#ထိုသူတို့ရဲ့ကြယ်ရောင်စုံအိမ်မက်
#THEHIDDENLIVESINBAGAN
#မေ(ပညာရေး)
"ကြယ်တွေမှာအရောင်စုံရှိတယ်ဆိုလို့
ကျွန်မကောင်းကင်ကြီးကိုထိုင်ငေးကြည့်ဖူးတယ်
ဒါပေမဲ့ကျွန်မမတွေ့ခဲ့ဘူး...ဘာဖြစ်လို့လဲဆိုတော့
ကျွန်မကကြယ်တွေကိုအဝေးကနေကြည့်နေမိတာလေ...အခုတော့ကျွန်မ ကြယ်တွေရဲ့အနီးဆုံးကို
ရောက်ခဲ့တယ်...ကြယ်တွေအရောင်စုံရှိတယ်ဆိုတာ
ကျွန်မသေချာသိခဲ့ရပါပြီ..."
ဒီစာအုပ်လေးထဲကကြယ်ကလေးတွေကတော့
အိမ်မက်ကိုယ်စီနဲ့အလင်းလက်ဆုံးတောက်ပနေကြတာပါပဲသူတို့လေးတွေကိုပုဂံဘုရားဖူးသွားကြရင်
တွေ့ဖို့လွယ်ပါတယ်ကားပေါ်ကဆင်းတဲ့အခါဘုရားပေါ်တက်တဲ့အခါအနားကိုလာကြတာ
အုပ်စုလိုက်ကြီးပေါ့ကိုယ်တိုင်ကတော့
ခပ်ငယ်ငယ်တုန်းကသွားတာဆိုတော့
သူတို့အပေါ်စိတ်ဝင်စားမှုအာရုံလည်းသိပ်မရှိခဲ့ပါဘူးသူတို့လေးတွေရဲ့ဘဝတွေအိမ်မက်ကိုယ်စီကိုတော့
ဒီစာအုပ်လေးဖတ်မှမြင်မိခံစားမိလာရပါတယ်ဆရာမမေ(ပညာရေး)ရေးမှသိမြင်ရတဲ့အတွက်ဆရာမကိုလည်းကျေးဇူးတင်မိပါတယ်သူတို့ရဲ့
ဘဝလေးတွေမှာဧည့်သည်တွေကိုပဲအမှီပြုပြီး
အလုပ်လုပ်နေကြရတာအရွယ်လေးတွေကငယ်ငယ်လေးတွေရောအရွယ်ရောက်နေသူတွေရောအစုံပါပဲ
ဆရာမကသူတို့လေးတွေနေရာကနေဇာတ်လမ်းပုံစံလေးတွေရေးထားတော့ဖတ်ရတာဝတ္ထုတိုလေးတွေလိုပဲတပုဒ်ဆိုတပုဒ်တယောက်ဆိုတယောက်စိတ်ဝင်စားစရာကောင်းပါတယ်သူတို့အိမ်မက်လေးတွေလည်းအမှန်တကယ်
ပြည့်မြောက်စေချင်ပါတယ်
အေးချမ်းတဲ့တနေ့ပုဂံထပ်သွားဖြစ်တဲ့အခါကျရင်တော့ပုဂံကကြယ်ကလေးတွေကိုတွေ့ဖူးချင်ပါသေးတယ်❤️
#reviewby하은