နှလုံးသားနက်နက်မှာ ပွင့်တဲ့ပန်း
4000 (ကျပ်)
” နှလုံးသားနက်နက်မှာ ပွင့်တဲ့ ပန်း ” ကို ၂၀၂၀ ပြည့်နှစ် မေလမှာ ထုတ်ဝေခဲ့ပါတယ် .. ၃ နှစ်နီးပါး ကြာခဲ့ပြီမို့ စာအုပ်ဆိုင်တွေမှာ စာအုပ်ပြတ်နေခဲ့တာကြောင့် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေဖြစ်ပါတယ် .. ဒီဒုတိယအကြိမ်မှာတော့ ထုတ်ဝေရေးအသစ်နဲ့ထုတ်တာကြောင့် စာတွေကို ပြင်လည် ပြင်ဆင် တည်းဖြတ်ဖြစ်ပါတယ် .. သိပ်အံမ၀င်တဲ့ စာမူတချို့ကို ဖြုတ်ပြီး နောက်ထပ်စာမူအသစ်တချို့ကို ထပ်ဖြည့်လိုက်ဝောာ့ စာအုပ်ဟာ ပန်းရနံ့တွေ ပိုသင်းထုံသွားသလိုပါပဲ .. ပန်းရံနံ့လေးတွေက ဖတ်သူရဲ့ မျက်လုံးကနေတစ်ဆင့် ရင်ထဲစိမ့်၀င်ပြီး နှလုံးသားကို ပိုနူးညံ့သွားစေမယ် ထင်ပါတယ် .. ပန်းသဘောသဘာ၀ကို လူ့အကျင့်စရိုက်နဲ့နှိုင်းယှဉ်ပြီး ပေါက်ရောက်ရာအရပ်မှာ အစွမ်းကုန် ရှင်သန်ဖူးပွင့်ရဲတဲ့ပန်းတွေအကြောင်း ဖတ်မိရင်ဖြင့် ခွန်အားတချို့ရရှိမယ်လို့ မျှော်လင့်ပါတယ် .. အနည်းဆုံးတော့ ပန်းတွေကို ပိုတန်ဖိုးထား ပိုမြတ်နိုးသွားမယ်လို့ ယုံကြည်ပါတယ် …..
( ဆရာမနိုင်းနိုင်းစနေ၏ အမှာစာမှ )
စာမျက်နှာ | 120 |
---|---|
စာအုပ်အရွယ်အစား | 5 x 0.5 x 7.2 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
Out of stock
Ko Aung Paing Min –
စိတ်ခွန်အားဖြည့်ဖို့…ပေါ့ပေါ့ပါးပါလေးနဲ့…အဆင်ပြေတဲ့တခုပါပဲ…ကျေးဇူးပါ…?
Nan chit chit moe aye –
မိန်းကလေးတိုင်း ပန်းချစ်ကြတယ်။ ပန်းချစ်တဲ့ မိန်းကလေးတစ်ယောက် ပန်းအကြောင်းဘယ်လောက်သိလဲ၊ ပန်းနဲ့ပက်သက်လို့ စူးစမ်းဖူးလား။ ပန်းချစ်တဲ့ကျွန်မတောင် ဒီစာအုပ်ဖတ်ပြီးမှ ပန်းအကြောင်းတွေ ငါမသိသေးပါလားဆိုတာ သိခဲ့ရတယ်။
ပန်းတွေက ကြည့်သူမရှိလဲ အစွမ်းကုန်ပွင့်လန်းကြတယ်။ ပန်းပွင့်ခါနီး ပွင့်ဖက်အသံကို နားထောင်ဖူးလား
ပန်းချစ်သူတွေ ဖတ်သင့်တဲ့ စာအုပ်ဖြစ်သလို ပန်းမကြိုက်ဘူးဆိုတဲ့ သူတွေရော ဖတ်သင့်ပါတယ်။ ပန်းကိုချစ်တဲ့သူတွေ ပိုပိုချစ်သလို မချစ်တဲ့သူတွေပါ ချစ်သွားစေရပါမယ်။
May Yoon –
ပန်းပွင့်တွေလိုပဲရှင်သန်ရတဲ့ခဏမှာာစွမ်းကုန်ကြိုးစားပြီးလှပသွားဖို့ ဒီစာအုပ်လေးကနေ သင်ခန်းစာတွေအများကြီးရခဲ့ပါတယ်
Esther –
တစ်ကယ်ကောင်းတဲ့စာအုပ်လေးပါ