The Happiness Project
7000 (ကျပ်)
ပျော်ရွှင်မှုဆိုတာ
စိတ်အတွင်းထဲကနေ
ကိုယ်တိုင်ပြုလုပ်ဖန်တီးရမှာဖြစ်ပြီး
ကိုယ်ချစ်ခင်ရသူတွေနဲ့
ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း
လက်ဆင့်ကမ်းပေးရမယ့်အရာတစ်ခုပါ…
တကယ့်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာမိမိရဲ့စိတ်အတွင်းထဲကနေ
စတင်လိုက်ရမယ့်အရာတစ်ခုပါ။
ပျော်ရွှင်တတ်ဖို့ဆိုတာ ပြောဖို့လွယ်သလောက် တကယ်ပျော်ရွှင်မှုကို သွားဖို့လမ်းက တော့ အခက်အခဲတွေရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းစိတ်ကို အာရုံစိုက်ပြီး ကြိုးစားမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကို ပိုမိုချိတ်ဆက်ပြီး တကယ့်ပျော်ရွှင်မှုကို ရရှိနိုင်ပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ ပျော်ရွှင်ခြင်းရဲ့ အခြေခံအကြောင်းတွေဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာဥာဏ်ရည် Emotional Intelligence တွေကို ကောင်းစွာစီမံခန့်ခွဲတတ်နိုင်စေဖို့၊ ကိုယ့်ကိုယ်ကိုယ် ကောင်းစွာနားလည်စေဖို့ Self Understanding ၊ ကောင်းမွန်စွာချစ်တတ်ဖို့နဲ့ အချစ်ခံတတ်ဖို့ Ability To Love And Be Loved ဆိုတဲ့အကြောင်းအရာလေးတွေကို ရေးသား ဖော်ပြထားပါတယ်။
| စာမျက်နှာ | 120 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.1inches |
| ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2024 ဒီဇင်ဘာလ(ပထမကြိမ်) |
22 in stock









မသီရိ –
ကောင်း
Aeri Myat (verified owner) –
The Happiness Project🧡
ဒီစာအုပ်ကလေးကိုတော့ မထွက်ခင်ကတည်းက စိတ်ဝင်တစားဖတ်ဖို့ စောင့်ဖြစ်ခဲ့ပါတယ်။ဆရာမမွန် စာအုပ်တွေ ဖတ်ခွင့်ရတဲ့အချိန်တွေဟာ စိတ်အတွက် ခွန်အား၊ ဒါမှမဟုတ် စိတ်အတွက် အဖြေတစ်ခုခုလိုချင်၊ သိချင်တဲ့ အခါမျိုးတွေမှာ တိုက်တိုက်ဆိုင်ဆိုင်ကို ဖတ်ခွင့်ရတာဟာလည်း အမြဲတမ်း မှတ်မှတ်ထင်ထင်ရှိနေဖြစ်တဲ့ အမှတ်တရပါပဲ။
ဒီစာအုပ်လေးထဲမှာဆိုရင်….
🧡The Power of Emotional Intelligence
🧡The Role of Insight in Self-Understanding
🧡The Capacity to Love
ဆိုပြီး အပိုင်း(၃)ပိုင်း ပါဝင်ပါတယ်။
စိတ်ခံစားချက်တွေဆိုတာ အမြဲတမ်း
တိမ်လို လေလို ပြောင်းလဲနေတတ်တဲ့အရာမျိုးပါပဲ။ဒီခံစားချက်
အနိမ့်၊အမြင့် အတက်အကျတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့အတွက် ထားသင့်တဲ့ စိတ်နေစိတ်ထားတွေကို
ဒီစာအုပ်လေးကနေတဆင့် သိခွင့်ရမှာ
ဖြစ်ပါတယ်။
🍀”အမြဲတမ်း တည်မြဲနေတဲ့ ပျော်ရွှင်မှု
ဆိုတာ ပြီးပြည့်စုံတဲ့ အခြေအနေတွေကနေ ဖြစ်ပေါ်လာခဲပါတယ်။”
ဒီစာစုလေးကြောင့် အသိသတိ ကပ်သွားရတယ်။စိတ်ထဲ အဖြေရှာမရဖြစ်နေတဲ့အဖြေလေးတစ်ခု ရလိုက်တယ်။
အမှားမဖြစ်ချင်တဲ့စိတ်ကြောင့် ခက်ခဲပင်ပန်းရတာတွေ၊ ဆုပ်ကိုင်ထားမိတာတွေက မပျော်ရွှင်မှုတွေဆီ ဦးတည်တတ်ကြောင်း သိခွင့်ရလိုက်ပါတယ်။
🍀”မပြည့်စုံတဲ့ အခြေအနေတွေကြားမှာပဲ ရှိနေတဲ့အရာပေါ်မှာ ရောင့်ရဲနိုင်တာတွေဟာ ပျော်ရွှင်မှုကို စတင်စေပါတယ်။”
🍀ကိုယ့်ရဲ့ ဘဝမှာ မပျော်ရွှင်စေတဲ့ အရာအားလုံးကို
လွှတ်ချလိုက်ဖို့ ဘယ်တော့မှ ဝန်မလေးပါနဲ့။
စိတ်ထဲ၊ဘဝထဲကနေ လူတွေ၊အတိတ်အရိပ်တွေ၊အကြောင်းအရာတော်တော်များများကို လွှတ်ချလိုက်ပြီးတဲ့နောက်ပိုင်း ဘဝက ပိုပြီးပေါ့ပါးလာတာ
ကိုလည်း လက်တွေ့ခံစားမိပါတယ်။
🍀ဒီနေ့ဟာ ကိုယ့်အတွက် နောက်ထပ်အသစ်ဖြစ်တဲ့
အခွင့်အလမ်းတွေအတွက် အစပြုနိုင်တဲ့ နေ့ဖြစ်ပါတယ်။
🍀ဒီနေ့မှာ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အခြေအနေဟာ အတိတ်က လုပ်ရပ်တွေနဲ့ သက်ဆိုင်နေပြီး ဘယ်လို အနာဂတ်ကို ရရှိချင်တယ်ဆိုတာ ယနေ့မှာပဲ
သတ်မှတ်ဆောင်ရွက်ရမယ့်အရာပါ။
🍀သူ့ဆီက ဘာရမလဲလို့ မျှော်လင့်နေတာထက် ကိုယ်က အရင်စပြီး ပေးလိုက်တဲ့အခါ မှန်လိုရောင်ပြန်နဲ့ ကိုယ့်ဆီကို ကိုယ်လိုချင်တာတွေ ပြန်လည်ရောက်ရှိနိုင်ပါတယ်။
🍀လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်သောက်နေရင်းရတဲ့ နွေးထွေးတဲ့ခံစားမှုမျိုး…မျှော်လင့်ချက်ဆိုတာ ဒီလောက်ကလေးဆိုရင်ပဲ ကိုယ့်ကို ပြည့်စုံပျော်ရွှင်စေပါတယ်။
စာအုပ်ခေါင်းစဥ်လေးအတိုင်းပဲ ကျွန်မတို့နေ့စဥ်ဘဝရဲ့ ပျော်ရွှင်ခြင်းအတွက် Inner Peace အစစ်အမှန်ကို ခံစားနိုင်စေဖို့ reminder စာအုပ်လေး ဖြစ်ပါတယ်🧡
ဖတ်ပြီးသွားတဲ့အခါ စိတ်ကလေး တော်တော်ပေါ့ပါးသွားတယ်။ဆရာမရဲ့ အဖြစ်အပျက်လေးတွေ ဖတ်ပြီး ကိုယ်တိုင်လည်း ထပ်တူခံစားရတဲ့ အပိုင်းတွေရှိတာမို့ Reflectဖြစ်မိသလို
“လူတွေအားလုံးဟာ ကိုယ်နဲ့အတူတူပါပဲ။”ဆိုတဲ့ စကားလေးကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။
ချစ်စရာကောင်းတဲ့ စာအုပ်လေး ဖန်တီးရေးသားပေးတဲ့ ဆရာမမွန် Mon Halsey ကို ကျေးဇူးအထူးတင်ပါတယ်🥰🧡
Motivated Yourself (verified owner) –
ပျော်ရွှင်မှုဆိုတာ လူတိုင်း လိုချင်ကြတယ်… ရှာဖွေနေတတ်ကြတယ်……. ပျော်ရွှင်မှု အစစ်အမှန်ကိုရောပိုင်ဆိုင်ထားကြပြီလား……….
ခဏတာ စိတ်လှုပ်ရှားပြီး ရရှိတဲ့ ပျော်ရွှင်မှု (Jank Happiness) နဲ့ စိတ်အတွင်းကအေးချမ်းပြီး လာတဲ့ ပျော်ရွှင်မှု (Happiness) နဲ့ကမတူပါဘူးနော် …… ဆရာမ ရဲ့ စာအုပ်လေးဖတ်ပြီး ပိုပြီးနားလည်သွားတာကတော့ အရင်ကပျော်တယ်လို့ထင်ရတဲ့ အရာတွေဟာ တကယ်တော့အဲ့ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ဘူး ဆိုတာပဲ……. Jank Happiness ကိုရှာဖွေနေမိတာကိုး…….
ပျော်ရွှင်မှုဆိုတာ အခုလုပ် အခုရတာမဟုတ်ပါဘူး….. လျှောက်လှမ်းရတဲ့ ခရီးတစ်ခုဖြစ်တဲ့အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုကို ရဖို့အတွက် Project လေးတစ်ခုလုပ်ဖို့စဥ်းစားမိတယ်…… Project ဆိုလို့ ကြီးကြီးကျယ်ကျယ်တွေ လုပ်မယ်လို့တော့ မထင်လိုက်နဲ့နော်…… ကျွန်မအတွက် တစ်နေ့တာ တစ်နေ့တာ အေးချမ်းပျော်ရွှင်စွာနဲ့ ကုန်ဆုံးသွားချင်လို့ ရိုးရှင်းတဲ့ ကျွန်မရဲ့ Happiness Project လေးပေါ့……..
🌿 Accepted my imperfections
မပြည့်စုံမှုတွေက လူတိုင်းမှာရှိတယ်…… နေရာတကာ Perfect ဖြစ်ချင်နေလို့မရဘူး….. မပြည့်စုံမှုတွေကြား ပြည့်စုံမှုလေးတွေကို အာရုံစိုက်ရင်းပျော့အောင်နေမယ်
🌿 ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းဟာလည်း ပျော်ရွှင်ခြင်းရဲ့ အခြေခံဖြစ်တယ်…… ကိုယ့်ကိုယ်ကို ချစ်မှ ကိုယ်ရဲ့ အရေးကြီးတဲ့သူတွေကိုချစ်နိုင်မှာဖြစ်လို့ ဖြစ်လို့ ပျော်ရွှင်ခြင်းရဲ့ အခြေခံဖြစ်တဲ့ Self love လေးထားမယ်
🌿 စိတ်ခံစားမှုနဲ့ ပက်သတ်ပြီး အကောင်းဆုံး စီမံခန့်ခွဲနိုင်အောင်ကြိုးစားပြီး ပျော်ရွှင်မှုကိုရှာဖွေသွားမယ်
🌿ဘဝအတွက်အရေးပါတဲ့ အရာတွေကို ပိုပြီးရှာဖွေမယ်…..တန်ဖိုးရှိတဲ့ အမှတ်တရလေးတွေ ပိုပြီးဖန်တီးမယ်
🌿ကိုယ်ချစ်တဲ့သူတွေ ကိုယ်ဘဝအတွက် အရေးပါတဲ့ သူတွေနဲ့ အချိန်ကိုတန်ဖိုးထားပြီးဖြတ်သန်းမယ်
🌿ကိုယ်ပိုင်ဆိုင်တဲ့ အရာလေးတွေအပေါ်မှာ ကျေးဇူးတင်စိတ်နဲ့ လက်ခံသွားမယ်
🌿စစ်မှန်တဲ့ ရိုးသားတဲ့ လူမှုဆက်ဆံရေး Relationship တွေကိုပဲတည်ဆောက်သွားမယ်
🌿တစ်နေ့တာ ရယ်မောမှုတွေ ပိုမိုထိတွေ့နိုင်ဖို့ကြိုးစားမယ်
🌿ကိုယ်ဝါသနာ ပါတာလေးတွေကိုလုပ်ရင်း စိတ်ပျော်အောင်နေသွားမယ်
🌿 Minimalisim လုပ်ရတာသဘောကျတာမို့ တစ်ရက်ချင်း တစ်ရက်ချင်း အတတ်နိုင်ဆုံး Minimalisim လုပ်သွားမယ်
ရိုးရှင်းတဲ့ ကျွန်မရဲ့ Happiness project လေးကတော့ ဒါပါပဲ….. ပစ္စုပ္ပန်မှာနေပြီး စိတ်လေးပျော်ရွှင်အေးချမ်းနေရင် ရပြီမဟုတ်လား…….
ကျွန်မရဲ့ Happiness Project လေးကို ဆရာမ မမွန်ရဲ့ #thehappinessproject စာအုပ်လေးနဲ့ Talk Series လေးဖတ်ရင်း နားထောင်ရင်း ရေးဖြစ်သွားတာပါ…… ပျော်ရွှင်မှုကိုရှာဖွေဖို့ လမ်းပြပေးတဲ့ ဆရာမ မမွန်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်