ထွက်ခွာသွားခြင်းအတွက် ကျေးဇူးပါ
10000 (ကျပ်)
သားအဖ ၊ လင်မယား ၊ ချစ်သူရည်းစား .. ဒီတစ်သက်မှာ ဘယ်လောက်ပဲ ရေစက်ဆုံဆုံ ၊ ဘယ်လောက်ပဲ အဖော်ပြုခဲ့ပြုခဲ့ .. နောက်ဆုံးမှာ ခွဲခွာရတဲ့တစ်နေ့တော့ ရှိလာစမြဲပါ ..
ဘယ်သူက သင်နဲ့ နောက်ဆုံးအထိ အတူရှိနိုင်သူဖြစ်မလဲ ..
ခွဲခွာတဲ့နေ့ ရောက်လာတဲ့တစ်နေ့ သင်ချစ်တဲ့လူတွေ သင့်ခုတင်ဘေးရောက်လာခဲ့ရင်တောင် သူတို့နာမည်ကိုခေါ်ဖို့ သင့်မှာ အင်အားမရှိတော့ပါဘူး .. အဲ့ဒီအချိန်ရောက်လာခဲ့ရင် အချိန်ဆိုတာ ဘယ်ကလာ အဓိပ္ပာယ်ရှိတော့မှာလဲ .. ၇ နာရီနဲ့ ၇ နာရီခွဲဆိုတာကလည်း ဘာမှ မကွာခြားတော့ပါဘူး .. အဆုံးစွန်ထိ ရောက်လာခဲ့ရင် နာရီလည်း ရပ်တန့်သွားမှာပါပဲ ..
လူက ဘာဖြစ်လို့ အိုမင်းရတာလဲ .. အဆုံးစွန်ထိ လျှောက်လှမ်းပြီး ရပ်နားဖို့လား .. ဒါမှမဟုတ် ဒီတစ်သက်ရဲ့ အချစ်အမုန်း ၊ ဆင်းရဲဒုက္ခ ၊ ပျော်ရွှင်ခြင်း ၊ တွေ့ဆုံခြင်း ၊ ခွဲခွာခြင်းကို အဆုံးသတ်ဖို့လား ..
လူတချို့ကို ” ထွက်ခွာသွားခြင်းအတွက် ကျေးဇူးပါ ” လို့ သင် သိပ်ပြောချင်ခဲ့တယ် ..
ဒါပေမဲ့ လူတစ်ယောက် သို့မဟုတ် လူတချို့ကိုတော့ ” ထွက်မသွားလို့ ရလား ” လို့ သင် ပြောချင်ခဲ့တယ် ..
ရှောင်လွှဲလို့မရတဲ့ ခွဲခွာခြင်းတွေအတွက် နာကျင်ဝမ်းနည်းခြင်းထဲကနေ စိတ်ထားတတ်ဖို့ သင်ယူနိုင်မယ့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 256 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.4×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2023 စက်တင်ဘာလ (ပထမအကြိမ် ) |
22 in stock
Aeri Myat (verified owner) –
“တကယ်လို့ ခွဲခွာခြင်းက ရှောင်လွှဲလို့မရတဲ့အရာဆိုရင် နာကျင်ဝမ်းနည်းခြင်းထဲကနေ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ တန်ဖိုးထားခြင်းကို ကျွန်မ သင်ယူပါရစေ။”
အနားမှာ ရှိနေစေချင်ပေမဲ့ ကိုယ့်ဘဝထဲကနေ ထွက်ခွာသွားတဲ့သူတွေရှိသလို အတူတူ ဆက်ရှိနေဖို့မဖြစ်တော့လို့ အနားကနေ ထွက်ခွာသွားခြင်းအတွက် ကျေးဇူးတင်မိတဲ့သူမျိုးရော ရှိဖူး၊ကြုံဖူးကြမယ်ထင်ပါတယ်။
“ကျွန်မတို့ ဘာမှ မပိုင်ဆိုင်ပါဘူး။ကိုယ်ပိုင်အခွံကိုတောင်မှ ယာယီငှားထားရတဲ့ ဝင်ကစွပ်လေးပါ။ဘာမှမပိုင်ဆိုင်တာမို့ အခြားတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ် ပြင်းပြခဲ့တာ ဖြစ်ပါတယ်”
ဒီစာပိုဒ်လေး ဖတ်ပြီးတွေးမိတယ်…။
တွေ့ ၊ဆုံ၊ကြုံ၊ကွဲ လူ့ဘဝကြီးမှာ ဘာကိုမှ
“ငါစွဲ” စွဲနေလို့မဖြစ်ဘူးဆိုတာလေးကိုပေါ့…။
Toxic Relationship တစ်ခုကနေ move on လုပ်ချင်သူများအတွက်၊ Relationshipကောင်းတစ်ခုကို ထိန်းသိမ်းချင်သူများအတွက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု ပျောက်ဆုံးနေသူများအတွက်တော့
ဖတ်သင့်သောလေးပါ။✨️
ကျွန်မတို့ ကြုံတွေ့ရတဲ့ ဘဝသင်ခန်းစာတွေကို ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ အသိရစေပြီး ကိုယ်တိုင်အတွက်လည်း self reflect သေချာလေး လုပ်ကြည့်လို့ရပါတယ်။
ဒီစာအုပ်လေးထဲမှာ ရေးသားထားတဲ့
အချစ်စစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ၊တစ်ဖက်သတ်အချစ်ရဲ့ သက်ရောက်မှုတွေ၊ ဘဝမှာ မျှော်လင့်ချက်ထားသင့်တဲ့ အကြောင်းလေးတွေအားလုံးကို
ဖတ်ရတာ အားရကျေနပ်မိပါတယ်🥰
♡အချစ်ပျက်ကွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ဖို့ သင်ယူပါ။ကိုယ့်အရာအားလုံးကို ကိုယ်တိုင် လက်ခံနိုင်မှ
သင်ပျော်ရွှင်မှာဖြစ်ပြီး တစ်ယောက်တည်း နေတတ်ဖို့ကို သင်ယူနိုင်မှာမို့ပါ။
♡မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့ သင်ခန်းစာတွေထဲမှာ ပါတဲ့ သင်ခန်းစာတစ်ခုက အထီးကျန်ခြင်းထဲမှာ ကိုယ်ကိုယ်တိုင်နဲ့
အတူနေထိုင်ခြင်းကို သင်ယူတာပဲ ဖြစ်ပါတယ်။
♡လူတစ်ယောက်နဲ့ ဆုံတဲ့အခါ သူ့ရဲ့စိတ်ကောင်းစေတနာတွေက သူနဲ့သက်ဆိုင်တဲ့အရာတွေပါ။အချိန်မရွေး သူပြန်ရုပ်သိမ်းနိုင်သလို ပျက်ပြယ်ပစ်နိုင်ပါတယ်။ပြီးတော့ အချိန်မရွေး တခြားတစ်ယောက်ကို ပေးလိုက်နိုင်ပါတယ်။ သင့်အပေါ် သူကောင်းတာတွေက သင့်အပေါ် သူထားတဲ့ စေတနာမေတ္တာ ဖြစ်တယ်။
♡တစ်ခါတလေမှာ စိတ်ခံစားချက်ဟာ အမှတ်တရရဲ့ အာဟာရကို မှီခိုအားထားနေရတာမျိုးပါ။
တိတ်တခိုး ချစ်တာဟာ လက်ဆောင်နဲ့တူတဲ့ ဒဏ်ရာတစ်ခုပါတဲ့။
♡မှတ်ညဏ် သိပ်ကောင်းရင်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။
အတိတ်ကို အလွယ်တကူ မေ့တတ်သူက
ပျော်ရွှင်ရပါတယ်။
“ထွက်ခွာသွားခြင်းအတွက် ကျေးဇူးပါ”
စာအုပ်လေးကို ဘာသာပြန်မျှဝေ ရေးသားပေးတဲ့ ဆရာမနိုင်းနိုင်းစနေကို ကျေးဇူးအများကြီးတင်ပါတယ်💗
#နိုင်းနိုင်းစနေ
#ထွက်ခွာသွားခြင်းအတွက်ကျေးဇူးပါ
#စာရိပ်မြိုင်စာပေ
#reviewby하은
#Nov12023