၉၀-၁၀ နိယာမ

( 0 မှတ်ချက်)

6500 (ကျပ်)

၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ?

၉၀-၁၀ နိယာမ ဆိုတာကတော့ နာမည်ကျော် စာရေးဆရာ Stephen Covey ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ “၉၀-၁၀ နိယာမ” ဆိုတာ ဘဝရဲ့ ဖြစ်ပျက်လာသမျှ အကြောင်းအရာတိုင်းရဲ့ ၁၀ % (သင်မထိန်းချုပ်နိုင်တဲ့အရာ)က သင့်ရဲ့ ကံကြမ္မာကြောင့်ဖြစ်ပြီး ကျန်တဲ့ ၉၀% (သင်ထိန်းချုပ်နိုင်တဲ့အရာ) ကတော့ ဖြစ်လာတဲ့ အကြောင်းအရာအပေါ် သင့်ရဲ့တုံ့ပြန်ချက် ဖြေရှင်းချက်အပေါ် မူတည်သွားတာပဲ ဖြစ်တယ်။

ဒါ ဘာအဓိပ္ပာယ်လဲ..
ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ ရာခိုင်နှုန်းကိုမထိန်းချုပ်နိုင်ပေမယ့် ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို သင် မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ ကျန်တဲ့ ၉ဝ ရာခိုင်နှုန်းကိုတော့ သင် ဆုံးဖြတ်နိုင်တယ်။

ဘယ်လိုဆုံးဖြတ်မလဲ…
သင့်တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။ သင့်တုံ့ပြန်မှုပေါ် မူတည်ပြီး ရလာမယ့် ရလဒ်က ပြောင်းလဲသွားမှာပါ။ ၉ဝ-၁ဝ နိယာမရဲ့ သဘောတရားကို သင်နားလည်သွားပြီဆိုရင် အခုပဲ ဖတ်ရှုအသုံးပြုလိုက်ပါ။ ထူးဆန်းအံ့ဩတဲ့ ရလဒ်ကို သင်ခံစားရပါလိမ့်မယ်။ အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ကို ဘာမှ မဆုံးရှုံး၊ မနစ်နာစေပါဘူး။ သန်းပေါင်းများစွာသော လူတွေက နာကျင်ခြင်း၊ အစမ်းခံခြင်း၊ ပြဿနာနဲ့ ကြေကွဲခြင်းတွေထဲ နစ်ဝင်နေကြတယ်။ ဒါကြောင့် ၉ဝ-၁ဝ နိယာမကို ကျွန်တော်တို့ နားလည်ပြီး လက်တွေ့ကျကျ အသုံးပြုဖို့ လိုအပ်တယ်။

၉၀-၁၀ နိယာမက မယုံနိုင်အောင် အစွမ်းထက်ပါတယ် ဒီနိယာမက သင့်ဘဝတစ်သက်ကို ပြောင်းလဲနိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ ၉၀-၁၀နိယာမနှင့် အခြား စိတ်ခွန်အားတက်ဖွယ်ရာစာစုတွေကို ဘာသာပြန်ဆို စုစည်းပေးထားပါတယ်။

စာမျက်နှာ

168

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 မေလ (ပထမအကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“၉၀-၁၀ နိယာမ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ