နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ

( 1 မှတ်ချက်)

4500 (ကျပ်)

နေရှိရာဘက်ကို မျက်နှာမူပြီး ရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေး‌တစ်ပွင့်ကပြောတယ် ” အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့် ၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက် ၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ ” တဲ့ .. ” ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး ၊ တခြားသူရသွားလို့ ဖြစ်တယ် ” နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ဘုန်းကြီးတစ်ပါးက ရှင်းပြခဲ့တယ် .. ” ဖြတ်သန်းရမယ့် နေရက်တွေက ရှည်လျားတယ် ၊ အတူတူ ဆော့ကစားနိုင်မယ့်သူကို ရှာယူပါတဲ့ ” .. အတူဆော့ကစားနိုင်မယ့်သူ ဆိုတဲ့ စာပိုဒ်လေး ဖတ်ပြီးသွားရင် အတူဆော့ကစား ပေးနိုင်မယ့်သူဟာ ရှားပါးတယ်ဆိုတာကို သင်သိသွားပါလိမ့်မယ် .. ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ် .. နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့ …။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 အောက်တိုဘာလ ၊ (စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

29.1.2024 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 4500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

17 in stock

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat (verified owner)

    လက်ဆောင်ရထားတဲ့ စာအုပ်လေး
    ဒီနေ့မနက် ဖတ်ဖြစ်တယ်။

    ဆရာမ နိုင်းနိုင်းစနေရဲ့
    နေကြာပန်းလေး တပွင့်လိုပြုံးပါ…။
    ဆိုတဲ့ စာအုပ်လေးပါ။

    ဒီစာအုပ်လေးထဲမှာ ပန်းကလေးတွေ
    အကြောင်းလည်းပါသလို၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်နေစိတ်ထားအတွက်
    အကြံ ပြုထားတာတွေ၊ စာဖတ်ခြင်းရဲ့
    အကျိုးကျေးဇူးတွေကိုပါ တစုတစည်းထဲ
    ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

    🌻ဘယ်အသက်အရွယ်မဆို ကိုယ်ဝါသနာပါရာကို လုပ်နေနိုင်ရင်
    စိတ်ရောလူပါ နုပျိုနေမှာပါပဲ။

    ဒါကြောင့် သင်ယူချင်စိတ် ရှိနေရင်ကို
    နုပျိုဖို့ ကျန်းမာလန်းဆန်းနေဖို့ အဓိက
    အထောက်အပံ့ ဖြစ်တယ်ဆိုတာကို
    သိခွင့်ရလိုက်ပါတယ်။

    🌻ကလေးတွေကို ကျရှုံးခွင့်ပေးပါ။

    ဒီအကြောင်းအရာလေးကိုလည်း ကျွန်မ နှစ်သက်မိပါတယ်။

    မိဘတော်တော်များများက စိုးရိမ်တတ်ကြလို့ ကလေးဘဝတည်းက ဘယ်အရာမဆို တော်ရုံ ပေးမလုပ်ဘဲ၊ သူတို့ဘာသာ
    လုပ်ပေးကြတာ များပါတယ်။

    ကျွန်မတို့ရဲ့ အယူအဆအကျင့်ဗီဇတွေကို မျိုးဆက်တစ်ခုကနေ တစ်ခုစီ
    လက်ဆင့်ကမ်း ပွားယူနေမိကြလို့ပါပဲ။

    စာအုပ်ထဲက မိသားစုမှာတော့
    ကလေးကို အသက်၂နှစ်တည်းက
    ပန်းကန် ဆေးတတ်အောင်
    သင်ပေးထားသတဲ့…။

    ပထမအကြိမ် ကွဲတာအဆင်မပြေတာ
    ရှိလည်း ပေးလုပ်ပြီး ဘေးကနေ
    သင်ပြပေးရင်း အဲ့ကလေးငယ်ဟာ
    မိဘအလုပ်ကို ကူညီလုပ်ကိုင်နိုင်နေပြီဆိုတာက လေးစားအားကျစရာပါပဲ။

    ဒီလိုအမူအကျင့်လေးတွေနဲ့
    ရှင်သန်ကြီးပြင်းရမယ်ဆိုရင်
    ကလေးတွေဟာ
    ပိုလွတ်လပ် ပျော်ရွှင်နိုင်မယ်လို့
    ထင်မြင် ယူဆမိပါတယ်။

    🌻Verona ရှေးဟောင်းမြို့ကလေးက
    စာဖတ်ကြတဲ့ တောင်းရမ်းစားသောက်သူတွေအကြောင်း ဖတ်ရပြန်တော့
    လေးစားအံ့သြမိတယ်။

    ဘယ်အခြေအနေမှာမဆို စာဖတ်ခြင်းကို နှစ်သက်ကြတဲ့ သူတွေရှိနေနိုင်ပါလား
    ဆိုပြီးတော့ တွေးမိပါတယ်။

    🌻စာအုပ်တွေ လဲလှယ်ဖတ်ရှုကြတဲ့
    ဘာလင်မြို့က စာအုပ်
    သစ်တောအုပ်ကလေးအကြောင်း
    ကလည်း ချစ်စရာကောင်းနေရောပဲ။

    🌻ဆိတ်ဆိတ်ငြိမ်ငြိမ်လေး
    ၆မိနစ်လောက် စာထိုင်ဖတ်ခြင်းကလည်း
    Stress 2/3လောက်
    လျော့စေနိုင်ပါတယ်တဲ့…။

    တကယ်တော့ စာဖတ်ခြင်းရဲ့
    အကျိုးကျေးဇူးတွေက
    ပြောမကုန်နိုင်အောင် များပြားပါတယ်။

    နိုင်ငံတကာမှာလည်း စာဖတ်ဖို့ကို
    အမျိုးမျိုး လုပ်ဆောင်နေကြတာတွေ
    ဖတ်မိပြီး လေးစားအားကျမိတယ်။

    ဒီတော့ ဒီစာအုပ်လေး ဖတ်ပြီးရင်
    မိတ်ဆွေလည်း စာဖတ်ချင်စိတ်
    ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    သဘောကျရတဲ့ စကားလေးနဲ့
    ဒီအညွှန်းကို အဆုံးသတ်ချင်ပါတယ်။

    🌻အားလပ်ချိန်တိုင်း စာဖတ်ပါ။
    စာအုပ်ထဲမှာ တန်ဖိုးဖြတ်မရတဲ့
    ရတနာတွေ သိုဝှက်ထားတယ်။

    တကယ်လို့ ကောင်းကင်ဘုံဆိုတာ ရှိခဲ့ရင်
    အဲ့ဒီ ကောင်းကင်ဘုံဟာ စာကြည့်တိုက်
    ပုံစံပဲ ဖြစ်မယ်ထင်ပါရဲ့။✨️

    #နိုင်းနိုင်းစနေ
    #နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ🌻
    #bookno19

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ