ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ်

( 0 မှတ်ချက်)

6500 (ကျပ်)

💐 လောကမှာ ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိသလို ဒီနေ့မှာလည်း ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိတယ်။ ဒီနေ့ကို ပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား၊ ဒါမှမဟုတ် မပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား ကိုယ်ရွေးချယ်မူပေါ်မှာပဲ မူတည်ပါတယ်။

💐 ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်နှလုံးမှာ ရှာယူပါ။

💐 “မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့” ဆိုတဲ့စကားက ရိုးကောင်း ရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ အတွေ့အကြုံတွေ ပါနေတယ်။

💐 နာကျင်ခြင်း၊ ကံမကောင်းခြင်း စတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေပြည့်တဲ့၊ ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်ကို လက်လွတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့ အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။

💐 ဒီစာအုပ်လေးထဲမှာ ပျော်ရွှင်ဖို့ရာအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုတွေအပြင် ဘဝအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုပေါင်း အပုဒ်ရေ ၄၀ ပါဝင်ပါတယ် …..။

စာမျက်နှာ

120 (Woodfree Paper)

စာအုပ်အရွယ်အစား

5.5× 0.2 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ မတ်လ ၊ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုင်းနိုင်းစနေ စာအုပ်များ