ဤမြေမှသည်
11000 (ကျပ်)
“ဤမြေမှသည်” ဝတ္ထုသည် ရန်ကုန်မြို့လယ်ရှိ သုသာန်မြေတစ်ဝိုက်ကျူးကျော်ရပ်ကွက်တစ်ခုကို အခြေတည်ထားသည့် ဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ဤမြေမှသည် ဝတ္ထု၏ အဓိကဇာတ်ဆောင်ဖြစ်သူ ကိုမြင့်ခိုင်သည် ပညာတတ် ဘွဲ့ရလူငယ်တစ်ဦး ဖြစ်သော်လည်း ကံအကြောင်းမလှ၍ ယစ်ထုပ်ဖခင်ကြီး နှင့် မိသားစုတာဝန်များကို ပခုံးပြောင်းထမ်းရွက်ရင်း သင်္ချိုင်းမြေနံဘေးတွင် ဘဝကို ရုန်းကန်နေရသူ ဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး ဘဝကို ဆင်စွယ်နန်းတော်ကဲ့သို့ နေထိုင်သော ချစ်သူ ‘ထား’ နှင့် ဘဝကွာဟချက်ကြီးမားလွန်းလှသဖြင့် ‘တောလယ်မြိုင်ချာ၊ ဝင်္ကပါသို့၊ ညက်ပြာနွဲ့ချေ၊ မလိုက်လေနှင့်’ ဟုဆိုကာ ချစ်လျက်နှင့်လမ်းခွဲခဲ့ရသော ကိုမြင့်ခိုင်၏ စိတ်နေသဘောထားနှင့် ပေးဆပ်မှုကို ဤဝတ္ထုတွင် မြင်တွေ့ရပါသည် ။ တစ်ဖက်တွင်လည်း အိမ်နီးချင်း မိန်းမငယ် မြခင်၏ ငြိတွယ်နေသော သံယောဇဉ်ကြိုးစလေးကို တယောသံသဲ့သဲ့နှင့်အတူ လွမ်းမောဖွယ် တွေ့မြင်ရမည် ဖြစ်သည်။
ဤဝတ္ထုတွင် အချစ်ဇာတ်လမ်းသာမက သဘာဝကျလှသော ရပ်ကွက်လူထု၏ လူနေမှုဘဝများ၊ ဘုရားဒကာ ကိုဖိုးစိန်၊ ပန်းပဲဆရာ ဦးစစ်ကျန်၊ မုတ်ဆိတ်ချစ်သန်း စသော ဇာတ်ပို့ဇာတ်ရံတို့၏ ဘဝသရုပ်ဖော်မှုများကိုပါ ဆရာတက္ကသိုလ်ဘုန်းနိုင်က ပုံဖော်ရေးသားထားသည်။ လောကဓံကို ကြံ့ကြံ့ခံရင်း ‘ဤမြေမှသည်’ မည်သည့် ပန်းတိုင်ဆီသို့ ခရီးဆက်ကြမည် ဆိုသည်ကိုမူ …. ဝတ္ထုကို ဖန်တီးရာတွင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်သည် သူ့ငယ်ဘဝပုံရိပ်အချို့ကို ထည့်သွင်း ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျနှင့် မေတ္တာတရား၏ နက်နဲပုံတို့ကို ရသပုံဖော်မှုအားကောင်းသော အရေးအဖွဲ့ဖြင့် ဖန်တီးထားရာ ဖတ်ရှုရသူသည် ဇာတ်လမ်းကို ဖတ်နေရင်း ပိုင်နိုင်စွာ ရေးခြယ်ထားသော ဘဝသရုပ်ဖော်ပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေရသကဲ့သို့ ခံစားရမည်လည်း ဖြစ်သည်။
| စာမျက်နှာ | 188 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2025 နိုဝင်ဘာလ၊ (ဆဌမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 22.4.2026နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ