ဟန်ချက်ညီသောဘ၀

( 0 မှတ်ချက်)

5000 (ကျပ်)

Balance Wheel ဆိုတာဟာ… ဘဝဖြစ်တည်မှုတွေရဲ့ အခြင်းအရာမျိုးစုံပါဝင်တဲ့ (Wheel of Life).. ဘဝစက်ဝိုင်း… ဘယ်လောက်အတိုင်းအတာထိ ဟန်ချက်ညီမျှမှု ရှိနေသလဲဆိုတာကို ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ကိရိယာ (Self Assessment Tool) တစ်ခုဖြစ်သလို၊ ကိုယ်တိုင် မျက်စိနဲ့မြင်နိုင်တဲ့ တင်ပြချက် (Visual Presentation) တစ်ခု ဖြစ်ပါတယ်။

ကိုယ့်ဘဝရဲ့ ဟန်ချက်ညီမျှမှု၊ မညီမျှမှုတွေကို ကိုယ်တိုင်ဆန်းစစ်တွေ့မြင်နိုင်ပြီး ပြန်လည်ချိန်ညှိနိုင်ဖို့ (Self-Reflection လုပ်နိုင်ဖို့) Balance Wheel ဟာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Balance Wheel စာစုများကို အချိန်ပေးဖတ်ကြည့်ဖို့နဲ့… ကိုယ်တိုင်လည်းစဉ်းစားရင်းလိုက်ပါလုပ်ဆောင်ဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

မိမိရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေဟာ ဟန်ချက်ညီရဲ့လားဆိုတာ သင့်ကိုယ်သင်မေးခွန်းတွေမေးပြီး ဆန်းစစ်ဖူးပါရဲ့လား? ဘဝရဲ့ ဖြစ်တည်နေထိုင်မှုတွေဟာ ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ သာတူညီမျှမှုရှိပါရဲ့လား? သင့်ရဲ့ လက်ရှိအခြေအနေတွေရော အားရကျေနပ်မှု ရှိနေပါရဲ့လား? ဒီမေးခွန်းကို ယခု Balance Wheel ဆိုတဲ့ စာအုပ်လေးက ကူညီဖြေရှင်းပေးပြီး သင် သွားချင်တဲ့ ရည်မှန်းချက်ကို အရောက်ပို့ဆောင်ပေးပါလိမ့်မယ်…

စာမျက်နှာ

244

စာအုပ်အရွယ်အစား

5 x 0.5 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 မေလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

  1. Pyae Ar Kar

    ဟန်ချက်ညီသောဘ၀

    ခေါင်းစဉ်လေးကိုတွေ့လိုက်ကတည်းက ရင်ခုန်သွားတယ် ၊ ကိုယ့်ကိုကိုယ်လည်း တွေးမိတယ် ငါ့ဘ၀ဟာ ဟန်ချက်ညီတဲ့ ဘ၀ဖြစ်ရဲ့လားပေါ့ ၊ ဟန်ချက်ညီတဲ့ ဘ၀ဖြစ်အောင် ဒီစာအုပ်လေးကို သေချာဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်

    ကျွန်တော်အပါအ၀င် လူတော်တော်များများရဲ့ ဘ၀တွေဟာ ဟန်ချက်ညီတဲ့ ဘ၀‌ေတွ ဖြစ်မနေခဲ့ဘူးလို့ မြင်မိတယ် ၊ များသောအားဖြင့် ကျွန်တော်တို့ အဆင်မပြေဖြစ်နေတဲ့ ပြဿနာတွေဟာ ဘ၀ကို ဖြတ်သန်းတဲ့ အစွန်းရောက်ပုံစံတွေကြောင့်ပဲဖြစ်တယ်

    ဥပမာ – ကျွန်တော်ဆိုရင် စာအုပ်တွေကို ချစ်တော့ အွန်လိုင်းကနေ စာအုပ်တွေအများကြီးမှာလေ့ရှိတယ် ၊ ရှာနိုင်တာထက် ပိုမှာမိတယ် ၊ စာအုပ်ဖိုး ပေးရခါနီးဆိုရင် ကူပါ ကယ်ပါ ဖြစ်ဖြစ်သွားတဲ့အထိ စိတ်တွေရှုပ်ထွေးသွားရတယ် ၊ တကယ်တော့ ကျွန်တော် ဖတ်နိုင်တာထက် ကျွန်တော် သုံးသင့်တဲ့ ငွေပမာဏထက် ပိုသုံးမိတာကြောင့် ဒီလိုဖြစ်ရခြင်းပါ

    လူတ်ောတော်များများကလည်း အွန်လိုင်းကနေ ပစ္စည်းတွေအရမ်းမှာမိတတ်ကြတယ် ၊ ရှာနိုင်တာထက် ငွေပိုသုံးမိသွားတာမျိုး ဖြစ်တတ်ကြတယ် ၊ အဲ့အခါမှာ အရေးရယ် အကြောင်းရယ် ဖြစ်လာပီဆို ကိုယ်မျှမျှတတ မသုံးမိခဲ့လို ခုလိုဖြစ်ရတာဆိုပြီး စိတ်ဆင်းရဲကြရော

    ဒါက ငွေရေးကြေးရေးကိုပဲ ဥပမာ အနေနဲ့ပြောတာပါ ၊ တကယ့် တကယ်တမ်းတော့ ငွေရေးကြေးရေးအပြင် Relationship တစ်ခု Balance ဖြစ်ဖို့ ၊ အတွေးအခေါ်တွေ Balance ဖြစ်ဖို့ ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး Balance ဖြစ်ဖို့ အစရှိတဲ့ ဘ၀တစ်ခုကို ဖြတ်သန်းတဲ့အခါမှာ အရာအားလုံး Balance ဖြစ်ဖို့ လိုပါတယ်

    ဒီစာအုပ်လေးထဲမှာပါတဲ့ Balance Wheel လေးကိုဖြည့်ကြည့်ပြီး ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကိုမြင်မိသွားတယ် ၊ သေချာတွေးပြီး လက်တွေ့စမ်းကြည့်တော့ နည်းလမ်းလေးတွေက စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေတယ် ၊ မှန်ကန်တဲ့အမြင်တွေကို ရရှိခဲ့တယ်

    Physical ၊ Emotional ၊ Social ၊ Work/Financial ၊ Personal ၊Mindfulness ဆိုပြီး အကန့်ခြောက်ကန့်ခွဲထားလို့ ဖတ်ရတာ အဆင်ပြေပါတယ်

    တနေ့ကို စာနည်းနည်းချင်း ဖတ်သွားလို့လည်း အဆင်ပြေပါတယ် ၊ ကိုယ်ဖတ်ပြီး သလောက်ကို သေချာလေးတွေးပြီး တကယ်နားလည်သဘောပေါက်သွားမယ်ဆိုရင် အကျိူးရှိစေမှာ အမှန်ပါပဲ …..

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ