လွမ်းတေးမဆုံးစေနှင့်စောသခင်
18000 (ကျပ်)
‘ လွမ်းတေးမဆုံးစေနှင့် စောသခင် ‘
ကိုစောနိုင်နဲ့ အစော …… ရှမ်းစော်ဘွားနွယ် ချစ်သူနှစ်ဦး …
အတိတ်ကာလ မိဘတွေရဲ့ သွေး.ကြွေးတွေ ၊ အာ.ဃာတတွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာ … ဖြတ်သန်းခဲ့ပြီးသော ခေတ်စနစ် ကာလတစ်ခုရဲ့ နိုင်ငံ.ရေးနောက်ခံသမိုင်းနဲ့အတူ ဆွတ်ပျံ့ဖွယ် မဆုံးနိုင်တဲ့တေးသံတွေပါဝင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်။
====
ဆရာတက္ကသိုလ်ဘုန်းနိုင်က ယခုဝတ္ထုနှင့်ပတ်သက်၍ “အမှန်မှာ ၃၅ နှစ်ဟူသော အသက်အရွယ်သည် လူငယ်ပိုင်းမှ လူကြီးပိုင်းသို့ ကူးဝင်သောအရွယ်ဖြစ်၏။ တစ်နည်းအားဖြင့် ဆောင်းနှင့်နွေ အကူးတည်း။ ‘ကမ္ဘာကုန်ကျယ်သရွေ့ဝယ်’ သီချင်းတွင် ကျွန်တော်ရေးစပ်ခဲ့မိသည့်အတိုင်း ‘တစ်တိုင်းပြည်လွင့် နွေအဖွင့်သို့’ဟု ညည်းရမည်ရှိနေ၏။ ဂိမာန်ခါတွင်း ဖြစ်သော်လည်း ဆောင်းရိပ်တို့ ကြွင်းနေဆဲတကား။ နွေဝယ်ဆောင်းပမာ မြူနှင်းလေးတွေ ဝေဝေစီသော ရှမ်းပြည်နယ်ကို နောက်ခံထား၍ ဤ ‘လွမ်းတေးမဆုံးစေနှင့် စောသခင်’ ဝတ္ထုကြီးကို ရေးလိုက်မိပေပြီ။ တောင့်တကြသော ဆောင်းအလှပမာ သမုဒယဘွဲ့ တေးတစ်လွှာဖြစ်ပါ၏။
သို့ရာတွင် ဂိမာန်ခါဖြစ်သဖြင့် ရော်ရွက်ကြွေသံစည်းနရီ ဖြစ်နေခဲ့ပါသော် နွေကန္တာဦး၌လည်း သူ့အပွင့်၊ သူ့အဖူးကြောင့် သူ့နည်းနှင့်သူ ကြည်နူးဖွယ် ရှိလေသည်ဟု ခံစား သိနိုင်ပြပါစေသတည်း” ဟု အမှာစာတွင် ရေးသားခဲ့ပါတယ်။
| စာမျက်နှာ | 312 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2025 အောက်တိုဘာလ၊ (န၀မအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 7.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 18000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ