စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း

( 7 မှတ်ချက်)

12000 (ကျပ်)

◽ စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာရှိပါတယ်။ ငယ်စဉ်ဘဝကတည်းက သေးငယ်တဲ့စိတ်ဒဏ်ရာတွေရှိသလို ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိုင်တဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေလည်းရှိတတ်ကြပါတယ်။ စိတ်ဒဏ်ရာတွေကို အများအားဖြင့် ထရော်မာ Trauma လို့လည်းခေါ်ကြပါတယ်။ မကောင်းသော စိတ်အတွေးတွေ၊ အနုတ်သဘောဆောင်တဲ့စိတ်ခံစားမှု Negative thoughts and emotions တွေကို လိုအပ်တာထက်ပိုပြီး ထပ်ပြန်တလဲလဲ အလွန်အကျွံခံစားနေမိခြင်းဟာ တစ်စုံတစ်ခုသောအကြောင်းအရာ နဲ့ပတ်သက်ပြီး မိမိရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။

◽ ဒီလိုစိတ်ဒဏ်ရာတွေကြောင့် လူတွေဟာ ဘဝမှာ မပျော်ရွှင်တတ်တဲ့သူတွေဖြစ်လာတယ်။ အဆိုးမြင်တတ်တဲ့သူတွေဖြစ်လာတယ်။ မယုံကြည်တတ်တဲ့သူတွေဖြစ်လာတယ်။ အထီးကျန်တဲ့သူတွေဖြစ်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်းမတူသလို ကြုံဆုံခဲ့ရတဲ့အတွေ့အကြုံတွေ မိသားစုပတ်ဝန်းကျင်ဆီက သင်ယူခဲ့ရတဲ့အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင်ခံစားမှုတွေကြောင့် စိတ်ဒဏ်ရာတွေရဲ့သက်ရောက်မှုဟာ အနည်းနဲ့အများ ကွာခြားမှုရှိနေနိုင်ပေမယ့် တကယ်တမ်းရှေ့ကိုဆက်သွားလို့မရတော့လောက်အောင် ပိတ်လှောင်သွားတတ်တာမျိုးကတော့ စိတ်ဒဏ်ရာတွေရဲ့ တူညီတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဒဏ်ရာတွေဆိုတာ လူတစ်ယောက်ရဲ့ဘဝနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ သူ့ရဲ့လမ်းကြောင်းတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ စိတ်ဝင်္ကပါတွေလို့ပဲပြောရမှာဖြစ်ပါတယ်။

◽ဒီစာအုပ်လေးက စိတ်ပိုင်းဆိုင်ရာ ထောင်ခြောက်တွေကို အသိအမှတ်ပြုပြီး စိတ်လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ စာဖတ်သူကို အကောင်းဆုံးလမ်းပြပေးမယ့် စာအုပ်ပါ…

စာမျက်နှာ

296

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဇူလိုင်လ (ပထမကြိမ်)

246 in stock

စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. First Season (verified owner)

    ဒီစာအုပ်ရေးသားဟန်ဟာ အရင်ထွက်ပြီးသား ၂၃အုပ်နဲ့ မတူညီဘဲ စိတ်ပ ညာ နဲ့ ပတ်သတ်ပြီး ဆရာမဟာအများကြီးလေ့လာပြီး Level up သွားပြီလို့ ခံစားသိရှိရတဲ့ စာအုပ်တစ်အုပ်ပါ။ အရင်ကထက် level up သွားတဲ့ အတွက် မျှဝေနိုင်တဲ့ အသိပ ညာ ဟာလည်း ဆတူ တက်သွားပါတယ်။ စာဖတ်သူတွေလည်း ယူတတ်ရင် စိတ်နဲ့ပတ်သတ်လို့ သိမှုlevel တက်မယ့်စာအုပ်မျိုးပါပဲ။ စာရေးသူရဲ့ ရည်ရွယ်ချက်ကလည်း သူမလျှောက်ခဲ့တဲ့ စိတ်ဝင်္ကပါ ခြေရာတွေထဲက အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ကုစားနည်းတွေကို မျှဝေဖို့ပါ။ Chapter 1,2,3ကနေ 15 အစရှိသဖြင့် အခန်းခွဲရေးထားပုံက coaching ပေးသလိုပဲလို့ နားလည်ပြီး စဖတ်တဲ့အပိုင်းမှာ စိတ်ပ ညာ ပိုင်းဆိုင်ရာ စကားလုံးများနဲ့ အစပြုထားပါတယ်။ Chapter 1 မှာပါတဲ့ အကြောင်းက စာဆန်ပေမယ့် Inner peace in outer chaos talk series နားထောင်ဖူးသူတွေဆိုရင်တော့ ရင်းနှီးဖူးတဲ့ စကားလုံးတွေကို တွေ့ ရ မှာပါ။ Catastrophizing တစ်ခုခုဆို အဆုံးထိတွေးပစ်တာ အိမ်ကတစ်ယောက်ယောက်အပြင်သွားတယ် ပြန်မလာဘူးဆိုရင် ရဲစခန်းဖုန်းဆက်ရမယ် ဆေးရုံလိုက်သွားတော့မယ်ဆိုပြီးတွေးပစ်လိုက်တာမျိုး All or Nothing thinking အကုန်အပြည့်ရရင်ရ မရရင် မယူဘူး။ ရေဖန်ခွက်ထဲ အပြည့်ရှိတာမြင်ချင်တယ်၊တဝက်လောက်ဆို မလိုချင်ဘူး ဒါမျိုး Negative self label ကိုယ့်ကိုယ်ကိုယ် မလှဘူး အသားမဲတယ် အရပ်ပုတယ် ကိုယ့်ကိုယ်ကိုယ် တချိန်လုံးမကောင်းတာတွေပဲမြင်နေတာ Personalization ကိုယ်သာလျှင်အရေးအကြီးဆုံး ကိုယ့်ကိုသာဂရုစိုက်ရမယ်ဆိုတဲ့ အတွေးတွေ အပြုအမူတွေ Minimizing ကိုယ့်ကိုယ်ကိုယ်လျော့တွက်တာ ငါလုပ်ရင်မဖြစ်ပါဘူးဆိုတဲ့အတွေး Jumping to conclusions တကယ်ဝတ်မကြည့်သေးဘူး၊ငါဒါဝတ်လိုက်ရင်မလှပါဘူးဆိုပြီး အလွယ်တကူကောက်ချက်ချတာမျိုး Comparing သူတို့တော့လုပ်နိုင်တယ် ငါကျမလုပ်နိုင်ဘူး ငါ့ကျမဖြစ်ဘူး၊ဒီလိုမျိုး တစ်ချိန်လုံးနှိုင်းယှဥ်နေတာ Emotional Reasoning စိတ်ခံစားမှုပေါ်လိုက်ပြီး ကောက်ချက်ချတာမျိုး အစရှိသဖြင့် အပေါ်ကလိုမျိုး တွေးမိနေတယ်ဆို victim role ကို ရောက်နေပြီး စိတ်ဝင်္ကပါ ကနေ မထွက်နိုင်ဘူးဖြစ်နေမှာပါ။ အဲဒီလို Negative thinking တွေကို အတွေးဖြတ်ပြီး positive ဘက်ပြောင်းနိုင်ဖို့ ဒီစာအုပ်ထဲမှာ နည်းလမ်းများ မျှဝေထားတာကို တွေ့ရပါတယ်။ Chapter 2 မှာတော့ OCD လို့အတိုကောက်ခေါ်တဲ့ စွဲလမ်းမှုလွန်ကဲတဲ့စိတ်ဝေဒနာအကြောင်း(အရမ်းအသန့်ကြိုက်ပြီး လက်ခဏခဏဆေးတာမျိုး ပစ္စည်းတစ်ခုကိုအမြဲပြောင်လက်အောင်တိုက်နေမျိုး) ဖော်ပြထားပြီး အခြား chapter တွေမှာ ဝမ်းနည်းပူဆွေးမှုကနေ လွတ်မြောက်ဖို့ ပြီးပြည့်စုံချင်တဲ့စိတ်ဟာ ဘယ်အတိုင်းအတာထိပဲ ကောင်းကြောင်း စိတ်မလုံခြုံမှု ဒေါသ မနာလိုဝန်တိုစိတ် အတိတ်ကို တဝဲဝဲလည်လည်ဖြစ်နေခြင်းကနေ လွတ်မြောက်အောင် ကိုယ့်ရဲ့ inner child လေးကိုဘယ်လိုဂရုစိုက်မလဲ ဆိုတာ အောက်စဖို့ဒ်ဆရာတော်ဟောတဲ့နည်းလေးအတိုင်း မိခင်က ကိုယ့်ရင်သွေးလေးကို ဂရုစိုက်ထိန်းသိမ်းပုံလေးနဲ တွဲဖက်ပြီး story လေးတွေနဲ့ စိတ်ဝင်စားဖွယ်ရေးထားပါတယ်။ အခြား စိတ်ထောင်ချောက်ဖြစ်နေတဲ့ အခြေအနေတွေလည်းရှိနေပါသေးတာဆိုတာကို ကြောက်စိတ် အတ္တအခြေခံတဲ့အတွေးတွေ ထင်ယောင်ထင်မှားဖြစ်တဲ့အတွေးတွေ ဆိုပြီး chapter ခွဲပြီး ရှင်းပြထားပါသေးတယ်။ စိတ်ပ ညာ ဟာ ကျယ်ပြန့်တာ မို့ စိတ်မှာဖြစ်နေတဲ့အရာတွေကို တထိုင်တည်း ကောက်ချက်ချ လေ့လာ သုံးသပ်ရတာမျိုးတော့ လုပ်လို့မရပါဘူး။ စိတ်ထောင်ချောက်တွေဟာ ဘယ်လိုအနေအထားမျိုးလို့ စိတ်ကို ခံစားသိရင်တော့ ထွက်ပေါက်ကို ရှာဖွေဖို့ နီးစပ်လာပါတယ်။ 📌ဒီစာအုပ်ထဲက point ကလည်း စိတ်ထောင်ချောက်ဆိုတာ ဘယ်လိုပုံစံ နဲ့ ရှိနေပြီး စိတ်ဝင်္ကပါကနေလွတ်အောင်ဘယ်လိုကြိုးစားအားထုတ်လို့ ရတယ်ဆိုပါပဲ။ 💡စိတ်ပ ညာ ကို လေ့လာ သင်ယူနေတဲ့သူတွေအတွက် အထောက်အကူပြုမယ့် updateစာအုပ်တစ်အုပ်ဖြစ်သလို သင်ယူပြီးသားသူတွေအတွက်လည်း ကုစားနည်းတွေ upgrade လုပ်ရသလိုပါပဲ။ စိတ်နဲ့ပတ်သတ်လို့ ခုမှစလေ့လာတဲ့သူတွေအတွက်လည်း story လေးတွေနဲ့ တတ်နိုင်သလောက်မြန်မာမှုပြုထားတာတွေ့ရပါတယ်။ ပ ညာ ပိုင်းနဲ့ ပတ်သတ်တဲ့နေရာတွေမှာ နည်းနည်းတော့အားစိုက်ဖတ်ရတာပေါ့နော်။ ဆရာမ ကိုယ်တိုင်လည်း လေ့လာသင်ယူမိသမျှ မခြွင်းမချန်အားစိုက်ရေးထားတာကို တွေ့ရတာမို့ စာရေးသူ စာဖတ်သူ အတွဲညီရတဲ့ စာအုပ်လေးတစ်အုပ်လို့ မြင်မိပါတယ်။ “ကောင်းတာနဲ့ မကောင်းတာဆိုတာ အမြဲဒွန်တွဲနေတာပါပဲ။ဘဝပြဿနာတွေကို ဖြေရှင်းရတဲ့အခါမှာ ကောင်းတဲ့ဘက်ကနေကြည့်မြင်နိုင်ဖို့လည်း လိုပါတယ်။ဒါဟာ စိတ်ဝင်္ကပါကနေ လွတ်မြောက်ခြင်း အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။(စာ ၂၂၈) “ကိုယ့်ရဲ့အတွေးတွေကို သိနေဖို့က အဓိကပါပဲ။ ကိုယ့်အတွေးတွေကို သိတဲ့အခါမှာ စိတ်တွေက ရှင်းလာပါတယ်။ စိတ်တွေရှင်းလာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေမှန်လာတယ်။ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြည့်တတ်မြင်တတ်လာပါတယ်။ အကောင်းရော အဆိုးရောကို လက်ခံတတ်လာပါတယ်။ ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အရာတွေအတွက် ပူပန်မနေတော့ဘဲ လက်လွှတ်ပေးလိုက်နိုင်ပါတယ်။ Mindful ဖြစ်တယ်ဆိုတာ အသိစိတ်ရှိရှိနဲ့ ဘဝကို အမှုမဲ့ အမှတ်မဲ့ မနေထိုင်ခြင်းပဲဖြစ်ပါတယ်။ Mindfulness ဆိုတာ Fully in the moment ဆိုတဲ့ အခုလက်ရှိဖြစ်နေတဲ့ အခိုက်အတန့်တိုင်းကို အပြည့်ဝဆုံး စိတ်နဲ့ ခံစားမှုနဲ့ သတိရှိစွာနေထိုင်ခြင်းပဲ ဖြစ်ပါတယ်။”( စာ ၂၆၄) ဒီစာပိုဒ်လေး ၂ခုကတော့ စိတ်ထောင်ချောက်ကနေလွတ်မြောက်ပြီး စိတ်ငြိမ်းချမ်းမှုရဖို့အတွက် အများကြီး အထောက်အကူပြုတဲ့ အဓိက လုပ်ဆောင်ရမယ့်အရာမို့ ကူးယူဖော်ပြလိုက်ပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာသလို ကိုယ်စိတ်နှလုံး သုံးပါးစလုံး ညီညွတ်မှသာ နေရထိုင်ရ လွယ်ကူ အဆင်ပြေတာမို့ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်သတိရှိဖို့ အရေးကြီးပါတယ်။ စိတ်ထောင်ခြောက်တွေ စိတ်ဝင်္ကပါတွေက လွတ်မြောက်အောင် ဘယ်လိုစောင့်ရှောက်လို့ရသလဲဆိုတာ ကိုတော့ စာအုပ်ထဲမှာ ဆက်လက်ဖတ်ရှု့ကြည့်ပါနော်။ ဒီစာအုပ်လေးနဲ့တွဲဖက်နားထောင်ရမယ့် TALK SERIES ကတော့ HEAL YOUR HEART ပါ။ စိတ် ကို စိတ်ဝင်စားတဲ့သူများအတွက် Highly recommend ပါ။

  2. Myo Thiha Kyaw

    စိတ် အကြောင်း ပြောရရင် အရမ်းကို ကျယ်ပြန် နက်နဲလှပြီး လေ့လာလို့ မကုန်နိုင်တဲ့ ဘာသာရပ် Subject တစ်ခုပါပဲ …
    Randy ကိုယ်တိုင်လဲ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေ, လူတွေ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ, ငယ်ငယ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် တုန့်ပြန် ပြုမူပုံ Behavior အမူအကျင့်တွေကို လေ့လာရတာ, ပြန်လည် ဝေမျှ ပေးရတာ အတော်လေး စိတ်ဝင်စား ဝါသနာပါ ပါတယ် …
    🍀 “ စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း … 𝗘𝘀𝗰𝗮𝗽𝗶𝗻𝗴 𝗧𝗵𝗲 𝗠𝗶𝗻𝗱 𝗠𝗮𝘇𝗲 ” စာအုပ် လက်ထဲ ရောက်ရှိလာတော့ အတော်လေး နှစ်ခြိုက် သဘောကျ ကျေးဇူးတင် မိတယ် …
    ကျွန်တော်တို့ အားလုံးဟာ ဘဝရဲ့ အခန်းကဏ္ဍ အတော်များများမှာ အဆင်ပြေပြေနဲ့ ပေါ့ပါး လွတ်မြောက်ချင်ကြတယ် …
    အဆင်ပြေဖို့ ဆိုတာက ကြိုးစားအားထုတ်လို့ ရပေမဲ့ … ပေါ့ပါးလွတ်မြောက်ဖို့ ဆိုတာက ရှုပ်ထွေး ပွေလီ လှည့်စား မာယာများတတ်တဲ့ စိတ်ရဲ့ သဘော သဘာဝတွေကို သိရှိ နားလည်ထားပြီး … အဲ့ဒီ စိတ်တွေထဲမှာ ပိတ်မိ မနေပဲ ရုန်းထွက် နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ် …
    ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေထဲမှာ ပိတ်မိနေသူတွေကတော့ အဆိုးဆုံးပါပဲ … ဒါကို စာရေးသူ ဆရာမ မမွန်ကလဲ “ စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်တွေကို အသိအမှတ်ပြုပြီး စိတ် လွတ်မြောက်လမ်း ရှာဖွေနိုင်ဖို့” ဒီစာအုပ်လေးကို ဝင်္ကပါထဲက လမ်းပြ မြေပုံ 𝗥𝗼𝗮𝗱 𝗠𝗮𝗽 တစ်ခု အနေနဲ့ ရေးပေးထားတာပါ …
    ဆရာမက စိတ်နဲ့ ပတ်သက်တာတွေ, စိတ်ဒဏ်ရာ Trauma အကြောင်းတွေ, Spiritual အပိုင်းတွေကို နက်နက်နဲနဲ လေ့လာထားပြီး အများအတွက် အကျိုးရှိစေတဲ့ ဒီလို စာအုပ်လေးတွေ အမြဲ ကြိုးစားအားထုတ်နေတာက စာ,ဖတ်ခွင့်ရသူ တစ်ယောက်အနေနဲ့ တကယ်ကို ကျေးဇူးတင်စရာ ကောင်းလှပါတယ် …
    ဆရာမ Mon Halsey ပြောထား သလို … “ ငယ်ဘဝ သေးငယ်တဲ့ စိတ်ဒဏ်ရာလေးတွေ, ဘဝ တစ်ခုလုံးကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်နိုင်တဲ့ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ဆိုတာ လူတိုင်းမှာ ရှိပါတယ် … မကောင်းတဲ့ စိတ်အတွေးတွေ, အနုတ်သဘောဆောင်တဲ့ စိတ်ခံစားမှု Negative Thoughts & Emotions တွေကို ထပ်တလဲလဲ အလွန်အကျွံ ခံစားမိနေတာက ကိုယ် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ Trauma တွေ ကြောင့်ပါပဲ …
    ⭐️ ဒီလို Trauma တွေကြောင့် ဘဝမှာ မပျော်ရွှင်တဲ့ သူတွေ ဖြစ်လာတယ် … အဆိုးမြင်တတ်တဲ့ သူတွေ ဖြစ်လာတယ် … မယုံကြည်တတ်တော့တဲ့ သူတွေ ဖြစ်လာတယ် …
    တစ်ယောက်နဲ့ တစ်ယောက် ကြီးပြင်းလာပုံတွေ, ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ အတွေ့အကြုံတွေ, မိသားစုနဲ့ ပတ်ဝန်းကျင်က သင်ယူခဲ့ရတဲ့ အတွေးအခေါ်တွေ, ကိုယ်ပိုင် ခံစားချက်တွေ, စိတ်ဒဏ်ရာ အနည်းအများတွေ စတာတွေဟာ မတူညီကြပေမဲ့ … တူညီတာ တစ်ခုက စိတ်ဒဏ်ရာတွေကြောင့် Life မှာ အရှေ့ကို ဆက်သွားလို့ မရတော့လောက်အောင် ပိတ်လှောင်သွားတတ်တာကတော့ တူညီနေတတ်ပါတယ် …
    ⭐️ ဒါ့ကြောင့် စိတ်ဒဏ်ရာတွေ ဆိုတာက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေ, ဘဝ လမ်းကြောင်းတွေကို ချုပ်နှောင် ကာစီးထားတဲ့ ဝင်္ကပါ ထောင်ချောက်တွေလို့ ပြောရမှာပါ …
    ဒီလို Trauma တွေက ကိုယ်တစ်ယောက်ထဲ ဖြစ်နေတာမျိုး မဟုတ်ပဲ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ရှိတဲ့ လူသားတိုင်းဟာ Mental Health Pandemic ဆိုတဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ လှိုင်းလုံးကြီးရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံနေရတဲ့ ခေတ် အခါပဲ ဖြစ်ပါတယ် …” လို့ ဆရာမက ပြောပေးထားပါတယ် …
    ဒီစာအုပ်ထဲမှာ စိတ်ပညာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မြန်မာ အသုံးအနှုန်းတွေ ပါဝင်နေပေမဲ့ … စာဖတ်သူတွေ အတွက် ထင်ရှားပေါ်လွင်စေတဲ့ နားလည်လွယ်တဲ့ စကားလုံး ရွေးချယ် အသုံးပြုထားတာလေးတွေ သတိထားမိရင်း မမွန်က အရမ်းကို Language Smart ဖြစ်ပါလားလို့တောင် တွေးမိပါသေးတယ် …
    စာပုဒ်ရေပေါင်း ၆၀ ပါဝင်တာမို့ ထုတ်နုတ်ပြီး ပြန်ပြောပြဖို့ ဆိုတာ အတော်လေး ခက်ပါတယ် …
    “ စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း … 𝗘𝘀𝗰𝗮𝗽𝗶𝗻𝗴 𝗧𝗵𝗲 𝗠𝗶𝗻𝗱 𝗠𝗮𝘇𝗲 ” စာအုပ်ကို ဖြေးဖြေးချင်း ဖတ်ရင်း, ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရင်း, မေးခွန်းတွေ ပြန်မေးရင်း, အဖြေတွေ ရှာဖွေရင်းနဲ့ … ကိုယ့်စိတ်ရဲ့ အလွှာတွေကို တစ်လွှာခြင်း ခွာချကာ မိမိတို့ အတွင်း နက်နက်ထဲထိ စူးစမ်း ရှာဖွေလို့ရမဲ့ စာအုပ်မျိုးပါ …
    ပြီးတော့ စာမျက်နှာ ၃၀၀ နီးပါး ရှိတာမို့ အားရပါးရ ဖတ်ရမဲ့ စာအုပ်ကောင်း တစ်အုပ်လဲ ဖြစ်ပါတယ် …
    #monhalsey
    #escapingthemindmaze
    Pann Satt Lann Books
    Have A Nice Day! ♥️♥️♥️
    #မျိုးသီဟကျော် ~ #Randy
    ⭐️ Life & Relationships Coach
    ⭐️ Healer & Spiritual Mentor

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ