ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့

( 1 မှတ်ချက်)

4500 (ကျပ်)

လူတိုင်း အချစ်နဲ့ မကင်းကြဘူး ..အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း မနည်းဘူး .. အချစ်က ဘ၀မဟုတ်ဘူး .. အချစ်က ဘ၀တစ်ပိုင်းတစပါဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘ၀ပျက်သွားကြတဲ့ လူတွေလည်း ရှိပါတယ် .. ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ .. အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ ယုံကြည်ပါတယ် .. အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘ၀ကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့ အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် …။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ (တတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

6.12.2023 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 4500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

19 in stock

ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat (verified owner)

    “ဒီလောကကြီး သာယာလှပတယ်လို့
    သင်ထင်ရင် လှပမှုတွေက
    သင့်ဆီကို ရောက်လာမယ်။

    ငါဟာ အချစ်ခံထိုက်တယ်လို့
    သင်ထင်ရင် သင့်ကို တကယ် ချစ်မယ့်သူ
    ပေါ်လာမယ်။”

    ဆရာမ “နိုင်းနိုင်းစနေ”ရဲ့
    “ပျော်ရွှင်ဖို့ ဒီလောက် မခက်ခဲပါစေနဲ့”
    ဆိုတဲ့ စာအုပ်လေးကို ဒီနေ့ပဲ
    ဖတ်ဖြစ်ပါတယ်။

    စာအုပ် ခေါင်းစဥ်လေးအတိုင်းပဲ…

    ကျွန်မတို့ လူသား အားလုံးဟာ
    ပျော်ရွှင်ချင် ကြပါတယ်။

    ဒါပေမဲ့ တွေ့ကြုံ ဖြတ်သန်းလာရတဲ့
    ဘဝပေး အခြေအနေတွေ၊ ချစ်ခြင်းမေတ္တာတွေရယ်ကြားမှာ၊
    စိတ်မထားတတ်တဲ့အခါ
    စိတ်ဖိစီးမှုတွေ ရလာနိုင်သလို၊
    စိတ်သောက ရောက်တတ်ကြပါတယ်။

    တစ်ယောက်တည်းသမားဖြစ်စေ၊
    ချစ်သူ နှစ်ဦးကြားမှာ ဖြစ်စေ၊
    မိသားစုဆက်ဆံရေးတွေ ကြားမှာဖြစ်စေ၊ ဟန်ဆောင်ခြင်း ကင်းစွာ
    ပျော်ရွှင်နိုင်ဖို့အတွက် ရှိသင့် ရှိအပ်တဲ့ စိတ်နေ သဘောထားလေးတွေကို
    ခေါင်းစဥ်ခွဲပေါင်း(၅၅)ခုနဲ့ ဖော်ပြပေးထားတာမို့၊ အချိန်လေး ယူပြီး
    အေးအေးဆေးဆေး ဖတ်ကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။

    ဖတ်ပြီးသွားတော့ စိတ်ထဲမှာ
    စွဲကျန်နေခဲ့တဲ့ စကားလေး
    တစ်ခွန်းရှိတယ်။

    “အရွယ်ရောက်သူတိုင်းရဲ့
    လောက,က ဒီလိုပါပဲ။
    တစ်ဖက်မှာ နာကျင်လည်း
    တစ်ဖက်မှာ ဟန်ဆောင်ပြုံးတယ်တဲ့။”

    ကျွန်မတို့တွေ ကိုယ့်ပုံစံလေးအတိုင်း
    နေခွင့်မရတဲ့ ဘဝတွေမှာ
    အသားတကျ ဖြစ်နေကြပြီ ထင်ပါရဲ့။

    “ကြံ့ခိုင်ချင်ဟန်လည်း မဆောင်ပါနဲ့…။

    ငိုစရာရှိရင် ငို၊ ပျော်စရာရှိရင် ပျော်…။

    အရင်တုန်းက သင်ဟာ တုံးအအ၊
    ရိုးလွန်း၊ ချစ်စရာကောင်းလွန်းတယ်။

    အခုအချိန်မှာ သင်ဟာ ထက်မြက်ပြီး
    အသိညဏ်နဲ့ ပြည့်စုံ တည်ငြိမ်နေပါပြီ။

    အရင်တုန်းကပဲဖြစ်ဖြစ်၊
    လက်ရှိအချိန်မှာပဲဖြစ်ဖြစ် တကယ်တော့
    သင်ဟာ သင်ကိုယ်တိုင်ရဲ့ အကောင်းဆုံး
    သင်ပဲဖြစ်ပါတယ်။”

    ဒီစကားလေးတွေကြောင့် နှစ်သိမ့်မှုကို
    လက်ခံရရှိသလို အေးချမ်းခြင်းကိုလည်း
    ခံစားမိစေပါတယ်။🥰

    ဆရာမ စာလေးတွေ ဖတ်မိတိုင်း
    စိတ်ရဲ့အကြည်ဓါတ်ကို ခံစားမိတယ်။

    ကြည်မွေ့တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့

    ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပေးပါ။

    ဒီစာအုပ်လေးကိုလည်း ဖတ်ကြည့်ပါ။💙

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ