


ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
Rated 5.00 out of 5 based on 5 customer ratings
( 5 မှတ်ချက်) 22000 (ကျပ်)
…
| စာမျက်နှာ | 346 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2009 မတ်လ (ဆဋ္ဌမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 2.9.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 22000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock
တက္ကသိုလ်ဘုန်းနိုင် စာအုပ်များ
-
တက္ကသိုလ်ဘုန်းနိုင်သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
32000 (ကျပ်)Rated 4.33 out of 5 based on 9 customer ratings( 9 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်တပြည်သူမရွှေထား
23000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
22000 (ကျပ်)Rated 5.00 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်မောင့်ဘဝ ညအလားကွယ်
13000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်နွေကန္တာဦး
22000 (ကျပ်)Rated 4.80 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ညီမလေးရယ်စိုးရိမ်မိတယ်
22000 (ကျပ်)Rated 4.67 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်နှင်းငွေ့တထောင့် မိုးတမှောင့်
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
34000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ဝသန်လေချိန်မှန်ကူး
23000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်မေတ္တာများနဲ့စိန်ပန်းနီနီ
18000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်စိမ်းနေဦးမည့်ကျွန်တော့်မြေ
18500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်မိုးညအိပ်မက်မြူ
13000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်သာ၍ဝေးရာဆီကိုပါ
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်မိုးတွေရွာမှဖြင့်လျှင်ကွယ်
16000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်လွမ်းတေးမဆုံးစေနှင့်စောသခင်
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ချစ်သောဤကမ္ဘာ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်လွမ်းပါလေရစ်သည်သောင်ငွေဦး
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်လေရူးသည်စာမတတ်ပါ
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်မျက်ရည်လောကများ၏ဟိုမှာဘက်
19000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်စွန့်ခွာရသည့် နွေညများ
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ဤမြေမှသည်
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်ခေါမသမိုင်းရိပ်ပြ ဂန္တဝင်ဇာတ်ဆန်းများ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တက္ကသိုလ်ဘုန်းနိုင်တိမ်ညိုအလွင့် လအမြင့်
26000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





Nein Lar –
ရင်လဲထိတယ်
ငိုလဲငိုရတဲ့ဝတ္ထုပါ
ဖတ်ဖူးသမျှထဲမှာ
အကောင်းဆုံးပေါ့နော်
Thet Naing Aung (verified owner) –
📚သင်္ကြန်ကာလဆိုတော့ သင်္ကြန်နောက်ခံဇာတ်လမ်းလေးဖတ်ချင်တာမို့ တက္ကသိုလ်ဘုန်းနိုင် ရဲ့ ” ပိတောက်ပွင့်ဆဲ လသာဆဲဝယ် ” စာအုပ်ကိုရွေးခြယ်မိပါတယ်။
📚ဒီစာအုပ်လေးထဲမှာ ကဗျာတွေဖတ်ခွင့်ရသလို
ချစ်ရသူကို ခိုင်းနှိုင်းရေးဖွဲ့ထားသည့် ရေးသားချက်လေးများဟာလည်း ဖတ်ရသူအဖို့ စိတ်ကြည်နူးစရာကောင်းတာအမှန်ပင်ဖြစ်သည်။ ဥပမာအနေနဲ့ဆိုရင် ပိတောက်ပန်းနဲ့ ချစ်ခြင်းမေတ္တာကို ခိုင်းနှိုင်းပြသွားသည်က ကိုယ့်အတွက်အတွေးပွါးဖွယ်၊ မှတ်သားဖွယ်ကောင်းလှသည်။
” ပိတောက်ပန်းဟာ တနှစ်မှာတလတည်းရွေးပွင့်တယ်။ ပွင့်ပြန်တော့လည်း မင်းပြောသလိုပဲ ဘာမှမချွင်းမချန်ဘဲ တရက်တည်းမှာ အစွမ်းကုန်ပွင့်လိုက်တယ် ။အဲဒီနောက်မှာတော့ ပိတောက်ပင်ခမျာမှာ ထပ်ပွင့်ပေးစရာ ဘာမှမကျန်လေတော့ဘူး ။အချစ်ဆိုတာလည်း ဒီသဘောများရှိနေမလားလို့ ။လူတယောက်ရဲ့ရင်မှာ အချစ်စစ်ဆိုတဲ့ ပန်းပိတောက်ဟာ တသက်တာ တခါပဲပွင့်နိုင်လိမ့်မယ် အဲဒီတခါသာပွင့်တဲ့ပန်းပိတောက်ဟာလည်း တယောက်တည်းသောသူ့အတွက် ။အဲ့ဒီနောက်တော့ ရင်နှလုံးဆိုတဲ့ ပိတောက်ပင်ကြီးမှာ ထပ်ပွင့်ပေးစရာဘာတစ်ခုမှမကျန်တော့ဘူး ”
📚 ဒီစာအုပ်ကို အလွမ်းဓာတ်ခံရှိသူတွေ မဖတ်ရင်တော့ ပိုကောင်းမယ်လို့ထင်မိပါတယ်။ ကိုယ်တွေဆို အလွမ်းဓာတ်ခံရှိတာမို့ အက်ဆီးဒင့်ဖြစ်ပြီး မမဝေက မောင်လေးလှိုင်ကို မမှတ်မိတဲ့အခါ မောင်လေးလှိုင်နေရာကနေ ရူးမတတ်ခံစားရပါတယ်။ အော်ပဲငိုလိုက်ချင်သလို ပြေးထွက်သွားချင်သလို နဲ့ ဖတ်လက်စခနရပ်ထားရသည်ထိ ကိုယ့်မှာ နင့်နေအောင်ခံစားလိုက်ရသည်။
” မပိုင်လည်းချစ် ပိုင်လည်းချစ်ရမည်ပေါ့
စကတည်းက ပိုင်ဆိုင်ဖို့ရာ မောင်မမှန်းခဲ့ပါဘူး
သည်တော့ ဆက်ချစ်ရဦးမည် မမဝေ
စကတည်းက မျက်ရည်ဝဲဝဲနဲ့ချစ်ခဲ့ရတော့
တသက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ
မောင် ဆက်ချစ်နေရဦးမည်။ ”
📚 သေချာတာတခုကတော့ ကျနော့်ရင်ထဲမှာ
မောင်လေးလှိုင် နဲ့ မမဝေတို့ရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းလေးကို ဘယ်တော့မှ မေ့နိုင်တော့မည်မထင်။ သင်္ကြန်ချိန်ရောက်လေတိုင်း ၊ ပန်းပိတောက်တွေမြင်လေတိုင်း သူတို့နှစ်ဦးကို သတိရနေမိမှာတော့အမှန်။
Aeri Myat –
သြော်…ပိတောက်ဖန်ဝါ၊ သာသနာ၌၊မဟာကရုဏ၊ဓမ္မလမင်း၊ထိန်ထိန်ဝင်း၏။ဥာဏ်လင်းထိရောက်၊အသိပေါက်က၊
ပိတောက်ပွင့်ဆဲ၊လသာဆဲပေ၊ခပဲလူသူ၊
ပူပူသမျှ၊ငြိမ်းအေးမြလော့၊လာကြ ရှုကြ၊သန္နိဌတည်း၊ချစ်ရ မုန်းရ၊ပြုံးငိုရနှင့်၊ဖြစ်ရပျက်ပြန်၊ဝဲကို လွန်မည်၊နတ်ဟန်ချစ်သူ၊ပျိုမျစ်မူနှင့်၊ခုတူမကွဲ၊တစ်နေ့ လွဲအံ့၊လွမ်းတိုင်း မျက်ရည် မဝဲရစ်သော်။
“မောင်လေးလှိုင်”ရဲ့ ငွေလမင်း “မမဝေ”
ဓမ္မအသိ ရင်ထဲရှိနေရင်တောင် ချစ်ခြင်း၊မုန်းခြင်းရဲ့ သောကအပူမီး ဘယ်လောက်ထိ ကြီးမားပုံကို မြင်သာအောင် ပြပေးသွားတဲ့ စာအုပ်ကလေး။
ငွေလမင်းဆိုတာ အစတည်းက
ငေးကြည့်ရုံသက်သက်သာ…ပိုင်ဆိုင်ခွင့်မရှိသည့် အရာမျိုးမဟုတ်လားနော်။
“ပိယတော ဇာယတေ သောကော”
ချစ်ခင်တွယ်တာခြင်းဟာ သောကကို မွေးဖွားပေးတတ်သည်တဲ့လေ…။
မောင်လေးလှိုင်လည်း အေးချမ်းပြီး သောကကင်းပါစေ…. မမဝေလည်း
သမီးလေးနဲ့အတူတူ ပျော်ရွှင်အောင် နေသွားနိုင်ပါစေလို့ ဆုတောင်းရင်း…
“ပိတောက်ပွင့်ဆဲ လသာဆဲဝယ်”💛
အမည်မသိ –
အရမ်းကောင်းပါတယ်ဗျာ မျက်ရည်တွေလည်းကြရပါတယ် တကယ်ဆို ဆရာဘုန်းနိုင်ရယ် ပေါင်းစပ်ခွင့်ပေးလိုက်ပါလား ဇာတ်ကောင်နေရာမှာ ကိုသာဆို လုံးဝထိန်းနိုင်နိုင်မှာမဟုပ် မမဝေရယ် အရင်က ခဗျားဟာကျွန်တော် ပိုင်ဆိုင်ခဲ့ဘူးတဲ့ အမျိုးသမီးလေးပါလို့ကို ဖွင့်ပြောမိလိုက်မှာပါ ဟာဗျာ ကြေကွဲရပယတယ် မမဝေ ခဗျာ မှာလည်း ချစ်တတ်လိုက်တာဗျာ ပါရမီဖြည့်ဘက် အစစ်ပါ ဆရာရယ် ဒီဇာတ်ကောင်တွေဟာ အပြင်မှာတကယ်များ ရှိခဲ့လေ သလား
Mg Nyan Lin Htet –
ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ကျွန်တော်ဒီစာအုပ်ကိုမဖတ်ခင်က ဆရာဘုန်းနိုင်ရဲ့ သူငယ်ခင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ကိုဖတ်ခဲ့ပါတယ် ကြိုက်လဲကိုကြိုက်ပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ personal အမြင်နဲ့ဆိုရင်ဒီစာအုပ်ကပိုပြီးကောင်းမွန်တယ်လို့ခံစားရပါတယ် ပိတောက်ပန်းတွေကိူမြင်တာနဲ့ ဒီစာအုပ်ထဲက လေးလှိုင် နဲ့ မမဝေ တို့ရဲ့ရင်နာစရာဇာတ်လမ်းလေးတွေပြန်မြင်ယောင်မိပါတယ် သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ကလည်း SE ပါဘဲ ဒါပေမဲ့ပိတောက်ပွင့်ဆဲလသာဆဲဝယ် ရဲ့ SE က ဖတ်မိတဲ့လူတိုင်းကိုတုန်လှုပ်သွားစေမှာအမှန်ပါပဲ SE ကြိုက်တဲ့လူတွေအတွက်ဒီစာအုပ်ကရတနာတစ်ပါးပါဘဲလို့ပြောချင်ပါတယ်