တောင်ပေါ်အနမ်း အလွမ်းရာသီ
6500 (ကျပ်)
စိတ်မှာ အလွှာတွေ အထပ်ထပ်ရှိသည်…။
စိတ်မှာ အခန်းငယ်ကလေးတွေ ရှိသည်…။
ရုပ်မှာ ဒဏ်ရာရလာလျှင် မြင်ဖို့… သိဖို့ လွယ်ကူသည်…။
စိတ်မှာ ဒဏ်ရာရလာလျှင်… မြင်ဖို့… သိဖို့ မလွယ်ကူပါ…
စိတ်သည် ဒဏ်ရာတွေရလာလျှင် ကုသဖို့ထက် ရှောင်ပြေးဖို့ကို ကြိုးစားတတ်သည်…။ သူ့ဒဏ်ရာတွေကို အောက်ဆုံးအထိ ထိုးထည့်ထားလိုက်သည်…။ အလွှာတွေ အထပ်ထပ် ဖုံးပစ်လိုက်သည်….။ အခန်းငယ်တွေထဲ သော့ပိတ်ကာ ထည့်ထားလိုက်သည်…။
သူလှောင်ပိတ် ထိုးသိပ့်ထည့်လိုက်သော အရာများထဲတွင် ဘ၀၏ပျော်ရွှင်ခြင်း….၊ စစ်မှန်ခြင်း….၊ လွတ်မြောက်ခြင်း….၊ ငြိမ်းချမ်းခြင်းတွေလည်း တစ်စစီ တစ်စစီ ပါသွားတတ်ကြသည်။
စိတ်အလွှာအောက်ဆုံးမှာ နစ်ဝင်နေသော ဒဏ်ရာများကို ပြန်လည်တူးဖော်ရတာက တွင်းနက်နက်ကြီး တစ်ခုထဲကို ဆင်းသွားရတာနှင့် တူသည်….။ စိတ်အခန်းငယ်လေးတွေထဲက ဒဏ်ရာတွေကို ပြန်ထုတ်ယူရတာက နာကျင်မှုနှင့်အတူ မောပန်းလွန်းလှသည်….။
ဒီဒဏ်ရာတွေထဲမှာ ပျောက်ဆုံး ပြတ်တောက်နေသော ဘ၀၏ အချင်းအရာတွေလည်း အစိတ်အပိုင်းတွေအဖြစ် ပါရှိနေတတ်သည်…။
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.4 × 0.2 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
1006 in stock
Channmyae Hlaing Hlaing (verified owner) –
🌸တောင်ပေါ်အနမ်း…အလွမ်းရာသီ🌸🌸
ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်းကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးတာမျိုးရှိပေမယ့် စာညွှန်းအနေနဲ့ စာကတော့ တစ်ခါမှ မရေးဖူးဘူးရယ်😁😊 ဒီစာအုပ်လေးကြ ပထမဆုံး ထွက်ရှိဖို့ရှိကြောင်း စာအုပ်နာမည်လေးကိုမိတ်ဆက်ပေးကတည်းက အရမ်းစိတ်ဝင်စားမိပြီး လက်တွေ့ဖတ်ပြီးတော့ကြ ပြန်Sharingလုပ်ချင်လာလို့။👌🥰
ဆရာမမွန်ရဲ့ စာအုပ်တွေက ပုံစံ အသစ်အသစ်တွေupdateဖြစ်နေသလို ဒီစာအုပ်လေးကလည်း တခြားအရင်က စာအုပ်လေးတွေနဲ့ ပုံစံမတူ အကြောင်းအရာမတူနဲ့ လုံးဝFreshဖြစ်နေတာပါပဲ။
ဒီစာအုပ်လေးမှာဆိုရင်
💌💌မေဇော်
💌💌ဒိုးကလေး တဖြစ်လဲ ချို
💌💌ကိုလင်း ထိုလူ သုံးဦးနဲ့ သူတို့ရဲ့ မတူညီတဲ့ဘဝတွေ။
အမျိုးသမီး (2)ဦးရဲ့ ဖြူစင်တဲ့ မေတ္တာနဲ့ဆက်နွယ်မှု ဖေးမ စာနာတတ်မှုတွေ။
ဘဝဟာ တစ်ခါတစ်ရံမှာ ကိုယ်က အပြစ်ကျူးလွန်သူ မဟုတ်ပါပဲ ကိုယ့်ကိုယ်ကိုယ် မှားယွင်း အပြစ်တင် ပြီးလှောင်ပိတ်မိတဲ့အခါ စိတ်ဒဏ်ရာအသေးစားလေးကနေ…အကြီးစားအဖြစ် ကြုံလာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ အကြောင်း။ ကိုယ့်ရဲ့ traumaကနေ မိသားစုပတ်ဝန်းကျင်ကိုပါ ကူးစက်ပြီး ဘေးလူကိုပါ ကိုယ်က traumaပြန်ပေးလိုက်မိနိုင်တာတွေ….. ။စတဲ့ စိတ်အကြောင်း စိတ်ကုထုံး အကြောင်းကိုဓိကထားပြီး လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။
စိတ်ကုထုံးပညာရပ်နဲ့traumaတွေ အကြောင်းဆိုပေမယ့် ဖတ်နေတဲ့လူရဲ့စိတ်ကို နောက်ကျိသွားတာမျိုး ပင်ပန်းသွားတာမျိုး ဖြစ်မသွားစေဘူး ။
ကိုယ့်ရဲ့ပိတ်မိနေတဲ့ တံခါးတွေကို ကိုယ်တိုင်ဖွင့်ဖို့ သော့လေးတစ်ချောင်းရယ် ဖွင့်ရဲဖို့ သတ္တိတွေခွန်အားပေး ထည့်ပေးလိုက်သလိုပါပဲ။
လူမျိုးစုံဟာ ကြုံတွေ့ခဲ့ရတဲ့ ဘဝတွေ မတူညီကြတာနဲ့အတူ မတူညီတဲ့ အတိတ်တွေရယ် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မှုတွေ ဟာဆိုရင်လည်းအနည်းနဲ့အများတော့ ရှိတတ်ကြတာပဲလေနော် ။
ဆရာမမွန်က ကျွန်တော်တို့တွေရဲ့ ဘဝတွေကို သူကိုယ်တိုင်မြင်ရလို့ ဒီစာအုပ်လေးကို ဖန်တီးထားသလိုပါပဲ ။
ဆရာမမွန်ရဲ့ စာအုပ်တွေက တစ်အုပ်နဲ့တစ်အုပ်မှာ မတူညီတာတွေများပေမယ့် တူညီတာ တခုကတော့ ဖတ်လိုက်ရသူ ရင်ထဲကို စိတ်ခွန်အားmotivationတွေ ကိုယ့်ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ Healingလုပ်နိုင်ဖို့ အမြဲ အထောက် အကူဖြစ်စေပါတယ် ။
ဒီတောင်ပေါ်အလွမ်း အနမ်းရာသီကလည်း ထို့နည်းတူစွာပါပဲ။
နည်းနည်းပိုထူးခြားသွားတာကတော့ ဇာတ်သိမ်းမှာ ဒီစာအုပ်လေးကိုတခြားစာချစ်သူတွေReviewပေးခဲ့သလို Supriseအကြီးစားပေးသွားတာပါပဲ😁😁
ဖတ်ရင်းနဲ့ အရမ်းနှစ်သက်မိတဲ့ စာကြောင်းလေးက စာမျက်နှာ 178က
💌💌”ပဋိရူပဒေသဝါသောစ မဖြစ်ရင် ဖြစ်အောင် ပြုပြင်ယူရမယ်…။ရေကြည်ရာ မြက်နုရာရှာမယ့်အစား ..ကိုယ့်ခြေဖဝါးအောက်က နင်းထားတဲ့ အရပ်ဒေသကို ရေကြည်မြက်နုအောင် ကြိုးစားဖန်တီးယူရမယ်…။ 💌💌
ဒီနိုင်ငံမှာနေလို့ ကံဆိုးတယ်လို့ ညည်းညူနေမယ့်အစား ကိုယ့်တိုင်းပြည်ကို ကောင်းအောင်လုပ်ရမှာ ကောင်းသောစိတ်တွေ..ကောင်းသောenergyတွေနဲ့ ပြုပြင်တည်ဆောက်ရမှာ အားလုံး၏ တာဝန်သာဖြစ်သည်။…..ဆိုတဲ့စာစုလေးကိုပါပဲ🌻တောင်ပေါ်အနမ်း..အလွမ်းရာသီရဲ့ ဇာတ်ကောင် စိတ်ကုထုံး ပညာရှင် မေဇော်က ခေါင်းဆောင်တယောက်ရဲ့ Speechတစ်ခုကနေ နားထောင်ဖူးပြီး သူမအတွက်လည်း မြန်မာပြည်မှာ နေဖို့ အကြောင်းတရားဖြစ်ခဲ့ပါတယ်တဲ့။
ဒီကာလကြီးမှာ မွန်းကြပ်မှုတွေနဲ့အတူ လူကြီးလူငယ်မရွေး အများစုဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသူတွေ ပိုများလာပါတယ် ဆိုတော့ ကိုယ့်ဖြစ်တည်မှုကို ပြန်ရှာတွေဖို့ သော့လေးတစ်ချောင်းကော ဒီအရာတွေကို ဖွင့်ပြီး လက်ခံဖို့ ကိုယ်တိုင် ကုစားနိုင်ဖို့ (ပိတ်ထားတဲ့ ဒဏ်ရာတွေရဲ့ အခန်းကို သော့ပြန်ဖွင့်ရဲဖို့) ခွန်အားသတ္တိတွေကောကို ဒီစာအုပ်လေးက ပေးစွမ်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ပိတ်မိနေတဲ့အခန်းရယ် သော့ကလေးရယ်ကို ပြန်တွေ့ရှိခဲ့ရပါတယ်။စိတ်ဒဏ်ရာတွေကိုလည်း ဖြေလျော့နိုင်ခဲ့ပါတယ်။ဒါ့ကြောင့် ကိုယ်တိုင် Healingလုပ်နိုင်ဖို့ traumaတွေကို Move onလုပ်ချင်သူတွေအတွက် ဖတ်သင့်တဲ့စာအုပ်လေးလို့မြင်ပါတယ်။ ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။💞💞