လိုချင်စိတ်ကို အဆိပ်ထုတ်ခြင်း

( 0 မှတ်ချက်)

22000 (ကျပ်)

တောင့်တပါ၊ ယုံကြည်ပါ၊ ပုံဖော်ပါ၊ ပြီးရင် သင်လိုချင်တာ တွေ လက်ဝယ်ပိုင်ဆိုင်လာလိမ့်မယ်။

ဒီစာသားတွေက ဒီနေ့ခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ၊ စာအုပ်စင်တွေပေါ်မှာ သီချင်းတစ်ပုဒ်လို ညံစီနေခဲ့တာ ကြာပါပြီ။

🔹 Manifestation (စိတ်ကူး ဖြင့် ပုံဖော်တောင့်တခြင်း) ဆိုတဲ့ စကားလုံးက ကမ္ဘာကြီးကို လွှမ်းမိုးထားတယ်။

“ငါသာ စိတ်ကူးပြင်းပြရင်၊ ငါသာ ဆုတောင်းကောင်းရင် အားလုံးဖြစ်ရမယ်” ဆိုတဲ့ အတွေးနဲ့ ကျွန်မ တို့ နေ့စဉ် လိုချင်တဲ့အရာကို စာအုပ်ထဲချရေးကြတယ်။

Manifestation တွေ လုပ်ကြ တယ်၊ ညအိပ်ခါနီး တရားမှတ်သလိုလိုနဲ့ လိုချင်တာတွေကို စိတ်ထဲပုံဖော်ကြည့်ကြတယ်။ ဒါပေမဲ့ တစ်ချက်လောက် ဆန်းစစ်ကြည့်ရအောင်။

🔹 အဲဒီလို လိုချင်တာတွေကိုManifest လုပ်နေရင်းနဲ့ပဲ စိတ်ထဲမှာ မောပန်းလာတာ ကို သတိထားမိပါသလား။

နေ့စဉ် Vision Boardကို ကြည့်ပြီး “ငါ ဘာလို့ အခုထိ လိုချင် တာတွေ မရသေးတာလဲဆိုတဲ့ ဒွိဟစိတ်၊ “ငါ့ Manifestation လုပ်တာ မှားနေလို့လား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်၊ သူများတွေအောင်မြင်တာ မြင်တဲ့ အခါ ၀င်လာတဲ့ Fomo (လွတ်ကျန်ခဲ့မှာ ကြောက်တဲ့စိတ်) တွေနဲ့ စိတ်ဟာ ဒဏ်ရာရနေတတ်တယ်။

ဒါကို “Manifestation Fatigue” လို့ ခေါ်ပါတယ်။ Fatigue  ဆိုတာ မောပန်း နွမ်းနယ်တာပါ။ ဒီခေတ်ကြီးက ကျွန်မတို့ကို အမြဲတမ်း တစ်ခုခုလိုချင်နေမှ ဘ၀က တိုးတက် မှာဆိုတဲ့ အယူအဆကို မသိမသာ ရိုက်သွင်းနေတာပါ။

🔹လိုချင်တဲ့ဆန္ဒတွေ များလာ တဲ့အခါ ဘ၀က ရှင်သန်ရတာ မဟုတ်တော့ဘဲ ပြေးပွဲတစ်ခုထဲ ရောက်သွားသလို ဖြစ်လာတယ်။ ရပြန်တော့လည်း ခဏပဲပျော်ပြီး နောက်ထပ်အသစ်တစ်ခုကို ထပ်လိုချင်ပြန်ရော။

ဆန္ဒတွေရဲ့နောက်ကို တကောက်ကောက်လိုက်နေရတဲ့ စိတ်ဟာ အနားမရတဲ့ အလုပ်သမား တစ် ယောက်လို ဖြစ်နေပါပြီ။

ဒီလိုစိတ်ပင်ပန်းမှုတွေကို နည်းနည်းဖြစ်ဖြစ် လျှော့ချပေးချင်တဲ့ ဆန္ဒနဲ့ Mental Detox ကို ရေးသားခဲ့ပြီး ငါးနှစ်အကြာမှာ Desire Detox • DeManifestation (လိုချင်စိတ်ကို အဆိပ်ထုတ်ခြင်း) ကို ဆရာမ Mon Halsey က ဆက်လက်ရေးသားဖြစ်ခဲ့ပါတယ်။

စိတ်ထဲက အဆိပ်အတောင်ဖြစ်စေတဲ့ အတွေးတွေကို ရှင်းလင်းဖို့ကြိုးစားခဲ့ပြီးတဲ့နောက်မှာ မလိုအပ်တဲ့ လိုချင်စိတ်တွေကိုလည်း ပြန်သတိပြုနိုင်ဖို့ ဖြစ်ပါတယ်။

ဘဝကို ပိုပြီး ပြည့်ကျပ်အောင် ဖြည့်ဆည်းနေမဲ့အစား ဘာတွေကို လျှော့ချလိုက်ရင် ပိုပြီး ပေါ့ပါးလာနိုင်မလဲဆိုတာကို အတူတူ ရှာဖွေကြရအောင်။

စာမျက်နှာ

280 (Woodfree Paper)

စာအုပ်အရွယ်အစား

6 x 0.6 x 8.8 inches

ပုံနှိပ်မှတ်တမ်း

ဇွဲသီဟစာပေ၊ ၂၀၂၆ နိုဝင်ဘာလ၊ (ပထမအကြိမ်)

70 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လိုချင်စိတ်ကို အဆိပ်ထုတ်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မွန်ဟော်စီ စာအုပ်များ