အနီလား အဝါလား အစိမ်းလား
7500 (ကျပ်)

စာအုပ်ကလေးက ချို့တဲ့တဲ့ မိသားစုတွေ ဖြစ်ပြီး လူမှုဘ၀ အထွေထွေနိမ့်ကျမှုတွေ ရှိပေမဲ့ မိမိတို့ရဲ့ သားငယ်၊ သမီးငယ်၊ ရင်သွေးငယ်များအပေါ် ထားရှိတဲ့ မိဘမေတ္တာနဲ့ မိခင်စိတ်ကို ဖော်ကျူးထားတဲ့ ဆရာမရဲ့ ဘ၀သရုပ်ဖော် လက်ရာကောင်းလေး တစ်ခုပါ။

အခြေခံလူတန်းစားများရဲ့ အားထားရာ ပြည်သူ့ဆေးရုံ၊ ဆေးခန်းေတွဆီမှာ မိမိတို့ ရင်သွေးလေးတွေရဲ့ ကိုယ်အလေးချိန်မှတ်တမ်းများ၊ အာဟာရအညွှန်းကိန်းများက အနီအဆင့်လား၊ အဝါအဆင့်လား၊ အစိမ်းအဆင့်လား။ ပြီးတော့ ဆရာမတွေဆီက ရလာမယ့် ဆေးဝါးေတွ၊ ဖြည့်စွက်အာဟာရေတွကို မေျှာ်လင့်တကြီး စေစာင့်စားကြရတဲ့ မိခင်တွေရဲ့ မေတ္တာတရား အတိမ်အနက်ေတွကို ရင်ထဲစွဲအောင် ခံစားမိစေမယ့် ၀တ္ထုတစ်ပုဒ်လဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ မိခင်တွေရဲ့ ရင်ငွေ့အောက်မှာ လူလားမြောက်ခဲ့၊ ကြီးပြင်းခဲ့၊ သန်စွမ်းခဲ့တဲ့ သားငယ် သမီးငယ်တွေရဲ့ ဘ၀အသီးသီးကိုလဲ မြော်မြင်နိုင်စေမယ့် ဝတ္ထုလေးလို့လည်း ဆိုနိုင်ပါတယ်…
| စာမျက်နှာ | 191 |
|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
|---|
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ဩဂုတ်လ (ဒုတိယအကြိမ်) |
|---|
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ