တပြည်သူမရွှေထား

( 1 မှတ်ချက်)

20000 (ကျပ်)

“မောင့် .. ထားသခင်
မြစိမ်းရှင်ထံ
မကြင်သူအား
ကြင်မိမှားမို့
သနားခွင့်ထူး
မပန်ဖူးပါ
နွေဦးအတိတ်
ချစ်နိမိတ်ဟု
ဖိုလ်ဟိတ်ထင်မှတ်
သည်လွမ်းဇာတ်ကား
ထုပ္ပတ်စတင်
ဦးမှာပင်က
သက်ငင်ရွက်တို့ ကြွေသောလ .. “

မြတ်သော ဆွေလည်းမရှိ၊ မျိုးလည်းမရှိ ၊ မြတ်သော ဘာမှမရှိသည့် “မြတ်ဆွေ” ။

သူ့တွင် မာနရှိသည်၊ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားချင်စိတ်ရှိသည်၊ ဂီတကိုချစ်စိတ်ရှိသည်၊ သဘာဝကိုချစ်စိတ်ရှိသည်၊ ထားကိုချစ်သည်။

အနှီမြတ်ဆွေ .. ထိုမြတ်ဆွေ တွေ့မိသူက အလွန်လှသော ၊ အလွန်ဂုဏ်ကြီးသော ၊ အလွန်ဘိုဆန်သော၊ ယောက်ျားဟူသမျှကို အထင်မကြီးသော “ထား” ။

ဒုတိယကမ္ဘာစစ်ကာလနှင့် မြန်မာပြည်နိုင်ငံရေးအခြေအနေကို နောက်ခံထားပြီး သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှု၏ နောက်ပိုင်းတွင် ဖြစ်လာသမျှကား ချစ်စရာ ၊ လွမ်းစရာ ၊ ရင်နင့်စရာ ၊ သံဝေဂရစရာများပင် … ။

” ခန္ဓာကိစ္စရောဂါမှန်သမျှသည် အခြေခံ အစပျိုးမှုရှိသကဲ့သို့ လူမှုရောဂါဆိုးတို့၌လည်း အခြေခံအစပျိုးမှုရှိသည်။ လူငယ်ပြသနာ၏ အခြေခံအစပျိုးမှုရှာလျှင် မိဘတို့စီမံဖန်တီးပေးသော ပတ်ဝန်းကျင်ကို လက်ညှိုးတည့်တည့်ထိုးရပေမည်။ မလိုလားအပ်သော ယင်းပတ်ဝန်းကျင်မျိုးကို အကယ်၍ ဖန်တီးပေးမိပါက…… ယခုအမှုကဲ့သို့ ရင်ကွဲဖွယ်ရာ အဘက်ဘက်မှ ကိုယ်ကျိုးနည်းမှုတို့သည် မလွဲမရှောင်သာဖြစ်ပေါ်လေမည် ”

စာမျက်နှာ

352

စာအုပ်အရွယ်အစား

5.2 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဧပြီလ၊ (ဆဌမ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

28.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

တပြည်သူမရွှေထား အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Zhong

    အို..ဘာကြောင့်များ ထားသွားခဲ့ရသလဲ၊ နာမည်နဲ့လိုက်ဖက်အောင် လို့များလုပ်ခဲ့လေသလား ထား ရယ်.. ဖြစ်မှဖြစ်ရလေ ထားသခင် မလေးရေ… ဘဝကူးကောင်းပါစေသား…

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တက္ကသိုလ်ဘုန်းနိုင် စာအုပ်များ