လျှို့ဝှက်ဥယျာဉ်

( 0 မှတ်ချက်)

10000 (ကျပ်)

ယခုစာအုပ်ဟာ ကလေးစာပေရေးသားသူတွေထဲမှာ နာမည်ကျော်ကြားသူ Frances Hodgson Burnett ရဲ့
ဂန္တ၀င်၀တ္ထုတစ်ပုဒ်ပါ။ Burnett ရေးခဲ့တဲ့ ၀တ္ထုတွေထဲမှာမှ အကောင်းဆုံး ကလေးစာ‌ပေအမျိုးအစားထဲပါတဲ့ စာအုပ် အနေနဲ့လည်း လူကြိုက်များကြပြီး လူတိုင်းဖတ်သင့်တဲ့ ကမ္ဘာ့ဂန္တ၀င်၀တ္ထုစာအုပ် (၃၀)ထဲမှာလည်း အပါအ၀င် ဖြစ်ပါတယ်..

ဇာတ်လမ်းလေးကတော့ ကလေးတွေကြားက သံယောဇဉ် ၊ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို ဖော်ကျူးထားပါတယ်။ မေရီလန်နောစ့် ( Mary Lennox) ဆိုတဲ့ ကောင်မလေးဟာ မိဘ‌တွေ သေဆုံးပြီးနောက် မိဘမဲ့တစ်ဦးအနေနဲ့ သူ့ဦးလေးရှိရာ အင်္ဂလန်ကို အတူနေထိုင်ဖို့ ရောက်ရှိလာပါတယ်။ ဦးလေးဖြစ်သူ မစ္စတာခရက်ဗင် နေထိုင်ရာ ယော့ခ်ရှိုင်း(York Shine) မြက်ခင်းလွင်ပြင်ထဲကမစ္စယ်သွေ့ (Misselthwaite)စံအိမ်ကို မေရီ ရောက်ရှိလာချိန်မှာပဲ ထူးဆန်းတဲ့ ဆက်နွယ်မှုတချို့ကို ခံစားလာရတယ်။ တစ်နေ့မှာ ကလေးသဘာ၀ စူးစမ်းရင်း စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲက ဘယ်သူမှမသိတဲ့ လျှို့ဝှက်ဥယျာဥ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီနောက်မှာ ကလေးမလေး မေရီဟာ မစ္စယ်သွေ့စံအိမ်နဲ့ လျှို့ဝှက်ဥယျာဥ်ရဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လျှို့ဝှက်ချက်တွေကို လိုက်လံရှာဖွေပြီး ဥယျာဉ်ကြီးကို အသက်သွင်းဖို့ ကြိုးစားပါတော့တယ်။ အဲ့ဒီလို ပြင်ဆင်နေချိန်မှာပဲ သူ ထင်မှတ်မထားတဲ့ ကိစ္စတွေ တဖြည်းဖြည်းပေါ်ပေါက်လာတဲ့အခါမှာတော့..

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.4× 0.5×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လျှို့ဝှက်ဥယျာဉ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုင်းနိုင်းစနေ စာအုပ်များ