လေရူးသည်စာမတတ်ပါ
10000 (ကျပ်)
“ကျွန်တော်ရပ်နေတယ်။
မမေ့နိုင်တဲ့ဒီနေရာမှာ
ကျွန်တော်မျက်ရည်ဝဲရင်း ရပ်နေတယ်။
မျက်ရည်ဝဲတာက သက်သက်၊
ရပ်တည်နိုင်သေးတာက သက်သက်။”
~ တက္ကသိုလ်ဘုန်းနိုင်
~ လေရူးသည်စာမတတ်ပါ စာအုပ်မှ
─── ⋆⋅☆⋅⋆ ──
ဒီလိုလှပတဲ့စာသားလေးတွေကို အဓိပ္ပာယ်ဖွင့်ဆိုရရင်…
“ကျွန်တော်ရပ်နေတယ်။ မမေ့နိုင်တဲ့ဒီနေရာမှာ” ဆိုတဲ့ စာသားက သူ့ဘဝမှာ အရေးပါတဲ့ အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် လူတစ်ဦးနဲ့ ပတ်သက်တဲ့နေရာကို ပြန်ရောက်နေတာကို ဖော်ပြပါတယ်။ အဲဒီနေရာဟာ သူ့အတွက် မမေ့နိုင်လောက်အောင် အမှတ်တရတွေ ရှိနေတယ်ဆိုတဲ့ သဘောပါ။
“ကျွန်တော်မျက်ရည်ဝဲရင်း ရပ်နေတယ်” ဆိုတာကတော့ အဲဒီအမှတ်တရတွေကြောင့် ဝမ်းနည်းမှု၊ သို့မဟုတ် လွမ်းဆွတ်မှုခံစားနေရတာကို ဖော်ပြပါတယ်။ မျက်ရည်ကျလုနီးပါး ဖြစ်နေတဲ့အထိကို ခံစားချက်တွေက ပြင်းထန်နေတာကို ပြပါတယ်။
“မျက်ရည်ဝဲတာက သက်သက်၊ ရပ်တည်နိုင်သေးတာက သက်သက်” ဆိုတဲ့ နောက်ဆုံးစာသားကတော့ ဒီကဗျာရဲ့ အနှစ်သာရပါပဲ။ ရင်ထဲမှာ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ၊ မျက်ရည်ဝဲနေပါစေ၊ လက်ရှိဘဝကို ဆက်ပြီး ရင်ဆိုင်နိုင်သေးတဲ့ ခွန်အားရှိနေသေးတာကို ဆိုလိုပါတယ်။
ကဗျာလေးက နာကျင်မှုရှိပေမဲ့ ဘဝကို ဆက်ပြီး ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားကို ပုံဖော်ထားတာတွေ့ရတယ်။ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအရ နာကျင်နေနိုင်ပေမဲ့ လက်တွေ့ဘဝမှာတော့ မပြိုလဲဘဲ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်သေးတယ်ဆိုတဲ့ သဘောကို အလေးပေးဖော်ပြထားတာ ဖြစ်ပါတယ် (စာရေးဆရာထံမှ ကောက်နှုတ်ဖော်ပြချက် )
ဤစာအုပ်ထဲတွင်ဥရောပရဲ့ နမည်ကျော် ကဗျာတွေ ပြဇာတ်တွေအကြောင်းနှင့် လူလောကပေါ် ရှု့မြင်တဲ့ အမြင်တွေကို ကရုဏာပါပါရေးဖွဲ့ထားပြီး လူတစ်ချို့ရဲ့ အတ္တနဲ့ မာနရဲ့ အားပြိုင်မှုအောက်မှာပဲ ပျက်စီးရတတ်တယ်ဆိုတာကိုဖော်ပြထားတယ်။ ဇာတ်ကောင်းနှစ်ဦး၏ ချစ်လျက်နှင့် မပေါင်းဖက်ရသည့်အကြောင်းလေးကို ရင်နင့်စွာရေးဖွဲ့ထားတဲ့ စာအုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 156 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2025 အောက်တိုဘာလ၊ (တတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 12.8.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock





Aeri Myat –
“ပထမတော့ ပွင့်မျောရိပ်မှာပါ။ နောက်တော့ တစ်ခါတစ်ရံ ဟောသည် ကံ့ကော်ရိပ်မှာပါ။
ကဗျာလေးတွေအကြောင်း၊ ကဗျာဆရာတွေအကြောင်း၊ ပန်းတွေ၊ ကြယ်တွေ၊ လရောင်တွေ၊ တောတောင်ရေမြေတွေ၊ မေတ္တာတွေ၊သစ္စာတွေ၊ကရုဏာတွေ။
အဲ့ဒါတွေအကြောင်း ပြောကြသည်။ဆွေးနွေးကြသည်။
သန့်က ကဗျာနှင့် နေနေသည်ဟုဆိုသည်။သည်တော့ သန့်၏လောကမှာ မိမိ လိုက်နေသည်။သြော်…သန့်ကလည်း မိမိလောက၏အစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့သည်။”
“မမသန့်” ဆိုတဲ့အမျိုးသမီးလေးကို စိတ်ကူး ပုံဖော်ဖတ်ရင်း သဘောကျမိတယ်။
“မြတ်ထန်” နဲ့ မမသန့်တို့ ပြောဆိုဆွေးနွေးကြတဲ့ အခန်းတွေဆိုရင် သေချာ အာရုံစိုက်ဖတ်ရတယ်။ပါဠိစကားလုံးမသိတာတွေရော အများကြီးပါသလို၊
မြန်မာလိုရော Engလိုပါ ကဗျာတွေအကြောင်း အသေးစိတ်ကို ဖတ်ခွင့်ရတယ်။
မမသန့်မျက်နှာ တစ်ကမ္ဘာဖြစ်နေတဲ့ “မြတ်ထန်”အတွက်လည်း စိတ်မောစွာ ခံစားရပြန်တယ်။
မမသန့်က ခန္တီပါရမီဆိုတဲ့ စကားကို ဆိုလာကတည်းက
အဆုံးသတ်ကို ကြိုသိနှင့်နေခဲ့ပြီးသားပါ…။
ကြေကွဲရပေမယ့်လည်း မမသန့်ဆိုတာ “မြတ်ထန်”ရင်ထဲမှာတော့ အမြဲပွင့်နေတဲ့ ကုမုဒြာကြာဖြူလေးပါတဲ့…🤍။
“ပွင့်မျောရိပ်မှာ မျောတဲ့ ပန်းတွေ မျောပါစေ၊ဘာတတ်နိုင်မှာလဲ၊ဒါပေမဲ့ ကမ္ဘာဦးကလို ကမ္ဘာဦးမှာ ပွင့်တဲ့ ငါ့ကုမုဒြာကို ငါ သွားကြည့်မယ်”