ကျွန်တော်တို့ ကလေးဆိုးမဟုတ်ပါ

( 1 မှတ်ချက်)

4000 (ကျပ်)

သွန်သင်ဆုံးမမှုဆိုတာ “အမှောင်” ကို အတင်းအဓမ္မဖိနှိပ်တဲ့ဘက်က မဟုတ်ဘဲ ညဏ်ဖွံ့ဖြိုးဖို့ ကူညီတဲ့ “အလင်း” ဘက်ကဖြစ်တယ်။ သူတစ်ပါးရဲ့ဆိုးကွက်ကိုပဲ ကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစား သူရဲ့ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲရှိပါတယ်။ တကယ်တော့ မနှစ်မြို့လည်း ချီးကျူးတတ်ဖို့၊ “သူ့ကိုမနှစ်သက်လည်း သူ့ကောင်းကွက်တွေရှာတတ်ဖို့” သင်ယူသင့်ပါတယ်။

တစ်ခါတလေမှာ “ကျောင်းသားဆိုး” တွေကို ဆရာမတွေ မနှစ်သက်တတ်ကြသလို “ကလေးဆိုး” ကိုလည်း လူတွေ မနှစ်မြို့တတ်ကြပါဘူး။ အဲဒီအချိန်ကြရင် စိတ်ကို တည်ငြိမ်အောင်ထားပြီး တစ်ဘက်လှည့်အတွေးနဲ့ သူ့ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ “အမှန်တစ်ခု” ကိုတွေ့လာနိုင်ပါလိမ့်မယ်။

ကလေးတွေကို “ဆန့်ကျင်၊ ငြင်းဆန်” တဲ့ အကြည့်မျိုးနဲ့ တစ်ချိန်လုံး လုံးဝမကြည့်သင့်သလို “ဝေဖန်၊ အပြစ်တင်” တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။

ဆန့်ကျင်၊ ငြင်းဆန်တဲ့အကြည့်တွေကြားမှာ ကလေးငယ်တွေက မိမိကိုယ်ကို ယုံကြည်မှုမဲ့တာတွေ သင်ယူနိုင်ပါတယ်။ ဝေဖန်၊ အပြစ်တင်တဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက စိတ်ပျက်၊ ဝမ်းနည်းမှုတွေ သင်ယူနိုင်ပါတယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့ အပြောတွေက ကလေးငယ်တွေကို ယုံကြည်မှုတိုးစေပြီး ချီးကျူး၊ ချီးမွမ်းမှုက ကလေးငယ်တွေကို မေတ္တာနဲ့ ကျေးဇူးတရားတွေအကြောင်း သိနားလည်စေပါတယ်။

ယခုစာအုပ်မှာ မိဘ၊ဆရာများနှင့် ကလေးငယ်များကြား နားလည်မှုတိုးလာစေပြီး ပိုမိုထိရောက်သည့် လမ်းညွှန်သွန်သင်မှုများနှင့် လမ်းပြပေးနိုင်မည့် ပေါင်းကူးတံတားသဖွယ် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

96

စာအုပ်အရွယ်အစား

5.4 × 0.2 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 စက်တင်ဘာလ(ဒုတိယအကြိမ်)

16 in stock

ကျွန်တော်တို့ ကလေးဆိုးမဟုတ်ပါ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဆရာမနိုင်းနိုင်းစနေရဲ့ “ကျွန်တော်တို့ ကလေးဆိုး မဟုတ်ပါ” ဆိုတဲ့စာအုပ်လေး ဒီနေ့လက်ထဲရ ဒီနေ့ပဲ ဖတ်ဖြစ်ပါတယ်။

    ဒီစာအုပ်လေးထဲမှာ ဘာသာပြန်
    စာစုပေါင်း(၁၆)ခုပါဝင်ပါတယ်။

    အထူးသဖြင့် ကလေးမိဘတွေ၊ဆရာ၊ဆရာမတွေ ပိုပြီး ဖတ်သင့်တဲ့ စာအုပ်လေးလို့ ထင်မြင် ယူဆမိပါတယ်။

    ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာဆိုရင် ပြောစကားနားမထောင်ရင် ကလေးဆိုး၊ စကားနားထောင်တဲ့ကလေးဆို လူလိမ္မာရယ်လို့ ပုံသေလို သတ်မှတ်ထားကြတာများပါတယ်။

    ဒီစာအုပ်လေး ဖတ်ပြီးသွားတဲ့အခါ
    ကလေးတွေရဲ့ စိတ်ထဲကို မြင်အောင်
    ကြည့်တတ်ဖို့၊မလိမ်မာတဲ့၊ စာမတော်တဲ့ကလေးဆိုပြီး လျစ်လျူမရှုဖို့ စတဲ့အကြောင်းအရာလေးတွေကို တွေးမိစေပါတယ်။

    နောက်ပြီး ကလေးတွေကို ယုံကြည်ပေးဖို့လိုပါတယ်။ယုံကြည်ခြင်းခံရတဲ့ ကလေးတွေက စိတ်ရော လူပါ ပိုပြီး ကျန်းမာ
    သန်စွမ်းနိုင်ပါလိမ့်မယ်။
    ကလေးတွေကို ယှဥ်ပြီး ဆုံးမတာမျိုးကလည်း သိမ်ငယ်စိတ်ဝင်စေတယ်ဆိုတာကို သတိထားစေချင်ပါတယ်။

    တလောက ကြည့်မိတဲ့ ရုပ်ရှင်လေးနဲ့ ဆက်စပ်တွေးမိတာလေး ပြောရရင်
    သူ့အရွယ်နဲ့သူ ကလေးတွေမှာ
    ကလေးအတွေးပဲရှိတာ အကောင်းဆုံးပါပဲ။အရွယ်နဲ့မမျှအောင် ရင့်ကျက်သန်မာအောင် ပုံသွင်းခြင်းကလည်း ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ
    ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါသေးတယ်။

    “ကလေးတွေကို ဂရုစိုက်မှု ပိုပေးပါ။
    စိတ်ပိုရှည်ပေးပါ…ဒါတွေက ကလေးတစ်ယောက်ရဲ့ ရှေ့ရေးကို ပြောင်းလဲစေနိုင်ပါတယ်”

    #နိုင်းနိုင်းစနေ
    #ကျွန်တော်တို့ကလေးဆိုးမဟုတ်ပါ
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #11Sep2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ