အမေကိုပြောဖြစ်သောစကားများ

( 19 မှတ်ချက်)

6000 (ကျပ်)

♻ စာအုပ်လေးက ဆရာမ မွန်ဟော်စီရဲ့ ရေးဟန်အတိုင်း အတွေးခွန်အားတွေ ဘ၀နေနည်း ဒဿနတွေ ထုံဖွဲ့သင်းနေတဲ့ စိတ်ခွန်အား စာအုပ်လေးတစ်အုပ်ပါ…

♻ ထူးခြားတာက လူငယ်တွေအတွက် ရေးနေကျပုံစံမျိုးမဟုတ်ဘဲ လူကြီးမိဘတွေအပေါ် စိတ်ခွန်အားဖြစ်စေတဲ့၊ စိတ်အနေတတ်စေမဲ့ စာမျိုးလေးတွေကို ရည်စူးရေးသားထားတာ ဖြစ်ပါတယ်…

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.5 × 0.7 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဇန်နဝါရီလ (စတုတ္တအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.1.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

21 in stock

အမေကိုပြောဖြစ်သောစကားများ အား ဝေဖန်သုံးသပ်မှု 19 ရှိပါသည်။

  1. May Thingyan

    ဆရာမ စာအုပ်တွေ ဖတ်ပြီးရင် စိတ်နေစိတ်ထား လေး ပြောင်းလဲ လာတာတော့ လက်တွေ့မို့ ဒီစာအုပ်လေးလည်း Preorder တင်ခဲ့ပါတယ် ဖတ်နေရင်း အရမ်းအဓိပ္ပါယ်ရှိတဲ့စာအုပ်လေး၊ ဖတ်ပြီးချိန် စာအုပ်လေး ပြီးသွားလို့ နှမျောမိတဲ့အထိပါပဲ အမေမရှိတော့ပေမဲ့ တခန်းဖတ်ပြီးတိုင်း ဖေကြီးကို မျက်လုံးထဲ ပြေးမြင်မိတယ် ဖေကြီး အတွက် ဆရာမမွန် လို့ သမီးမျိုး ဖြစ်ချင်မိတယ်❤

  2. Ookalapa Rhea Rhea (verified owner)

    ဒီစာအုပ်ဖတ်ပြီးပါပြီ တစ်ကယ်အရသာကောင်းတဲ့ဟင်းတစ်ခွက်လိုပါပဲ ။ လူတိုင်းဖတ်သင့်ပါတယ်။ ဒါမဲ့ ကျမမှာ အမေ မရှိတော့ပါဘူး။ အမေ့ကို ကျေးဇူးတင်တယ်ဆိုတဲ့စကားတွေလဲ မပြောလိုက်ရဘူး။ဘာပဲဖြစ်ဖြစ် မိဘနှစ်ပါးကို ကျေးဇူးတင်တယ်ဆိုတဲ့စကားခဏခဏပြောပေးကျပါ။ ဆရာမမွန်ဟောစီကိုကျေးဇူးတင်ပါတယ်ရှင့်။

  3. Bookalicious (verified owner)

    မွေးဖွားခြင်းမှသည် သေဆုံးချိန်အထိ ရှင်သန်ခဲ့ကြတဲ့ လူ့ဘ၀သက်တမ်းတစ်လျှောက်ကို ကျနော်တို့ ဘယ်လိုဖြတ်သန်းကြပါသလဲ?
    လမ်းလျှောက်တတ်စ အရွယ်မှသည် လမ်းမလျှောက်နိုင်လို့ အိပ်ရာထဲ လဲနေရသည့် အရွယ်ထိတိုင်အောင် ဖြတ်သန်းခဲ့ရတဲ့အချိန်တွေသည် ပီဘိများပြားလှစွာ …
    🌱 ငယ်ရွယ်ခြင်းမှ နုပျိုခြင်း …
    🌱 နုပျိုခြင်းမှ အိုမင်းခြင်း …
    🌱 အိုမင်းခြင်းမှသည် ခန္ဓာစဲသည်အထိ …
    ဒီစာအုပ်လေးထဲမှာ ဆရာမက ဆရာမရဲ့ မေမေနဲ့ ကြုံတွေ့နေကျအဖြစ်အပျက်၊ ပြောနေကျစကားလေးတွေနှင့် ဆရာမရဲ့ မိခင်တစ်ယောက်အပေါ် ပြုစုဂရုစိုက်မှုတွေကို စီကာပတ်ကုံးရေးသားထားပါတယ်။ ရွေးချယ်ခွင့်ရှိတဲ့ ဟောဒီ လောကကြီးမှာ ရွေးချယ်ခွင့်မရှိဘဲရလာတာက မိဘပါပဲ။ ဘယ်လိုမိဘမျိုးဖြစ်ဖြစ် မိဘဆိုတာ သက်ရှိဘုရားပါပဲ။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘကို စိတ်ဓာတ်ခွန်အား၊ ကာယခွန်အား ရှိလာအောင် ဘယ်လိုစကားလေးတွေတော့ပြောပြသင့်တယ်။ ဘယ်လိုပြုစုပုံလေးတွေတော့ လုပ်ဆောင်သင့်တယ်ဆိုတာတွေကိုရေးသားထားပါတယ်။
    ❣️ အမေနဲ့ သမီး
    ❣️ အသက်အိုမင်းကြီးရင့်လာတဲ့အခါ
    ❣️ Successful Aging အောင်မြင်ပျော်ရွှင်စွာအိုမင်းသွားခြင်း
    ❣️ ဘယ်လိုစိတ်မျိုးနဲ့ အိုမင်းသွားကြမလဲ
    ❣️ အသက်ကြီးသူနဲ့ ငယ်သူ … အတူနေကြရာတွင်
    ❣️ အမေကိုပြောဖြစ်သော တရားများ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်၀င်စားဖွယ်ရေးသားထားပါတယ်။ မိဘနှင့်သားသမီး ဆက်ဆံရေးအတွက်သာမက စာဖတ်သူကိုယ်ကိုယ်တိုင်အတွက်ပါ အသက်ကြီးပျင်းလာတဲ့အခါ ဘယ်လိုနေထိုင်ကြီးပျင်းရမလဲ? Successful Aging ဖြစ်အောင် ဘယ်လိုနေထိုင်သွားမလဲ? Retiring နှင့်ပတ်သက်တဲ့အကြောင်းတွေကရော ဘာတွေရှိမလဲ? Mentally Strong ဖြစ်အောင်၊ ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကို သွေဖီမသွားရလေအောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲ ဆိုတဲ့အချက်တွေကို ဆရာမကသူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံမှ တဆင့် စာဖတ်သူတွေရဲ့ ရင်ထဲရောက်အောင် စကားလုံးလေးတွေနဲ့ ပစ်သွင်းထားပါတယ်။

  4. ma wine moht moht

    မေမေကိုပြောဖြစ်သောစကားများ အရမ်းကြိုက်တယ် လူကြီးတွေအတွက်စိတ်ခွန်အားရစေတဲ့အပြင် သားသမီးတွေလည်း မိဘရှိတုန်း ပြုစုစောင့်ချင်အောင်ဆွဲဆောင်သွားနိုင်တဲ့ စာအုပ်လေးပါ ။စာရေးသူရေးတာထိမိတာဆိုရင် မိဘဆိုသက်ရှိဘုရားပါ ကိုယ့်အတွက်ကုသိုလ်ထုတ်ကြီးပါတဲ့ အသက်ရှိတုန်း ဂရုစိုက်ကျွေးမွေးပြုစုဖို့ ပြောထားတာလေး သဘောအကျဆုံးပါရှင့်

    မိဘကိုကျွေးမွေးဖို့အချက်ငါးချက်ရှိပါတယ်။ မိဘကိုစိတ်စေတနာထားပြီးကျွေးမွေးစောင့်ရှောက်နိုင်ဖို့ ၊ ပြုစုစောင့်ရှောက်နိုင်တဲ့အခြေအနေလည်းရှိဖို့ ၊ကိုယ့်ကို မိဘအားကိုးနေတဲ့အခြေနေဖြစ်ရမယ်။မိဘအသက်ရှင်ရမယ်။ မိဘကျန်းကျန်းမာမာနဲ့ ပြုစုစောင့်ရှောက်တာ ခံယူနိုင်တဲ့ အနေအထားမျိုးလည်းရှိရမယ်လို့ ရေးထားလို့ အရမ်းအသိပညာရအောင် ဆရာမရေးသွားနိုင်ပါတယ်။ ကိုယ့်အတွက်လည်း အသိတခုပိုရရှိသွားပါတယ်။ကိုယ့် မိဘမှာအခု အချက်ငါးချက်လုံးရှိလို့ ပိုပြီပြုစုမယ် ကုသိုလ်ထုတ်တွေအများကြီးရအောင် ကိုယ့်ကိုလမ်းညွှန်ပေးနိုင်ခဲ့တဲ့စာအုပ်လေးမို့ အရမ်းကြိုက်တယ်။ တရားသဘောလေးတွေလည်း ထည့်ပေးထားလို့ တရားအသိလည်း ထပ်ရစေမည့် စာအုပ်ကလေးပါ ကိုယ့်မိဘအတွက်ဖတ်ဖို့တင်မဟုတ်ဘူး ကိုယ့်အသက်ကြီးလို့ မေမေနေရာရောက်ရင်လည်း ပြုပြင်နေထိုင်နိုင်မည့် အကြောင်းအရာလေးတွေပါတော့ အရမ်းကြိုက်လို့ လက်ကမချချင်အောင်ဆွဲဆောင်လွန်းခဲ့ပါတယ် ဆရာမမွန်အမေလိုပဲ လူကြီးတိုင်းက ဘုစုခရုတွေ စုတက်ကြပါ သလား။ ကိုယ့်မေမေနဲ့လည်းအရမ်းတူပါတယ် ကိုယ့်မေမေအိပ်ခန်းဆိုဟိုတွဲလောင်းဒီတွဲလောင်း ဟိုဟာကလိုအပ်သလို ဒီပစ္စည်းကအသုံးပြုမလိုနဲ့ ပစ္စည်းတွေတော်တော်များပါတယ် ကိုယ့်မေမေဟာ သူပစ္စည်းတွေနေရာရွေ့ရင်အရမ်းသိပါတယ် သူထားတာမဟုတ်ရင် အရမ်းဆူပါတယ်ပြောပါတယ် တစ်ခါခါကလေးတစ်ယောက်လို စိတ်ကောက်ပါတယ်။ တချို့စာ တွေက ကိုယ့်မေမေနဲ့ ဆရာမမွန်အမေက အရမ်းတူပြီး တိုင်ဆိုင်လွန်းပါတယ်။ အရမ်းကြိုက်လို့ ဖတ်တာလည်း နှစ်ခါရှိပါပြီ နောက်လည်းအထပ်ထပ်မှတ်မိတဲ့အထိ ဖတ်ချင်ပါသေးတယ်။ ဆက်လက်အားပေးနေမယ့် ဆရာမွန်ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ပထမဆုံးရေးမိတာမို့ အမှားပါရင် တောင်ပန်းပါတယ်🙏🙏🙏🙏🙏

    22.4.2022(သောကြာနေ့)

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ