပြင်တချိန်ကဆုံတွေ့ဖူးခဲ့တဲ့သူငယ်ချင်းဟောင်းတွေကိုပါသတိရစေတာပါပဲ💗ဆရာမဝေရဲ့နှင်းဆီခြေသံစာအုပ်လေးဖတ်မိတော့စိတ်တွေက
စာအုပ်ထဲက မေ, မော် , မိုး , ခမ်း သူငယ်ချင်းတွေနောက်ပါသွားလိုက်
ကိုယ့်သူငယ်ချင်းတွေဆီရောက်သွားလိုက် အတွေးတွေကမတည်မငြိမ်နဲ့
ပေါ့လေ... လွမ်းစရာတော့ကောင်းသား 💗ပထမနှစ်စတက်ခါစက မော်တို့သူငယ်ချင်းအဖွဲ့ စားရတဲ့ ပိုးထမင်းတို့..စာမေးပွဲနားနီးရင်ကြုံရတဲ့
စိတ်ခြောက်ခြားစရာအဖြစ်အပျက်တွေ,
အဆောင်ရှေ့ကဂစ်တာသံချိုချိုတွေ,
ကျောင်းမပြီးခင် စာသင်နှစ်တဝက်တပျက်နဲ့ ကြုံရတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ နောက်ပြီး နုနယ်တဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ ရင်ခုန်တတ်စအရွယ်ကိုယ်စီကြုံတွေ့ရတဲ့အချစ်ရေးလေးတွေ အခြေအနေမတူကြ စိတ်တွေမညီကြပေမဲ့ တယောက်အပေါ်တယောက်ချစ်ခင်ရိုင်းပင်းကူညီတတ်ကြတာလေးတွေဖတ်ရတာကြည်နူးစရာကောင်းတယ်💗
ဘဝကိုယ်စီ လမ်းအသီးသီးကိုလျှောက်လှမ်းကြရတဲ့အခါ ပြန်ဆုံတွေ့ဖို့မလွယ် တွေ့ကြပြန်တော့လည်းရင်ဘတ်ချင်းရင်းနှီးခဲ့ကြတဲ့နှင်းဆီသူလေးတွေ
အရင်လိုပဲ ရင်ခုန်သံတွေနွေးထွေးဆဲ...
ဖတ်မိသူကိုယ်တိုင်လည်းတက္ကသိုလ်ကသူငယ်ချင်းတွေကိုသတိရမိပြန်တယ်💗
ဆုံဖြစ်တဲ့သူငယ်ချင်းတွေနဲ့ဆိုရင်အခုချိန်ထိစကားတွေကပြောလို့မကုန်ဘူး
ဖုန်းပြောရင်လည်း အကြာကြီး အပြင်မှာတွေ့လည်းအကြာကြီးဆိုတာမျိုး စိတ်နှလုံးတွေ နွေးထွေးဆဲပါပဲ...
မော်တို့သူငယ်ချင်းတစုလိုအပြင်မှာလည်းပြန်တွေ့ချင်သေးတာပေါ့လေ....
ခရီးတွေလည်းတူတူသွားချင်ပါသေးတယ် တနေ့နေ့ပေါ့... 💗