နွေလယ်ညရဲ့ မိုးအိပ်မက်

( 17 မှတ်ချက်)

9000 (ကျပ်)

ယုဝေ၏ ကမ္ဘာမှာ မိုးတွေက အဆက်မပြတ် ရွာကျနေသည်။ သူ့ဘ၀၏ ဖြစ်ရပ်တစ်ခုစီတိုင်းက မိုးမုန်တိုင်းတွေလို ပြင်းထန်စွာ လွင့်စင်ပေါက်ကွဲ ထွက်နေခဲ့သည်။ ပြင်ပကမ္ဘာမှာ နေရောင်ခြည်တွေ ဘယ်လောက်ပဲ တောက်ပ ထိန်လင်းနေပါစေ… မိုးမှုန်တွေ ပိတ်ဆီးကာရံထားသော သူ့ကမ္ဘာမှာ အလင်းရောင်က အမြဲတစေ မှုံဝါးဝါး…။

နွေလယ်ညမှာလည်း မိုးအိပ်မက်ကိုသာ သူမက်သည်။ မုန်တိုင်းထန်သော ဘ၀ခရီးလမ်းကို ဖြတ်သန်းနေရင်း ထာ၀ရအမှောင်ထုကြားက အလင်းကို ရှိရှိသမျှ ခံနိုင်ရည်အားဖြင့် သူ ကြိုးစားရှာဖွေနေခဲ့သည်…။

စာမျက်နှာ

176(Woodfree Paper)

စာအုပ်အရွယ်အစား

5.3 × 0.3 × 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 အောက်တိုဘာလ (ပထမကြိမ်)

22 in stock

နွေလယ်ညရဲ့ မိုးအိပ်မက် အား ဝေဖန်သုံးသပ်မှု 17 ရှိပါသည်။

  1. Phyo Thiri Win (verified owner) –

    တကယ်တော့ ဘဝမှာ
    စိတ်အလိုမကျမှု
    အဆင်မပြေမှု အခက်အခဲ
    ကိုယ်မကြိုက်တဲ့ လုပ်ရပ်တွေ
    ပုံစံတူ ခဏခဏ ဖြစ်နေတယ်
    ကြုံနေရတယ်ဆိုတာ
    ကလေးအရွယ် ငယ်ဘဝမှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေကြောင့်ပါပဲ
    စိတ်ဒဏ်ရာတွေကို မကုစားဘဲထားရင်
    မကုစားတတ်ခဲ့ရင် ကြုံလာရတဲ့ နာကျင်မှုတွေဆိုတာ ပြင်ပက ပေးလာတဲ့ အရာတွေမဟုတ်ပါဘူး
    ကိုယ့်အတွင်းစိတ်က ကိုယ်တိုင်ဖန်တီးယူထားတဲ့ ပြသနာတွေပါပဲ
    ကိုယ်မကြိုက်တဲ့အရာတွေကို အဖြေရှာလိုက်တယ် ဖြေရှင်းလိုက်တယ်လို့ ထင်ပေမယ့် တကယ့် healing ဖြစ်မသွားတဲ့အခါ မသိစိတ်က ပြသနာတွေကို ထပ်ခါတလဲလဲ ဖန်တီးနေတတ်တာပါပဲ
    trauma တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်စိတ်တွေကို ရှောင်ပုန်းမနေဘဲ
    လက်ခံ အသိအမှတ်ပြုပေးပြီး
    လွှတ်ချနိုင်မှသာ အတိတ်က ရုန်းထွက်နိုင်ပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ
    #နွေလယ်ညရဲ့မိုးညအိမ်မက်

  2. Lynn Hter –

    ဆရာမမွန်ဟောစီ ရဲ့ ဝထ္တုစာအုပ်တိုင်းက စိတ်ဝင်စားဖို့ကောင်းတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မွန်ဟော်စီ စာအုပ်များ