ဒီနေ့ဖတ်ဖြစ်တဲ့ စာအုပ်လေးက
ဂျာနယ်ကျော်မမလေးရဲ့
"သွေး" ဆိုတဲ့ စာအုပ်လေးပါ။

ကျွန်မက အစတည်းက ဂျာနယ်ကျော်
မမလေးစာအုပ်တွေ ကြိုက်တဲ့သူမို့လား
မသိဘူး။

ဒီစာအုပ်လေးလည်း
ဖတ်ရတာ သဘောကျနေရောပဲ။🥰

"ယုမိစံ"နဲ့ "မောင်မောင်" တို့ရဲ့
အဖေတူ အမေကွဲ မောင်နှမ သံယောဇဥ်ကို ပေါ်လွင်အောင် ရေးသားထားတဲ့
စာအုပ်လေး။

အစပိုင်းမှာတော့ ငယ်စဥ်ကတည်းက
ဂျပန်ကို အမုန်းကြီးမုန်းနေတဲ့
မောင်မောင်.... ။

မောင်လေးကိုတွေ့ဖို့ ဂျပန်ပြည်ကနေတကူးတက မြန်မာပြည်ကို လာရှာတဲ့
အစ်မကိုလည်း ကြည့်မရတွေဖြစ်...

သူ့ကို ခေါ်ယူ မွေးစားထားတဲ့
အကိုကြီး ကိုသက်လွင်ကိုလည်း
"ယုမိစံ"က အပိုင်ဖမ်းတယ်လို့ထင်ပြန်...

အမမေတ္တာတွေကို နားမလည်ဘူးဖြစ်နေလည်း အမဖြစ်သူက မေတ္တာမပျက်၊
ချစ်ခင်လျက်ပဲ။

မောင်မောင်တို့အဖေ ဂျပန်စစ်ဗိုလ်ကြီး
ခမျာလည်း သနားဖို့ကောင်းတယ်။

ဆုံးပါးခါနီး မြန်မာပြည်က မိန်းမနဲ့
သားကိုတမ်းတနေခဲ့တာရယ်။

မဆုံးပါးခင် ရေးထားခဲ့တဲ့
ကဗျာလေးတွေကို ဖတ်ပြီးတော့လည်း
မျက်ရည်ဝဲမိတယ်။

အဆုံးသတ်မှာ "မောင်မောင်"
အမြင်မှန်ရပြီး "မမ"ကို လေဆိပ်မှာ
လိုက်နှုတ်ဆက်တဲ့အချိန် ကိုယ်ပါ
ငိုရတော့တယ်။

ဂျစ်ကန်ကန် "မောင်မောင်"တစ်ယောက်
သူ့အပေါ်ထားတဲ့ အစ်မဖြစ်သူရဲ့ မေတ္တာ၊
ဖခင်မေတ္တာတွေကိုပါ နားလည်
သဘောပေါက်သွားလို့ပါပဲ။❤️

မောင်နှမနှစ်ယောက် မျက်နှာချင်းဆိုင်စကားတွေ ပြောစေချင်သေးတာ....။

မမ နောက်တစ်ခေါက် ဂျပန်ကနေ
ပြန်လာတဲ့အခါ မောင်နှမတွေ
(ကိုသက်လွင် အပါအဝင်)အတူတူ ထမင်းလက်ဆုံ စားရင်း ရယ်ရယ်မောမော စကားတွေ ပြောနေကြတဲ့ပုံရိပ်ကို မြင်ယောင်ကြည့်ရင်းပေါ့လေ။

ကိုယ့်ဘာသာ အတွေးထဲမှာ ထပ်ပြီး
ဆုံစေချင်သေးတာရယ်ကြောင့်ပါ။🥰

တော်တော်များများတော့
ဖတ်ဖူးကြမယ်ထင်ပါတယ်။

ကျွန်မတော့ ဖတ်ရင်း "ယုမိစံ"ဆိုတဲ့
ဂျပန်မလေးကို ချစ်မိနေတော့တာပဲ။
😁❤️