မောင့်ဘဝ ညအလားကွယ်

( 0 မှတ်ချက်)

6200 (ကျပ်)

‘ မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ ‘

ဒီစာကြောင်းကို ဖတ်မိတာနဲ့ ဘာစာအုပ်ဆိုတာ တက္ကသိုလ်ဘုန်းနိုင် ပရိသတ်တွေသိကြပါတယ်။

“အားကျတယ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခုနင်က မမမေ ပြောသလို နတ်သျှင်နောင်ရဲ့ ဘဝဟာ ညအလားလို့ပဲ ထားပါစို့။ အဲ့ဒီညဟာ အင်မတန် ချစ်မက်ဖွယ်ကောင်းတဲ့ ညဖြစ်မှာပဲ” – ကိုလွမ်းနောင်

“မောင် ပြောခဲ့ဖူးတဲ့ စကားကို မမမေ ပြန်သတိရမိတယ်။ သံယောဇဉ်ကြိုး မရှည်ချင်ဘူးဆိုတာလေ။ မမမေ ထင်တာကတော့ မရှည်အပ်တဲ့ သံယောဇဉ်နဲ့ ရှည်အပ်တဲ့ သံယောဇဉ် နှစ်မျိုး ရှိတယ်ကွယ်။ မောင့်အတွက် မမမေ ထားတဲ့ သံယောဇဉ်ကတော့ ရှည်အပ်တဲ့ သံယောဇဉ်ပဲကွယ့်” – မသက်မေ

“ကဗျာဆရာကြီးဆီ စာရေးရလို့ ကဗျာဆန်ဆန်ပဲ ရေးချင်မိတယ်။ ဒါပေမဲ့ ကဗျာမစပ်တတ်လို့ ရဝေရှင်ထွေးရဲ့ ကဗျာလေးကိုပဲ ကူးယူပြီး ထည့်လိုက်မိတယ်။ ဒီကဗျာကို ဖတ်ပြီး ကိုလွမ်းနောင် အပျင်းပြေရင် တင်တင်ဦး ကျေနပ်ပါပြီ” – တင်တင်ဦး

​ဂျပန်ခေတ် ကာလဆိုးနဲ့ ရောင်စုံသူပုန်တို့ ကြီးစိုးချိန် ကာလနောက်ခံ။ ကံကြမ္မာဆိုတဲ့ အယ်ဒီတာကြီးက အထက်ပါ ဇာတ်ကောင် ၃ ဦးကို ဘယ်လိုတွေ အကွက်ချ စီစဉ်ပြီး ပုံဖော်ခဲ့လဲ။ နတ်ရှင်နောင်၊ ဓာတုကလျာနဲ့ ရဝေရှင်ထွေးတို့ရဲ့ သမိုင်းနောက်ခံနဲ့ ကိုလွမ်းနောင်တို့ ၃ ဦးရဲ့ ဇာတ်လမ်းတွေက ဘာကြောင့် သတိရစရာတွေ ဖြစ်သလဲ။

ခေတ် စနစ် ကာလတွေ ဘယ်လိုပြောင်းပြောင်း စာချစ်သူတို့ ရင်ထဲမှာ အမြဲတမ်း ရှင်သန် သဘောကျကြတဲ့ ဝတ္ထုကောင်းတစ်ပုဒ်။

စာမျက်နှာ

162

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 စက်တင်ဘာလ (ဆဌမ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

5.9.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6200 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မောင့်ဘဝ ညအလားကွယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

တက္ကသိုလ်ဘုန်းနိုင် စာအုပ်များ