နောက်ဆုံးနတ်သူငယ်

( 3 မှတ်ချက်)

8500 (ကျပ်)

🧙 နတ်သူငယ်ရယ် ၊ လူသားနှစ်ယောက်ရယ် ၊ နဂါးတွေရယ် ပါ၀င်တဲ့ ဒီစာအုပ်လေးဟာ ကလေးစာပေအမျိူးအစားထဲက ဖြစ်ပေမယ့် ဒီစာအုပ်ကို ဖတ်မိတဲ့ လူကြီးတွေကိုယ်တိုင် လက်ကမချချင်လောက်အောင် တမ်းတမ်းစွဲ ဖြစ်သွားခဲ့စေတဲ့ စာအုပ်လေးပဲဖြစ်တယ် ..

🧙 ” ဒီစာအုပ်က ထူးခြားဆန်းကြယ်လွန်းလို့ လူကို မတွေးတတ်စေအောင်ပါပဲ .. နတ်သူငယ်တွေ ၊ နဂါးတွေ ၊ နိမိတ်ဟောစာတမ်းတွေနဲ့ဆိုတော့ မဲပြာပု‌ဆိုးပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ခဲ့မိတယ် .. တကယ်တမ်းဖတ်ကြည့်လိုက်တော့ ဒီစာအုပ်က အဲ့ဒီလိုမဟုတ်ဘူး .. ချစ်စရာကောင်းတယ် ၊ စိတ်၀င်စားဖို့ကောင်းတယ် ၊ ပြီးတော့ ခံစားရတယ် ၊ နာကျင်ရတယ် .. စာအုပ်ထဲမှာပါတဲ့ စကားလုံးတိုင်းက စမတ်ကျတယ် ၊ ဉာဏ်ရွှင်တယ် ၊ တီထွင်ဖန်တီးမှု ရှိတယ် .. သံစုံတီးဝိုင်းလို တကယ်ပဲ လူကို ခံစားသက်၀င်မှု အပြည့်ပေးတယ် .. ” လို့ နိုင်ငံခြားမှ စာဖတ်သူတစ်ယောက်က ခံစားချက်ကို ပြန်လည်မျှဝေထားပါတယ် ..

🧙 ဒါ့အပြင် ဒီစာအုပ်ဟာ အီတလီအင်န်ဒါဆင်ပုံပြင် ရွှေဆု ၊ ပြင်သစ် စိတ်ကူးယဉ်စာပေ ပထမဆု ၊ အမေရိကန် နိုင်ငံခြားစာပေ တစ်သက်တာဆု .. စတဲ့ ဆုတွေကို ရရှိခဲ့တဲ့ စာအုပ်လည်းဖြစ်တယ် …..

စာမျက်နှာ

328

စာအုပ်အရွယ်အစား

5.7 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဖေဖော်ဝါရီလ (ပဉ္စမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.1.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

20 in stock

နောက်ဆုံးနတ်သူငယ် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. WinWin

    ဆရာမရဲ့ စာအုပ်တွေထဲကနေ ဘဝတွက် တန်ဖိုးရှိတာတွေအများကြီးရလိုက်တယ်

  2. Mon Halsey (verified owner)

    ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ နေမကောင်းဖြစ်ခဲ့တာကြောင့်… အိပ်ရာထဲမှာပဲ..စာဖတ်ရင်း အချိန်တွေကုန်ခဲ့ရပါတယ်…

    ဒီရက်ပိုင်းအတွင်းမှာကျွန်မရဲ့ စာအုပ်အဖော်လေးကတော့စာရိပ်မြိုင်စာပေက လက်ဆောင်ပို့ပေးတဲ့..ဆရာမ..နိုင်းနိုင်းစနေ ရဲ့ ဘာသာပြန်ပုံပြင်..စာအုပ်လေးပဲဖြစ်ပါတယ် ..

    အမှန်တိုင်းပြောရမယ်ဆိုရင်..ဒီစာအုပ်ကိုအစပိုင်းမှာ လုံးဝစိတ်ဝင်စားမှု..မရှိခဲ့ပါဘူး..ဒါပေမဲ့ တစ်မျက်နှာ..နှစ်မျက်နှာလောက်..ဖတ်လိုက်တာနဲ့ နတ်သူငယ်ရဲ့ ချစ်စရာ စကားပြောလေးတွေထဲမှာ ပြုံးပြီး..မျောပါသွားရပါတယ်

    ပထမရက်မှာပဲ..ကျွန်မစာအုပ်..တဝက်ကိုပြီးအောင်ဖတ်လိုက်ပြီး အိပ်မယ်ဆို..မျက်စိမှိတ်လိုက်တိုင်း ပင်လယ်ပေါ်က…တိမ်တွေကြားထဲမှာ ပျံနေတဲ့နဂါးနဲ့..ဇာဝတ်ရုံရှည်အဖြူဝတ်ထားတဲ့ နတ်သူငယ်ကလေးကို မျက်စိထဲမြင်နေရင်း…တငြိမ့်ငြိမ့်ဖြစ်နေပါတယ်..

    ငါ..စာအုပ်ဖတ်လိုက်တာလား ..ရုပ်ရှင်ကြည့်လိုက်တာလားလို့တောင် တွေးမိတော့တာပါပဲ..ဒါနဲ့..နောက်တဝက်ဆက်ဖတ်မိပြန်ပါတယ်..သူတို့ရဲ့ စာကြည့်တိုက်..ရွှေပဲစေ့လေးတွေ..ပယင်းတံခါးဘောင်တွေ..ပန်းဆီရောင် လိမ္မော်သီးနဲ့ သားစဉ်မြေးဆက်လက်ဆင့်ကမ်းသွားတဲ့အရုပ်လေးတွေကိုကျွန်မသိပ်ချစ်တာပါပဲ..

    အိမ်မှာရှိတဲ့သားတွေသမီးတွေ ၁၀နှစ် လောက်ဆိုရင် ဒီစာအုပ်ကိုဖတ်နိုင်ပါပြီ နောက်တစ်ခု..စာအုပ်ရဲ့ထူးခြားချက်ကတော့ ဒီစာအုပ်ဟာလူကြီးတွေအတွက် ထူးခြားဆန်းပြားတဲ့ စိတ်ကူးယဉ် ပုံပြင် ဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်နေလို့ပါပဲ..

    တကယ်ပဲ..ကျွန်မဟာနတ်သူငယ်နဲ့ နဂါးအပေါ်မှာမေတ္တာသက်ဝင်ချစ်ခင်တဲ့စိတ်ဖြစ်နေမိပါတယ်.. ဒီစာအုပ်မှာကျွန်မဖမ်းဆုပ်လိုက်မိတဲ့ Message က..Positive Thinking /Positive Energy နဲ့ ပတ်သက်တယ်..

    နတ်သူငယ်ဟာ ကြောက်ရွံ့တဲ့စိတ်..အားငယ်တဲ့စိတ်..ဝမ်းနည်းတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ..သူ့ရဲ့ဖန်တီးနိုင်မှုစွမ်းအားတွေ..တန်ခိုးအစွမ်းသတ္တိတွေဟာ ကွယ်ပျောက်သွားတတ်ပါတယ် ..ဒါပေမဲ့..သူပျော်ရွှင်နေတဲ့အခါ. ယုံကြည်ချက်တွေပြင်းပြလာတဲ့အခါ… သတ္တိရှိလာတဲ့အခါ.. ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်..ထက်သန်လာတဲ့အခါမှာ..သူ့ရဲ့ပါဝါတွေ..ဖန်တီးနိုင်မှုစွမ်းအားတွေ .. အာရုံစူးစိုက်မှုတွေဟာ အံ့မခန်းဖြစ်လာပါတယ်..

    ကျွန်မတို့လူတွေမှာလည်း..စိတ်တွေက High Energetic Frequency ထဲကို ရောက်လေ..Action ဆိုတဲ့ လုပ်ဆောင်ချက်တွေ ထက်မြက် ထိရောက်လေမို့ ဒီအချက်လေးကတော့..
    ဆက်စပ် တွေးတောစရာပဲ ဖြစ်ပါတယ်..

    ဒဏ္ဍာရီပုံပြင်တွေထဲမှာနဂါးဆိုတဲ့ သတ္တဝါကိုကြောက်စရာအသွင်ရေးဖွဲ့တတ်ကြပေမယ့်..ဒီစာအုပ်ထဲမှာတော့..နဂါးငယ်လေးဟာ အိမ်မွေးခွေးလေးတစ်ကောင်လိုချစ်စရာကောင်းနေပြန်ပါတယ်…မီးမွှေးဖို့ ပဲပြုတ်ဖို့အတွက် နဂါးဟာ သိပ်အသုံးဝင်ပါတယ်..

    ဒီနဂါးကလည်းနောက်ဆုံးမှာ တကိုယ်ကောင်းဆန်စွာအသက်ရှင်ခြင်းနဲ့ အဓိပ်ပါယ်ရှိစွာသေဆုံးခြင်းနှစ်ခုအနက် ဒုတိယတစ်ခုကိုကျေနပ်စွာရွေးချယ်သွားတဲ့ သူရဲကောင်းနဂါးလေးဖြစ်ပါတယ်

    နောက်ဆုံးမှာတော့..ယုံကြည်မှု.. ရဲစွမ်းသတ္တိ တီထွင်ဖန်တီးနိုင်စွမ်း ..ကြင်နာခြင်း..စာနာခြင်း.. အချင်းချင်းကူညီခြင်းတို့နဲ့..သူတို့ဟာနိုင်ငံသစ်တခုကိုတည်ထောင်နိုင်ခဲ့ပါတယ်.. ပျော်စရာဇာတ်သိမ်းပိုင်းကလေးဖြစ်ပါတယ်..ဒီနိုင်ငံမှာ နေသူတိုင်း အစွမ်းကုန် ပျော်ရွှင်ခွင့်ရှိတယ်..တဲ့..ဘယ်လောက် လှလိုက်သလဲ..

    ဒီစာအုပ်ကလေးဖတ်ပြီး နူးညံ့တဲ့ လှိုင်းကလေးတစ်ခု ရိုက်ခတ်သွားတာကို နှလုံးသားမှာ ခံစားမိတယ်..တွေးစရာလေးတွေ ချန်ခဲ့သလို မျှော်လင့်ချက်တွေလည်း အမျှင်တန်းနေခဲ့တယ်..

    ဆရာမနိုင်းနိုင်းစနေကိုလည်းကျွန်မက ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်.. စိတ်ရဲ့လွတ်မြောက်မှုတစ်ခုကိုရှာချင်တယ် ဆိုရင် ဒီ စာအုပ်ကလေးကိုဖတ်ကြည့်ပါ…စေတနာနဲ့ ညွှန်းပေးလိုက်ပါတယ်..

    #စာရိပ်မြိုင်စာပေ
    #နိုင်းနိုင်းစနေ
    #နောက်ဆုံးနတ်သူငယ်
    #TheLastElf
    #စာအုပ်အညွှန်း
    #BookReview
    #မွန်ဟော်စီ

  3. Aeri Myat

    #နိုင်းနိုင်းစနေ #နောက်ဆုံးနတ်သူငယ် #lastelf
    စာရိပ်မြိုင်စာပေကနေဆရာမစာအုပ်လေးထွက်မယ်ကြားတော့အစပိုင်းတော့မဝယ်ဖြစ်သေးဘူးဒါပေမဲ့Founderအကိုအညွှန်းရယ်ဆရာမရဲ့အညွှန်းရယ်
    ကြောင့်ဖတ်ကြည့်ချင်စိတ်ဖြစ်သွားလို့ဝယ်ဖတ်ဖြစ်ပါတယ်ပုံမှန်ဆိုဘာသာပြန်စာပေတွေသိပ်မဖတ်ဖြစ်ပါဘူးဒီစာအုပ်လေးကဆုတွေလည်းတသီကြီးရထားတယ်ဆိုတော့မဖတ်ခင်တည်းဘယ်လိုကြောင့်လဲသိချင်စိတ်အများကြီးဖြစ်စေတာပါပဲ…ဖတ်ကြည့်တဲ့အခါမှာတော့နဂါးရယ်နတ်သူငယ်ရယ်လူသားတွေကြားကမေတ္တာတရားတွေထူးခြားဆန်းကြယ်မှူတွေ
    ကိုတွေ့မြင်ခံစားရတာပါပဲ”ရောရှ့်”လို့ခေါ်တဲ့နတ်သူငယ်လေးက ဇာချ်ရာ့ နဲ့ မွန်ဇာဆိုတဲ့လူသား
    ၂ယောက်နဲ့တွေ့ပြီးဒယ်လီဂါပြည်ဆီတူတူသွားကြရင်းကြုံရတဲ့အဖြစ်အပျက်လေးတွေကလည်း
    သနားစဖွယ်ရယ်ရွှင်ဖွယ်ရသလေးတွေကိုတပြိုင်နက်ခံစားရပါတယ်”ရောရှ့်ခမျာလည်းခွေးလေးကိုနာမည်ပေးဖို့အမျိုးမျိုးတွေးနေပုံတွေ လူသားတွေက
    အတွေးရှိ(တွေးတောတတ်)တဲ့တိရစ္ဆာန်လေးတွေကိုစားတဲ့အခါတိုင်း
    သူ့ခမျာငိုရတာလည်းသနားဖို့ကောင်းချစ်ဖို့ကောင်းပါပဲ…စာအုပ်ပထမပိုင်းမှာတော့နတ်သူငယ်နဲ့
    လူသားမိတ်ဆွေ၂ဦးနဂါးအိုနဲ့တွေ့ဆုံတဲ့အကြောင်း
    ဖြစ်ပြီးဒုတိယပိုင်းမှာတော့ အထီးကျန်နေတဲ့နဂါးအိုကိုနတ်သူငယ်တယောက်အဖော်ပြုကျန်ခဲ့တာကနေ
    ဇာချ့်ရာနဲ့ မွန်ဇာတို့ရဲ့ သမီး “ရိုဘီ” နဲ့တွေ့ဆုံပုံ
    တဘို့တည်းကြည့်တတ်ကြတဲ့ မိဘမဲ့စခန်းကလင်မယားနဲ့ဒယ်လီဂါမြို့ကအုပ်ချုပ်ရေးမှူး
    အကြောင်းတွေ… နဂါးအိုကနေနဂါးငယ်လေးပေါက်ဖွားလာပုံ နတ်သူငယ်ကနဂါးပေါက်လေးကိုကူညီစောင့်ရှောက်ပေးမှူတွေ နဂါးပေါက်လေး”အာဘရို”ရဲ့အပြန်အလှန်ကျေးဇူးသိတတ်မှူ အစားသောင်းကျန်းမှူတွေ😁❤️ ပြည်သူပြည်သားတွေအပေါ်အနိုင်ကျင့်တဲ့ ဒယ်လီဂါမြို့ကအုပ်ချုပ်သူတွေအပေါ် စိတ်စွမ်းအားကိုယ်စွမ်းအားတွေနဲ့ရင်ဆိုင်ဖြေရှင်းကြပုံတွေကိုတဝကြီးစိတ်ဝင်စားဖွယ်ဖတ်ရှူရမှာပဲဖြစ်ပါတယ် နောက်ပြီးအညွှန်းမှာပါတဲ့စာကြည့်တိုက်(ရူးနစ်ဒုတိယမင်းဆက်ကအကြီးဆုံးစာကြည့်တိုက်)စာအုပ်ပေါင်း523826အုပ်ရှိပါသတဲ့နတ်သူငယ်ကအထီးကျန်တဲ့နဂါးအိုကိုပြုစုရင်းဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေထဲဟင်းချက်နည်းတွေပါသလိုအချစ်ဝတ္ထုတွေစစ်ရေးစစ်ရာစာအုပ်တွေလည်းပါပါသတဲ့လေပုံပြင်ဆိုပေမဲ့လည်းတော်တော်လေး
    ဖတ်လို့ကောင်းပြီးဆရာမဘာသာပြန်ထားတာကလည်းစာအုပ်ကိုလက်ထဲကမချချင်အောင်ဆွဲယူသွားနိုင်တဲ့အရေးအသားပဲဖြစ်ပါတယ်ဖတ်နေရင်း
    ပုံဖော်မြင်ယောင်ရင်းနဲ့အသည်းတယားယားဖြစ်လိုက်စိတ်လှုပ်ရှားလိုက်နဲ့စီး
    မျောနေမိတာပါပဲ
    အခုညွှန်းဖြစ်တာထက်ကိုယ်တိုင်ဖတ်ကြည့်ရင်ဗဟုသုတတွေလည်းအများကြီးရပြီးသုတရသတွေလည်းအများကြီးရနိုင်မဲ့စာအုပ်ကောင်းလေး၁အုပ်ပဲဖြစ်ပါတယ်ဒါကြောင့်ဖတ်ကြည့်ကြဖို့
    ညွှန်းချင်ပါတယ်ရှင့်
    #reviewby하은

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ