မျက်ရည်လောကများ၏ဟိုမှာဘက်
19000 (ကျပ်)
မျက်ရည်လောကများ၏ ဟိုမှာဘက် ကိုရောက်သွားသူတွေရဲ့ နှလုံးသားအကြောင်း …
“မျက်ရည်လောကများရဲ့ဟိုမှာဘက်
အဲ့သည်ဘက်ကတစ်စုံတစ်ရာကို
ကိုယ်ကိုနှင်းအပ် ဆည်းကပ်ရိုကျိုး
သဒ္ဓါနှင့်မြတ်နိုးခြင်း
အင်း…သည်ဟာမျိုးကိုတော့ မင်း…
မင်းလက်မခံချင်ဘူးလား”
ရှမ်းပြည်နယ် တောင်ကြီးမြို့ကို နောက်ခံထားတဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးကို ကဗျာလှလှတို့နဲ့ စီရီကာ ဖွဲ့သီထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လို့ ကဗျာနှစ်သက်သူတွေ၊ ရသကို ခုံမင်ခံစားသူတွေ သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ လူ့ဘဝတွင် ကြုံတွေ့ရသည့် နာကျင်မှုများ၊ စိတ်ဒဏ်ရာများကို မည်သို့ ရင်ဆိုင်ကျော်လွှားပြီး ဝမ်းနည်းမှုကို အားအင် အဖြစ် ပြောင်းလဲနိုင်ပုံကို ရေးဖွဲ့ထားသော စာပေလက်ရာတစ်ခုဖြစ်ပါတယ်။
ကမ္ဘာကျော်ကဗျာဆရာကြီးတွေ ( Shelly , Wordsworth, John Keats, Tennyson, Emily Bronte, Hodgson) ရဲ့ အမြင့်လောကဆီ အာရုံအညွန့် လှမ်းတက်ချင်တဲ့ ဗီဇစရိုက်ကြောင့် ရေးဖွဲ့ဖြစ်တဲ့ ကမ္ဘာကျော်ကဗျာကြီးတွေနဲ့ မြန်မာ့ ဒဿန ကို ဆက်စပ်ပြထားတဲ့ ထူးခြားသောဝတ္ထုဖြစ်ပါတယ်။
| စာမျက်နှာ | 360 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2025 ဇူလိုင်လ၊ (တတိယအကြိမ်) |
11 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ