
စွန့်ခွာရသည့် နွေညများ
16000 (ကျပ်)
“ငွေလဟာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီဈ သရဖီသင်း နှင်းကလဲ့ စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သဲသဲရုတ်ရုတ် တဖြုတ်ဖြုတ် တစ်ချီ၊ နွဲ့နွဲ့ယဲ့ယဲ့ ဝဲကာ တစ်လီ၊ လေနှင်ရာ ကြွေစင်မြန်းကြ၊ ခွဲခွာရသည့် ညများရောက်ပြီ၊ စွန့်ခွာရသည့်ညများ ရောက်ခဲ့ပြီ…”
ရန်ကုန်ကနေ မော်လမြိုင်ကို ခုတ်မောင်လျက်ရှိတဲ့ မီးရထားပေါ်မှာ အစပြုခဲ့တဲ့ ဆုံတွေ့မှုတစ်ခု။ ရထားဘီးများရဲ့ ခုတ်မောင်းသံကြား သူစိမ်းနှစ်ယောက်ရဲ့ ကံကြမ္မာဟာ တစ်နေရာတည်းကို ဦးတည်ရင်း စတင်ယှက်နွယ်ခဲ့တယ်။ ဒီ အစပြုခြင်းကနေ မမျှော်လင့်ဘဲ နက်ရှိုင်းတဲ့ သံယောဇဉ်ထံသို့ ကူးပြောင်းသွားပုံကို စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စွန့်ခွာရသည့်နွေညများ ၀တ္ထုမှာ အနုပညာမြောက်စွာ ရေးဖွဲ့ထားတယ်။
စိုးလွင်ညွန့်နဲ့ ညိုလတ်ဆိုတဲ့ လူငယ်နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ရိုးရှင်းသယောင်ရှိပေမဲ့ တစ်ယောက်ပေါ်တစ်ယောက် စူးစမ်းလိုစိတ်နဲ့ ကြည့်မြင်ပုံတွေက ၀တ္ထုရဲ့ အသက်ပါပဲ။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အရေးအသားပီပီ ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ စကားပြောဆိုပုံတွေက ယဉ်ကျေးသိမ်မွေ့ပြီး စာဖတ်သူရဲ့ ရင်ကို နွေးထွေးစေတယ်။ သူတို့နှစ်ယောက်ကြားမှာ မသိမသာ စတင်လာတဲ့ သံယောဇဉ် အမျှင်တန်းလေးတွေက ခရီးဆုံးမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ၀တ္ထုရဲ့ အစောပိုင်းမှာတင်ပေးတဲ့ ရင်ခုန်စရာပေါ့။
ဒီ၀တ္ထုမှာ ဂီတကို နောက်ခံပြုပြီး ဇာတ်လမ်းကို ပုံဖော်ထားတဲ့အတွက် ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ဖော်ပြရာမှာပဲဖြစ်ဖြစ်၊ ဇာတ်လမ်းရဲ့ အနိမ့်အမြင့်ကို ထိန်းကျောင်းရာမှာပဲဖြစ်ဖြစ် ဂီတဟာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ စာမျက်နှာတွေကို လှန်လှောဖတ်ရှုရင်း ၀တ္ထုထဲက သီချင်းသံဇဉ်တွေကို နားထဲမှာ ကြားယောင်လာရသလို ခံစားရစေမှာဖြစ်ပြီး စာဖတ်သူကိုလည်း ဇာတ်လမ်းထဲမှာ အပြည့်အ၀ နှစ်မြောသွားစေမှာပါ။
ဆရာကြီးရဲ့ အခြားစာအုပ်တွေမှာလိုပဲ ဒီ၀တ္ထုမှာလည်း လူသားတွေရဲ့ စိတ်ခံစားမှုနဲ့ အနုပညာအကြောင်းတွေကို ထိထိမိမိ ပုံဖော်တင်ဆက်ထားတယ်။ အချစ်ဆိုတာထက် ပိုတဲ့ နားလည်မှုတွေ၊ တစ်ဖက်သားအပေါ် ထားရှိတဲ့ လေးစားမှုနဲ့ သံယောဇဉ်တရားတွေကို ဇာတ်ကောင်တွေရဲ့ အပြုအမူတစ်ခုချင်းစီမှာ တွေ့နိုင်မှာပါ။ စွန့်ခွာရသည့် နွေညများ ဆိုတဲ့ အမည်နဲ့အညီ ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းတွေကြားမှာ ဘယ်လိုအလွမ်းတွေနဲ့ အမှတ်တရတွေ ကျန်ရစ်ခဲ့မလဲဆိုတာကတော့….
| စာမျက်နှာ | 252 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2026 မေလ (ပဉ္စမအကြိမ်) |
7 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ