မေတ္တာများနဲ့စိန်ပန်းနီနီ
8000 (ကျပ်)
လဲ့လဲ့ ရင်မှာ ပိုခုန်လာသည်။ တိုးတိုး နှင့် ထွေး။ သည် နာမည်လေး နှစ်ခုကလည်း သနားစဖွယ်။”ထွေးက ဟောဒီခြံကြီးနဲ့ တိုက်ရဲ့ပိုင်ရှင် သူဌေးရဲ့ သမီးလေးပါ။ တိုးတိုးကတော့ သူဌေးရဲ့ အလုပ်သမားတစ်ယောက်ရဲ့ ညီလေးပါ။ မလဲ့လဲ့ ပြောသလိုပဲ သူတို့ကြားမှာ ခြားနားမှုက ရှိပါတယ်။ တိုးတိုးနဲ့ ထွေးတို့ရဲ့ မေတ္တာဇာတ်လမ်းဟာ ဟောဒီ စိန်ပန်းပင်ကြီးအောက်မှာ စ ခဲ့ကြတယ်။ ဪ ကျွန်တော် ပြောဖို့ မလိုပါဘူး။ မလဲ့လဲ့ မြင်ခဲ့ပြီးပါပြီ”လဲ့လဲ့ သက်ပြင်းကို ချလိုက်သည်။ မိမိ မြင်ခဲ့ပြီးပြီ။ ဟုတ်သည်။ တိုးတိုးနှင့်ထွေး။ မိမိ မြင်ခဲ့ပြီးပြီ။”ရှင်က ကျွန်မ .. ကျွန်မ အဲဒီအကြောင်းကို ရေးလို့ ရမယ်လို့ ထင် .. ထင်တယ်ပေါ့””ထင်တာ မဟုတ်ဘူး၊ မလဲ့လဲ့ ရေးတောင် နေပါပြီ””ရှင် … ” “ရေးတယ် ဆိုတာ ပြောခြင်းတစ်မျိုးပါ။ မလဲ့လဲ့ စောစောက ပြောပြသွားတာတွေဟာ စီကာပတ်ကုံးနဲ့ သိပ်ကို ချောမောလှပပါတယ်””ဪ … ရှင် ပြောတာနဲ့ ကျွန်မ အားရှိလာသလိုပဲ””ကဲ .. ကျွန်တော်တို့ သွားကြရအောင်၊ ဪ မလဲ့လဲ့ကို ကျွန်တော် လက်ဆောင်တစ်ခု ပေးစရာ ရှိသေးတယ်”တိုက်ပုလေး၏ ဆင်ဝင်အောက်၌ လဲ့လဲ့က ရပ်စောင့်သည်။ သူက အတွင်းသို့ ဝင်သွားပြီး တစ်စုံတစ်ရာ ယူလျက် ပြန်ထွက်လာ၏။”အဲ့ဒါ ဘာလဲဟင်””မေတ္တာများနဲ့ စိန်ပန်းနီနီ””ရှင် …. “ဖတ်နေရင်း မော်လမြိုင်ကို ရောက်သွားသလို ခံစားရစေမယ့် အခင်းအကျင်း ရေးဖွဲ့မှု၊
တစ်နှစ်မှာ တစ်ကြိမ် ပွင့်တာချင်း တူသော်လည်း ချစ်ခင်မှု ရတာချင်း မတူတဲ့ စိန်ပန်းနဲ့ ပိတောက်တို့ရဲ့ အလှတရားများ ရေးဖွဲ့မှု၊အတိတ်မေ့ဝေဒနာနဲ့ မော်လမြိုင်ကို ပြန်လာသူ ဒေါက်တာလဲ့လဲ့ (သို့) စာရေးဆရာမ လဲ့နှင်းရည် နဲ့ ကိုစိန်ပန်း။တိုးတိုး နဲ့ ထွေး။ တစ်ဘဝမှာ ဇာတ်လမ်းနှစ်ခု။စစ်မှန်တဲ့ ချစ်ခြင်းတရားရဲ့ နောက်ဆုံးရလဒ် အဖြေက ဇာတ်ပေါင်းပြီး ပျော်စရာလား၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့ ကြုံရမလား။ပြန်မရသေးဘူးလားလို့ အမေးအများဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 267 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.9 x 8 .2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကေ်ာဝတ်ရည်စာပေ၊ 2022 အောက်တိုဘာလ (စတုတ္ထအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ