
သာ၍ဝေးရာဆီကိုပါ
16000 (ကျပ်)
လူတစ်ယောက်ဟာ ရထားစီးပြီး တစ်ကိုယ်တည်း ခြေဦးတည့်ရာ သွားနေတယ်။ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို ခုတ်မောင်းနေတဲ့ မီးရထားတွဲပေါ်မှာ … ။ သူ ဘယ်ကို သွားချင်မှန်း သူ မသိ။ ဘာကြောင့်သွားနေမှန်း မသိ ။ ယုတ်စွအဆုံး သူ့ကိုယ်သူတောင် ဘယ်သူမှန်း မသိ။
ဒီလိုနဲ့ လေးမျက်နှာ ဆိုတဲ့ မြို့လေးတစ်မြို့ကို ရောက်သွားတယ်။ လေးမျက်နှာ မှာ သူက ဘယ်သူ့ကိုမှ မသိဘူး၊ သူ့ကိုလည်း ဘယ်သူကမှ မသိဘူး ။ မသိခြင်း ဝင်္ကဘာထဲမှာပတ်ချာလည်နေတဲ့သူက ထူးဆန်းတာတွေလည်းပြောတတ်တယ်။ ဒီလိုနဲ့ပဲ မြို့ကလူတွေက သူ့ကို ယဉ်ယဉ်လေးရူးနေတယ်ရယ်လို့ သတ်မှတ်ပြီး ဖြစ်ရပ်တစ်ခုကို အကြောင်းပြုကာ ‘ ကိုသာဓု ‘ လို့ အမည်သညာ မှည့်ခေါ်လိုက်ကြတယ်။
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အလုပ်ကို ကြိုးစား သင်ယူချင်စိတ်အပြည့်ရှိတဲ့ ကိုသာဓုကို မသင်းနုရဲ့ ဘကြီးက သူ့ဆီမှာ ခေါ်ထားတယ်။ မသင်းနုဆိုတာ ရန်ကုန်ကို တက္ကသိုလ်ကျောင်းသွားတက်ရာက အရေးအခင်းတွေဖြစ်ပြီး ကျောင်းပိတ်ထားလို့ ပြန်ရောက်နေတဲ့ စိတ်ပညာ ပထမနှစ်ကျောင်းသူ ။ ကိုသာဓုဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး ပညာတတ်ပုံစံပေါက်နေတယ်။ သီချင်းလည်းဆိုတတ်ပြီး အနုပညာကိုလည်း မြတ်နိုးတတ်တဲ့သူ။ သူက ဘယ်သူလဲ။ ဘာလို့ ဒီမြို့ကိုရောက်လာသလဲဆိုတာကို မသင်းနုကလည်း အကဲခတ်ပြီး အရေးတယူ စိတ်ဝင်စားနေခဲ့တယ်။ သုညဘဝကနေ အဆင်ပြေ အထိုင်ကျလာတဲ့ ကိုသာဓုတစ်ယောက် တစ်ရက်မှာတော့ အဝေးဆီ ထပ်လို့ပြေးရပြန်ဦးမယ့်အခြေအနေနဲ့ ကြုံရပြန်ပါတယ်။
” ကိုသာဓု” ဆိုတာက ဘယ်သူများလဲ။
အနုပညာရှင်တစ်ယောက်လား။
စာပေပညာရှင်များလား။
မကောင်းမှုကျူးလွန်ပြီး ရောက်လာတဲ့သူလား။
အတိတ်မေ့ ဟန်ဆောင်နေတာလား။
တကယ်ပဲ ဘယ်လိုကိစ္စမျိုးကြောင့် လေးမျက်နှာမြို့လေးကို ရောက်လာတာလဲ။
ဘယ်လို ရည်ရွယ်ချက်ကြောင့်လဲ။
သူ ပြေးရမယ့်အကြောင်းကရော ဘာကြောင့်ပါလဲ။
ပြေးလို့ကော လွတ်နိုင်ပါ့မလား။
စိတ်ပညာ ၊ ဂီတအနုပညာနဲ့ လူ့ကျင့်ဝတ်၊ လူ့စရိုက်တွေကို အဲဒီခေတ် နိုင်ငံရေးနောက်ခံ ပါးပါးထည့်လို့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတဲ့ ဝတ္ထုကောင်း တစ်ပုဒ်။
| စာမျက်နှာ | 267 |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဇွန်လ (တတိယ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 23.7.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 16000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
8 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ