ထူးဆန်းတဲ့အမေရိကန်လူမျိုး

( 0 မှတ်ချက်)

13000 (ကျပ်)

အမေရိကန်နိုင်ငံက ရွေ့ပြောင်းအခြေချနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ပါတယ်။ 🇦🇸 အမေရိကန်မှာ အမေရိကန်‘လူမျိုး’ဆိုပြီး မရှိပါဘူး။ ဒါဆို ဘာဖြစ်လို့ စာအုပ်နာမည်မှာ အမေရိကန်လူမျိုးလို့ သုံးသလဲလို့ မေးစရာရှိလာပါတယ်.။  အမေရိကန်ဟာ လူမျိုးပေါင်းစုံ နေထိုင်တာကြောင့် နိုင်ငံတွင်း နေထိုင်သူတွေမှာ သူ့လူမျိုး၊ ကိုယ့်လူမျိုး ရိုးရာဓလေ့၊ ရှေးရိုးစွဲတွေ ရှိကြပါတယ် ကမ္ဘာအရပ်ရပ်က ပြောင်းရွှေ့လာကြသူတွေဆိုပေမဲ့ တချို့က အမေရိကန်မှာ မွေးဖွားပြီး တချို့က အသက်ကြီးမှ ရောက်လာသူတွေ ဖြစ်ကြတယ်။ အသက်ကြီးမှ ရောက်လာသူတွေ ဒါမှမဟုတ် ပထမမျိုးဆက်အဖြစ်နဲ့ ရောက်လာသူတွေမှာ ကိုယ့်နိုင်ငံက ပါလာတဲ့ အတွေးအခေါ်၊ ရှေးရိုးစွဲတွေ ရှိတတ်ပါသေးတယ်။

ဒီစာအုပ်ထဲမှာပါတဲ့ ‘အမေရိကန်လူမျိုး” ဆိုတာက အမေရိကန်မှာ မွေးဖွားတဲ့ ဒါမှမဟုတ် အမေရိကန်မှာ မျိုးရိုးစဉ်ဆက်နေထိုင်တဲ့ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် စတာတွေကို ညွှန်းပါတယ် ၊ သူတို့က အမေရိကန်မှာမွေး၊ အမေရိကန်မှာကြီးပြီး အမေရိကန်ပညာရေးကို ခံယူကြတာကြောင့် သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ အတွေးအမြင်၊ သွန်သင်မှု၊ ပညာပေး မှုတွေ ရှိကြပါတယ်။ ဒါတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

344

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဧပြီလ (ပထမအကြိမ်)

22 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ထူးဆန်းတဲ့အမေရိကန်လူမျိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ