Morning Vitamin Volume 2

( 5 မှတ်ချက်)

8000 (ကျပ်)

မနက်ခင်းတွေမှာ တွေးလိုက်တဲ့ ပထမဆုံးအတွေးတွေဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေကို စိုးမိုးမှုရှိနေတတ်ပါတယ်…
စာဖတ်သူတွေအနေနဲ့ မနက်ခင်းမှာ ဖတ်ရတဲ့ စာတွေဟာ စိတ်အတွက် ဘေးမဖြစ်စေဘဲ ဆေးဖြစ်စေဖို့… အဆိပ်မဖြစ်စေဘဲ အာဟာရဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ဆရာမ မွန်ဟော်စီရဲ့ လက်ရာမွန် စာအုပ်တစ်အုပ်ပါ။
Positive Living နဲ့ Positive Energy ကို Promote လုပ်တဲ့ စာရေးသူတစ်ဦးရဲ့ Morning Vitamins စာစုတွေမှာ… စိတ်ရဲ့ အေးငြိမ်းမှု၊ အသိ သတိရှိမှု၊ လက်ခံတတ်မှု စိတ်ခွန်အားများ၊ ဓမ္မသဘာ၀တရားများ… အစရှိသည်တို့ အများအားဖြင့် ပါဝင်ပါတယ်။
Morning Vitamin 1,2,3 တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာ Morning Vitamins 4 နဲ့ 5 တို့ကို စုစည်းပြီး Volume (2) အဖြစ် ထုတ်ဝေထားပါတယ်။

စာမျက်နှာ

292

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ ၊ 2023 မေလ (ပထမအကြိမ်)

Card Deck

https://www.pannsattlann.com/product/card-deck/

Book+Card (Package)

Book + Card Deck (10% off)
👉 https://www.pannsattlann.com/product/book-card/

20 in stock

Morning Vitamin Volume 2 အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. SuSuNwe

  2. Daw Phyo Phyo Mon

    Moring vitamin ဖတ်ရင်း နေ့ရက်တိုင်း အေးချမ်းစွာ ကျော်ဖြတ်နိုင်ခဲ့တာမို့ ဆရာမကို ကျေးဇူး အထူးတင်ရှိပါတယ်

  3. Tint Tint San

    ဆရာမစာတွေဖတ်ပြီးစိတ်ခွန်အားများဖြစ်စေရပါတယ်

  4. Aeri Myat (verified owner)

    Morning Vitamins Volume2
    စာအုပ်လေးထဲက ဖတ်ဖို့ ကျန်နေတဲ့ Morning Vitamins (5)ကို
    ဒီနေ့ ဖတ်ဖြစ်ပါတယ်။

    အဓိက Inner Peace ရဖို့
    ဘယ်လိုနေရမလဲဆိုတဲ့
    အကြောင်းအရာလေးတွေကို
    ဖတ်ရ မှတ်သားရပါတယ်။

    နောက်ပြီး လက်ရှိ အခိုက်အတန့်မှာပဲ
    ပျော်အောင်နေတတ်ဖို့….။

    “ခေါင်းကိုက်ပျောက်သွားမှ စိတ်ပျော်ရွှင်မယ်ဆိုရင် သွားနာတဲ့ ကိစ္စလည်း ထပ်ပေါ်လာဦးမှာ ဖြစ်ပါတယ်” တဲ့။

    အခုလို ကာလမှာ စိတ်လွှတ်ပြီး ပျော်ပါးဖို့ ပြောတာမျိုး မဟုတ်ဘဲ စိတ်ကလေးကို အေးချမ်းအောင် နေဖို့ ပြောထားတာလေးပါ။✨️

    အတွေးတွေဟာ အတွေးသက်သက်ပဲ။

    ခံစားချက်တွေဟာလည်း

    ခံစားချက်သက်သက်ပဲ ဖြစ်တယ်။

    အခုနေ ကွယ်လွန်သွားရင် တွေးနေတဲ့
    တွေးလက်စ အတွေးဟာ
    ကျွန်မတို့ရဲ့ လားရာဘဝပါတဲ့။

    အတွေးတချက်ပေမဲ့ သိပ်အရေးကြီးတာကို သတိပြုမိစေပါတယ်။

    ဒါကြောင့် ကောင်းတာ လုပ်တဲ့နေရာမှာ
    ရက်ရာဇာ၊ ပြဿဒါး ရွေးမနေဖို့၊
    ကောင်းတာလုပ်တဲ့ အချိန်ဟာ
    ကောင်းတာပဲ ဆိုတဲ့ စကားလေးလိုပေါ့။

    အတွေးတွေထဲ ပိတ်မိပြီး အိပ်မရတဲ့အခါ
    မျိုးမှာ Journaling လုပ်ကြည့်ဖို့လည်း ဆရာမက အကြံပေးထားပါတယ်။

    စိတ်တွေ အရမ်းရှုပ်ထွေးခဲ့ရတဲ့ အချိန်တုန်းက Journaling လုပ်ဖူးပါတယ်။

    တကယ်ကို ကိုယ်ထင်ထားသလောက်
    ဆိုးဆိုးရွားရွားကြီး ဖြစ်မလာဘဲ
    အဆင်ပြေသွားတယ်ဆိုတာ
    လက်တွေ့ သိလိုက်ရတယ်။

    ကျွန်မ ခဏခဏ စိတ်ပူပန်
    ရတာတွေဟာ မဖြစ်လာသေးဘဲ
    အဆုံးထိ တွေးတတ်တဲ့ အကျင့် “Overthinking” ကြောင့် ဆိုတာလည်း သတိပြုမိသွားစေပါတယ်။

    အမြဲတမ်း “Why”
    ငါ့ကျမှ ဘာလို့ဖြစ်တာလဲဆိုပြီး
    တွေးတာကို “What” ဒီအခြေအနေမှာ
    ငါဘာလုပ်သင့်လဲ ဆိုပြီး
    ပြောင်းတွေးကြည့်လိုက်ပါတဲ့…။

    အတွေးတွေများတဲ့ ကျွန်မအတွက်တော့ တကယ်ကို ဆရာမ စာလေးတွေက
    အလင်းစက်လေးတွေလိုပဲ။

    ဆရာမက ဆရာမရဲ့စာဖတ်သူတွေနဲ့ ၉၅%လောက် အတွေးတွေ
    တူညီတယ်လို့ ပြောထားသေးတယ်။
    လက်တွေ့မှာ တကယ်လည်း
    ဟုတ်နေတာရယ်။❤️

    မနက်မိုးလင်းတာနဲ့ Morning Vitamin စာစုလေးတွေ တင်ထားတာ ဖတ်ဖြစ်တိုင်း၊ ဖြေရှင်းရမဲ့ ပြဿနာအတွက်
    အဖြေတစ်ခု ရစေပါတယ်။

    စိတ်မပျော်သည့်တိုင်အောင် စိတ်
    ကြည်မွေ့စရာ အခိုက်အတန့်လေးတွေကို
    တန်ဖိုးထားပါတဲ့။✨️

    အသက်ရှင်သန်ခွင့် ရနေတာ၊ အခုလို
    စာလေးတွေ ဖတ်ခွင့်ရနေတာကိုက
    ကျေးဇူးတင်စရာပါပဲ။🥰

    ဆရာမ စာအုပ်လေး ဖတ်ပြီးသွားတော့

    မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့
    “Gratitude Practice” လည်း
    ပြန်လုပ်ဖြစ်တယ်။

    “Guided Meditation”လည်း
    မနက်အစော ထိုင်ဖြစ်တယ်။

    “Affirmation” လည်း ရွတ်ဖြစ်တယ်။

    ဆရာမ ပြောထားသလို
    စိတ်ကို “Redirect” ပြန်လည်
    တည့်မတ်ဖြစ်တာပါပဲ။

    အမှောင်ထဲမှာ ပိတ်မိနေရာက
    အလင်းကို ပြန်ရှာတွေ့သလို
    သတိကပ်သွားတာမျိုးပေါ့။

    ဆရာမမွန် Mon Halsey ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။🥰❤️

    #morningvitaminsvolume2
    #morningvitamins5
    #monhalsey
    #하은
    #june11

  5. Motivated Yourself (verified owner)

    ကျွန်မတို့ဘဝမှာ ကျွန်မတို့လိုချင်တောင်းတတဲ့အရာပြောပါဆိုရင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ တာကိုလည်းလိုချင်ကြမယ်ထင်ပါတယ်……. ကိုယ်ကျန်းမာဖို့အတွက် အစာအာဟာရတွေမျိုးစုံအောင်စားပေးဖို့လိုအပ်သလို စိတ်ချမ်းသာဖို့ရာအတွက်လည်း စိတ်ကို အာဟာရတွေတိုက်ကျွေးဖို့ လိုအပ်ပါတယ်…… စိတ်ကပဲ အရာရာကို ဦးဆောင်နေတာမို့လို့ ကျွန်မတို့စိတ်ကိုလည်း ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်…..လိုအပ်တဲ့အာဟာတွေ တိုက်ကျွေးနေဖို့လိုအပ်ပါတယ်…….
    ဆရာမ မမွန်ရဲ့ ခုထွက်ရှိထားတဲ့ မနက်စာအာဟာရစာအုပ်လေးကတော့ ကျွန်မတို့စိတ်အတွက် လိုအပ်နေတဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ……. မနက်မှာ အာဟာရပြည့်စုံ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားလိုက်ရင် ကျွန်မတို့ ခန္ဓာကိုယ်ကြီးနေလို့ကောင်းသွားသလိုပဲ Morning vitamins ထဲကစာပိုဒ်လေးတွေကိုဖတ်ကြည့်လိုက်တာနဲ့ အင်အားတွေပြည့်ဝသွားပြီး စိတ်ကို အာဟာရတိုက်ကျွေးလိုက်သလိုပဲ စိတ်လည်းနေလို့ပျော်သွားပါတယ်……
    တစ်ရက်တစ်ရက် ပင်ပန်းနွမ်းနယ်မှုတွေ……စိတ်ဖိစီးမှုတွေ……စိတ်ပင်ပန်းမှုတွေဆိုတာ လူတိုင်းအနည်းနဲ့အများတော့ ကြုံနေရမြဲပဲ…….စိတ်ဖိစီးဝမ်းနည်းမှုတွေများလာပြီဆိုရင် Negative thoughts တွေကများလာတတ်ပါတယ်……ဒါပေမယ့် Negative thoughts တွေကို ပြောင်းပြန်လှန်ပြီး Positive ဘက်ကိုချည်းကပ်လို့ရပါတယ်……အဲ့ဒါကြောင့်ကျွန်မတို့စိတ်ကို အာဟာရကျွေးဖို့လိုအပ်တာပါ…..စိတ်က အာဟာပြည့်ဝနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေလျော့ကျသွားမယ် Positive thoughts တွေပိုတွေးလာမယ်…….နောက်ဆုံး စိတ်ပျော်ရွှင်အောင်နေတတ်လာမယ်……အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်လာမယ်…….
    Morning Vitamins စာအုပ်လေးကတော့ရိုးရှင်းပါတယ်……ကျွန်မတို့ နေ့စဥ်စိတ်ပျော်အောင်နေတတ်ဖို့……ကျွန်မတို့ တင်းကြပ်နေတဲ့စိတ်တွေ Relax ဖြစ်သွားဖို့……. တစ်နေ့တာကို Positive vibes တွေနဲ့ဖြတ်သန်းနိုင်ဖို့…… Inner peace ရဖို့ Support ပေးနိုင်တဲ့စာအုပ်လေးတစ်အုပ်လို့ မြင်ပါတယ်……
    ဆရာမ မမွန်ရဲ့ မနက်စာအာဟာရလေးတွေ စားသုံးခွင့်ရတဲ့အတွက်လည်း ဆရာမကိုကျေးဇူးတင်ပါတယ်…… မနက်တိုင်း Facebook new feeds လေးတွေကြည့်ပြီဆို ဆရာမရဲ့ Morning vitamins posts လေးတွေကိုဖတ်ခွင့်ရတာလည်း ကျွန်မအတွက် စိတ်ခွန်အားအများကြီးရပါတယ်….. မနက်တိုင်းလည်း အာဟာရယူနေရဦးမှာပါပဲ……တစ်နေ့တာလုံး အာဟာရပြည့်ဝနေဖို့လိုတာကိုး…….
    တစ်နေ့တာလုံးကိုယ့်စိတ်ကိုယ် အာဟာရမဖြည့်ပေးပဲနဲ့ အတွေးတွေနဲ့ပဲအလုပ်ပေးထားဖို့ မထိုက်တန်ပါဘူး…….ကျွန်မတို့အားလုံး ကိုယ့်စိတ်ကိုယ် အာဟာရလေးတွေတစ်နေ့နည်းနည်းစီ ကျွေးသွားကြမယ်……. တစ်နေ့နည်းနည်းကပဲ ကျွန်မတို့အတွက် လုံလောက်တဲ့အခြေအနေထိအရောက်သွားနိုင်မှာပါ…….
    စာညွှန်းလေးမှာအမှားပါခဲ့ရင် ဆရာမနဲ့ စာဖတ်သူတွေကို နားလည်ပေးပါရန် တောင်းဆိုရင်း…..
    Thae JM

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ