မသွားရရင် သေနိုင်တယ်

( 0 မှတ်ချက်)

7500 (ကျပ်)

“မသွားရရင် သေနိုင်တယ်” စာအုပ်ခေါင်းစဉ်က ပြင်းပြတဲ့ဆန္ဒတစ်ခုကို ဖော်ညွှန်းထားတယ်။
မစားရရင် သေနိုင်တယ်၊ မလုပ်ရရင် သေနိုင်တယ်၊ မမြင်ရရင် သေနိုင်တယ်…. စားကို စားလိုက်ရမှ၊ လုပ်ကို လုပ်လိုက်ရမှ၊ သွားကို သွားလိုက်ရမှ … ဒါတွေဟာ ထက်သန်တဲ့စိတ်ဓာတ်တစ်ခု၊ ပြင်းပြတဲ့ဆန္ဒတစ်ခုဖြစ်တယ်။

ခုလည်း မသွားရရင် သေနိုင်တယ်တဲ့…
ဘယ်ကို မသွားရရင်လဲ..
စက်ဘီးတစ်စီးနဲ့ ကမ္ဘာတစ်ပတ် မပတ်ရရင် ..

စက်ဘီးတစ်စီးနဲ့ ကမ္ဘာတစ်ပတ် မပတ်ရရင် သေသွားနိုင်တယ်။ ဒါကြောင့် သွားကို သွားမယ်။
ပြင်းပြတဲ့ဆန္ဒရဲ့နောက်မှာ လုပ်ဆောင်ချက်တွေက ပါလာတယ်။ လုပ်ဆောင်ချက်ရဲ့နောက်မှာ တွေဝေမှု၊ ကြောက်ရွံ့မှု၊ မိမိကိုယ်ကိုမယုံကြည်မှု.. တွေ ကပ်ပါလာတယ်။ ဖြစ်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတာမျိုး ရှိတတ်တယ်။ တွန့်ဆုတ်ရင်း ရှေ့တိုးကြည့်တော့ ကိုယ်ထင်သလို ခက်ခဲမနေတာကို တွေ့ရသလို ပျော်စရာတွေနဲ့လည်း ကြုံရတယ်။ ပြင်းပြတဲ့ဆန္ဒကို ဇွဲလုံ့လနဲ့ပေါင်းတော့ နောက်ဆုံးမှာ ပန်းတိုင်ကို အရောက်သွားလိုက်နိုင်တယ်။

လူတစ်ယောက်၊ စက်ဘီးတစ်စီး
အချိန် (၇) နှစ်ခွဲ၊
တိုက်ကြီး (၅) တိုက်၊
နိုင်ငံ (၈၇) နိုင်ငံ၊
ခရီးမိုင်ပေါင်း ၅ သောင်း ၈ ထောင်ကျော်
ကမ္ဘာတစ်ပတ်

စာမျက်နှာ

264

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023ဧပြီလ (ပထမအကြိမ်)

59 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မသွားရရင် သေနိုင်တယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ