သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
15000 (ကျပ်)
‘မောင့်ကို ခွင့်လွှတ်ပါလေ ခိုင် ၊ နောင်ဘဝ ဆိုသည်လည်း ရှိပါစေ ခိုင် …“
စာရေးဆရာကြီး’တက္ကသိုလ်ဘုန်းနိုင်’ လို့ ဆိုလိုက်တာနဲ့ စာဖတ်ပရိသတ်တွေ အမှတ်ရကြတဲ့ ဆရာကြီးရဲ့ စာအုပ်တွေထဲ ‘ခိုင်’ က ထိပ်ဆုံးက နံပါတ် (၁) ပဲ ဖြစ်ပါလိမ့်မယ်။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ကို ၁၉၆၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ပထမအကြိမ် ထွက်ခဲ့တာ နှစ်ပေါင်း ၆၀ ပြည့်ခါနီးပြီ ဖြစ်ပေမဲ့ ခေတ်အဆက်ဆက် အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရတဲ့ ဂန္ထဝင် ဝတ္ထုစာအုပ်ကြီးတစ်အုပ်ပါပဲ။
“ရွက်ဝါကြွေသော နွေတိုင်လျှင် မမေ့နိုင်ဘဲလျက်က သတိမရရဲချင်သော ဇာတ်လမ်းတစ်ခု ရင်၌ ရှိခဲ့သည် “
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ဟာ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ဝတ္ထုကို “သူ့ရဲ့ တကယ့်အတ္ထုပ္ပတ္တိပါ ဟု မဆိုလိုပါ။ မဟုတ် ဟုလည်း မငြင်းလိုပါ” လို့ ဆိုခဲ့ပါတယ်။
ခိုင် ဝတ္ထုရှည်ကို ရေးစဉ်က “သူငယ်ချင်းချစ်၏ ဖြူစင်မှု ဟူသော သာမန်ခံစားမှုလေးသည်သာ” လို့ စခဲ့ပေမယ့် ဇာတ်လမ်းအစကို ၁၃၀၀ ပြည့်နှစ်မှာ အခြေခံခဲ့မိရာက ခေတ်ငါးဆက်ခန့်ကို ဖြတ်သန်း ရေးဖွဲ့နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ စာရေးဆရာရဲ့ ဈာန်သက်ရောက်မှု၊ ဇာတ်ကောင်ဖွဲ့စည်းမှု၊ ဇာတ်အိမ်တည်ဆောက်မှု၊ ဇာတ်လမ်းရဲ့ ကာလဒေသနောက်ခံ၊ အရေးအဖွဲ့ပိုင်း အစချီပြီး ဝတ္ထုရှည်ကောင်းတို့မှာ ပါဝင်ရမယ့် အချက်အားလုံးပါဝင်တဲ့ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ဟာ မြန်မာ့ဂန္ထဝင်ဝတ္ထုရှည်များထဲက တစ်အုပ်ဖြစ်လာခဲ့ပါတယ်။
– ခိုင့်အတွက် အသည်းနင့်ကြတယ်။
– မောင့်အတွက် ရင်ဆို့ကြတယ်။
– ငြိမ်းမောင်အတွက် ငိုမိကြတယ်။
– လှိုင့်အတွက် ကြေကွဲကြတယ်။
ဒါတွေတင်မက သန်လျင်မြို့မှာ ခိုင်နဲ့ မောင်တို့ ကျခဲ့တဲ့ ချောက်ကြီးကို တကူးတက လာရောက်ကြည့်ကြတယ်။ ခိုင်နဲ့ မောင်တို့ရဲ့ နေအိမ်တွေက ဘယ်အိမ်တွေလဲ ဆိုပြီး အငြင်းပွားရာက စာရေးဆရာဆီကို လာမေးကြတဲ့အထိ ခိုင်ဟာ စာဖတ်ပရိသတ်ရဲ့ ရင်ထဲကို ရောက်ခဲ့တယ်။ ထိုစဉ်က စာအုပ်တွေထဲမှာ စွယ်တော်ရွက်ကလေးတွေ မှတ်မှတ်ရရ ညှပ်ကြတာက ခေတ်တစ်ခေတ်ရဲ့ လူငယ်တွေကြား ရေပန်းစားတဲ့ Trend တစ်ခုဖြစ်ခဲ့တယ်။
စာမျက်နှာ | 509 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကေ်ာဝတ်ရည်စာပေ၊ 2023 ဇန်နဝါရီလ (တေရသမအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.1.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock
Anonymous –
တကယ်ကောင်းတဲ့စာအုပ်လေးပါ..ဒါပေမယ့် ဖတ်ပြီးတိုင်း မောင့်ကို မုန်းတယ်..။
Yin Wai Tun –
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်လို့ဆိုလိုက်တာနဲ့ကျွန်မကတော့သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်စာအုပ်ကိုအရင်းဆုံးပြေးမြင်တာဘဲ။စာအုပ်ကိုစကိုင်လိုက်တည်းကလက်ကနေမချချင်အောင်ပါဘဲ။အရေးအသားကတော်ရုံဆိုမငိုတယ့်ကျွန်မ ဒီစာအုပ်ကျမှပြန်ဖတ်တိုင်းငိုရပါတယ်။ခိုင့်ကိုတော့သိပ်သနားမိတယ်။ကိုယ့်စိတ်ကိုသေချာမသိတယ့်မောင်ကတော့သိပ်မုန်းစရာကောင်းတာဘဲ။ဒါပေမယ့်ကျွန်မလည်းဒီစာအုပ်ကိုပြန်ဖတ်တာလေးငါးကြိမ်ရှိပြီဆိုပေမယ့်အခုထိမောင်ကခိုင်ကိုချစ်တာလား လှိုင့်ကိုချစ်တာလားဆိုတာဘယ်လိုမှကိုစဥ်းလို့မရပါဘူး။မမကြိုင်ကိုလည်းသိပ့်သနားတယ်။ခိုင့်ကိုဘယ်လောက်ထိစွဲလမ်းလည်းဆိုရင်ဖတ်ပြီးတာတော်တော်ကြာပြီဆိုပေမယ့်အခုချိန်ထိခိုင်ဆိုတဲ့နာမည်လေးတွေကိုတွေ့ရင်ပြုံးမိသလိုစိတ်လည်းမကောင်းဖြစ်မိတယ်။လွတ်လပ်ရေးမရခင်တုန်းကအကြောင်းတွေလည်းပါတာမို့မဖတ်ဖူးသေးရင်ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်။
Yin Wai Tun –
အရမ်းကောင်းတယ့်စာအုပ်လေးပါ။မဖတ်ရသေးရင်ဖတ်ကိုဖတ်ကြည့်သင့်ပါတယ်လို့ပြောချင်ပါတယ်။