ကျေနပ်စွာလမ်းခွဲခြင်း (Healthy Divorce)

( 36 မှတ်ချက်)

5000 (ကျပ်)

◾️ Healthy Divorce ဆိုပေမယ့်ကွဲကွာဖို့ အကြောင်းတွေကိုချည်းရေးသားထားတာ မဟုတ်ပါဘူး…

◾️ မေတ္တာတရား၊ နားလည်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ရင့်ကျက်ခြင်း၊ နွေးထွေးခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားတတ်ခြင်း စတဲ့ချစ်ခြင်းရဲ့ အနုပညာတွေကို ခံစားနားလည်နိုင်ပြီး …..

◾️ ပိုကောင်းမွန်တဲ့ Healthy Relationshipတွေကို တည်ဆောက်ကာ တွဲခဲ့ရတဲ့ ရွှေလက်တွေ ဆက်လက်ခိုင်မြဲနေစေဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်…

စာမျက်နှာ

228

စာအုပ်အရွယ်အစား

5.7 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဖေဖော်ဝါရီလ (ပထမ-ကြိမ်)

76 in stock

ကျေနပ်စွာလမ်းခွဲခြင်း (Healthy Divorce) အား ဝေဖန်သုံးသပ်မှု 36 ရှိပါသည်။

  1. Daniel Ont (verified owner)

    လွယ်ကူစွာ ချစ်တတ်၊ မုန်းတတ်ကြတယ်
    ခါးသည်းမှုတို့နဲ့မုန်းတီးစွာလမ်းခွဲကြဖို့ ရွေးချယ်ကြတယ်
    တကယ်‌ချစ်တတ်တာ မှန်ရဲ့လား
    အတ္တလား၊ မာနလား၊ လွဲမှားတဲ့ ချစ်ခြင်းလား
    Relationship တစ်ခုကိုတည်ဆောက်ဖို့အတွက် အချိန်တစ်ခုကို လုံလုံလောက်လောက် ရင်းနှီးကြတယ်
    တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးလေ့လာကြတယ် ညှိနှိုင်းတိုင်ပင်ကြတယ် ဒါပေမဲ့ unhealthy ဖြစ်လာတဲ့ relationship တွေမှာ Divorce ဆိုတဲ့ လမ်းခွဲခြင်းကို ရွေးချယ်ဖို့အကြောင်းဖန်လာပြန်တယ်
    တစ်ယောက်ကို တစ်ယောက်အပြစ်မြင်လာကြတယ် အပြန်အလှန်နားလည်ဖို့ ညှိနှိုင်းတာတွေ မရှိတော့ သူ့ကြောင့်ငါ့ကြောင့်တွေနဲ့ အသေးအဖွဲ ကစတဲ့ပြဿနာရဲ့အဆုံးမှာ မုန်းတီးခြင်းတို့ဖြင့် လမ်းခွဲကြတယ်
    ကျေနပ်စွာတွေ့ဆုံ မြတ်နိုးခဲ့ပေမဲ့ ကျေနပ်စွာလမ်းခွဲခြင်းကို ရွေးချယ်နိုင်စွမ်းမရှိကြတော့ဘူး
    အဆင်မပြေတာတွေများလာတဲ့ အခြေအနေတွေမှာ နှစ်ဦးသဘောတူ လမ်းခွဲခြင်းကမှ သူ့အတွက်ကိုယ့်အတွက် ပိုကောင်းတဲ့ အနေအထားတစ်ခုကို ရောက်စေနိုင်တာ။ ရှေ့ဆက် ကိုယ်ကိုယ်တိုင် Move on လုပ်နိုင်ဖို့လည်းအရေးကြီးတယ်။
    ဆရာမ မွန်ဟော်စီရဲ့
    ကျေနပ်စွာလမ်းခွဲခြင်း ( Healthy Divorce ) စာအုပ်က
    လူတိုင်းကြုံတွေ့ရမဲ့ အချစ်မှာ ပိုရင့်ကျင့်လာစေဖို့၊ အချစ်ရဲ့ အနှစ်သာရကို အပြည့်အ၀ ခံစားနားလည်စေနိုင်ဖို့ကို တစ်ခန်းခြင်းစီ သေချာလေးရေးထားတာလေးကို ကျွန်တော်အရမ်းသဘောကျရတယ်။
    ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်ဖို့ခက်ခဲတာတွေ၊ ပြဿနာသေးသေးလေး‌တွေကို ဖြေရှင်းရခက်ခဲနေတာမျိုးတွေမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူတစ်ခုခုတော့ ပေးစွမ်းနိုင်မှာသေချာတယ်
    Single ဖြစ်ဖြစ်၊ Married ဖြစ်ဖြစ် ဒီစာအုပ်လေးကို ဖတ်သင့်တယ်လို့ ကျွန်တော်မြင်တယ်
    Single တစ်ယောက်အနေနဲ့ ဒီစာအုပ်ကနေ ရှေးမှာကြုံလာနိုင်မယ့် ကိစ္စအ၀၀ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတဲ့ solution တစ်ခုတော့ ရှာဖွေနိုင်လိမ့်မယ်ဆိုတာ အာမခံတယ်။
    Married တွေကလည်း ကိုယ့်ရဲ့ Partner နဲ့ Healthy ဖြစ်တဲ့ Relationship တစ်ခုကိုဘယ်လို တည်ဆောက်မလဲ၊ ကိုယ့်သား၊သမီးတွေနဲ့ နားလည်မှုဘယ်လိုထားကြမလဲဆိုတဲ့ နေရာမှာ ဒီစာအုပ်လေးက အရမ်းကျိုးရှိမှာသေချာတယ်။
    Society တစ်ခုမှာ ဘယ်သူမဆို အခက်အခဲ၊ ပြဿနာလေးတွေတော့ ရှိတတ်ကြတာပဲ
    ဒါတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတဲ့အပေါ်မှာဘဲ Fulfilment ကတစ်ယောက်နဲ့တစ်ယောက်က ကွာသွားမှာဘဲလေ။
    ကျေနပ်စွာလမ်းခွဲခြင်း ( Healthy Divorce ) စာအုပ်လေးက ကျွန်တော်အတွက် Divorce ဆိုတာထက် မှန်ကန်စွာချစ်တတ်စေဖို့ကို လမ်းပြပေးနေသလို ခံစားရတယ်။
    ခေါင်းစဉ်တိုင်းကလည်း အနှစ်ရသနဲ့ အဓိပ္ပါယ်ပြည့်၀တယ်။ စာအုပ်ကိုလက်ကမချချင်လောက်အောင် စွဲဆောင်နိုင်လွန်းတာ။
    တမူထူးခြားတာက ဆရာမရဲ့အရေးအသားကို ကျွန်တော်အရမ်းသဘောကျတယ် ဆရာမနဲ့တိုက်ရိုက် စကားပြောနေသလိုကို ခံစားစေတယ်။ အင်္ဂလိပ်ဝေါဟာရလေးတွေ စကားစုလေးတွေကို ပညာသားပါပါ ညှပ်ထည့်ထားတာလေးကတော့ အကြိုက်ဆုံးပေါ့ဗျာ။
    ကျေနပ်စွာလမ်းခွဲခြင်း ( Healthy Divorce ) စာအုပ်လေးကို လူတိုင်းဖတ်သင့်တယ်လို့ ကျွန်တော်အကြံပေးချင်တယ်။ သဘာ၀ဆန်ပြီး စနစ်ကျတယ်၊ လက်တွေ့ဆန်တယ်။
    ဆရာမရဲ့ Relationship ကိုပါထည့်ရေးထားတော့ အရမ်းမိုက်တယ် ကျွန်တော်ဆို ဖတ်ရင်းနဲ့ကို ပြုံးနေမိတာအမှန်ဘဲ။
    လူတိုင်းမ‌ဖတ်မနေဖတ်ရမယ့် စာအုပ်တွေညွှန်းပါဆို ဒီစာအုပ်လေးကို မပါမဖြစ် review ပေးမိမှာဘဲ☺️
    Highly highly recommend 👍
    အချိန်ရရင် Healthy Divorce လေးကို ဖတ်ကြည့်လိုက်ပါဗျ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မွန်ဟော်စီ စာအုပ်များ