
Abundance & Miracles Package
30000 (ကျပ်)
The Flow Of Abundance (လိုတရ)
===
Abundance ပြည့်စုံကြွယ်ဝခြင်း/ လိုတရခြင်းဆိုတာဟာ ရေစီးကြောင်းတစ်ခုလိုစီးဆင်းနေတဲ့စွမ်းအင်ဖြစ်ပါတယ်။ နေ့စဉ် ကိုယ့်အတွေးတွေ၊ ခံစားမှုတွေ၊အပြုအမူတွေကလည်း ကိုယ့်ရဲ့ Abundance Flow ပေါ်မှာ သက်ရောက်မှုရှိနေတာစိတ်ဝင်စားစရာပါပဲ။ လူတစ်ယောက် Abundance ဖြစ်တယ်ဆိုတာသူ့ရဲ့ စိတ်နေစိတ်ထားကသာလျှင် အဓိကကျတယ်ဆိုတာ နားလည်သဘောပေါက်လာရတယ်။ Abundance ဆိုတာ လူအများထင်ထား၊ သိထားကြတာထက် အများကြီး ပိုပြီးကျယ်ဝန်းနက်ရှိုင်းတယ်။
ချမ်းသာခြင်း၊ ပြည့်စုံခြင်းကို Abundance လို့ ပြောကြတယ်။ ကိုယ်လိုချင်တာရတော့မှ Abundance ဖြစ်တယ်လို့ ဆိုနိုင်တာမဟုတ်ဘဲ ကိုယ်ကပေးနိုင်တာကလည်း Abundance ဖြစ်တာပါပဲ။ ပေးတာပဲဖြစ်ဖြစ်၊ ရတာပဲဖြစ်ဖြစ်၊ ဘယ်အလုပ်ကိုပဲလုပ်လုပ်.. စိတ်ချမ်းသာမှုနဲ့ယှဉ်တွဲနေတယ်၊ စိတ်ကျေနပ်နေတယ်ဆိုရင် Abundance ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။စိတ်ကချမ်းသာပြည့်စုံလေ Abundance Flow ကလည်း ကိုယ့်ဆီကို အဆပေါင်းများစွာပွားပြီး ရောက်လာလေဖြစ်တယ်။
Money Mindset Miracles
===
Money Mindset Miracles စာအုပ်ကိုဖတ်ပြီး..အိမ်ခြံမြေတွေ အကုန် အရောင်းထွက်သွားတယ်.. ချက်ချင်းငွေတွေ၀င်လာတယ်လို့တော့ ရှိလာမှာမဟုတ်ပါဘူး..။ ငွေသာ အရေးအကြီးဆုံးလို့ လောဘတက်နေဖို့လည်း ဒီစာအုပ်ထဲမှာ ရေးမထားပါဘူး..။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး ဘယ်အရာကိုဆောင်.. ဘယ်ယတြာကိုလုပ်ပါဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။
ဒီစာအုပ်မှာဖတ်ရမဲ့ အကြောင်းတွေက.. မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြ၀ဠာရဲ့ စွမ်းအင်သဘော.. Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု.. Transformation တွေ..၊ အေးချမ်းသော.. ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကို နားလည်လုပ်ဆောင်နိုင်မဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ဘ၀မှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ Law of Attraction ရဲ့ သဘောတရားအရ ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေး ဆွဲယူတတ်မှသာ ဘ၀မှာ Miracle ဆိုတဲ့ အံ့သြဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်..။
မိမိတို့ ရသင့်ရထိုက်တဲ့.. ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကို ဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း.. Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး.. ဘာသာမရွေး လိုက်ပါလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။
Miracle Money Notes
===
Card Deckလေးဟာ ဆရာမမွန်ရဲ့ Collage Mixed Media Art များနဲ့ ကိုယ်တိုင် ဖန်တီးရေးဆွဲထားတဲ့ တတိယမြောက် ကဒ်ထုတ်လေးပဲ ဖြစ်ပါတယ်။ ဗေဒင်၊ကံကြမ္မာ၊ရှေ့ဖြစ်ဟောတဲ့ Card မဟုတ်ဘဲ ငွေကြေးစွမ်းအင်နဲ့ပတ်သက်တဲ့ သတိပြုဖွယ်သဘောထား အမြင်များကို ကဒ်ဆွဲတဲ့ စက္ကန့်ပိုင်း အချိန် လေး အတွင်းမှာ ချက်ချင်း သိရှိနားလည်နိုင် Wisdom Card Deck အမျိုးအစားဖြစ်ပါတယ်။ ( Money Mindset Miracles စာအုပ်ဟာထုတ်ဝေပြီး သုံးလအချိန်အတွင်းမှာအုပ်ရေတစ်သောင်းကျော် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ တတိယ အကြိမ်အထိရိုက်နှိပ်ပြီးလည်း ဖြစ်ပါတယ် .. )
| Money Mindset Miracles | 👉https://www.pannsattlann.com/product/money-mindset-miracles-2/ |
|---|---|
| The Flow Of Abundance (လိုတရ) | 👉https://www.pannsattlann.com/product/abundance/ |
| Card Deck သီးသန့် | Miracle Money Notes သီးသန့်မှာယူရန် |
| လက်ဆောင် | ❤️ ယခုPacakgeလေးမှာယူပါက Miracle Money Notes Card Deck ဗူးလေးကို အမှတ်တရလက်ဆောင်အဖြစ်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ |
12 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ