သောက်တော့ ဒူးယား၊ နေတော့ ချုံကြား၊ ဝတ်တော့ မလေးရှား

( 2 မှတ်ချက်)

5500 (ကျပ်)

ရွှေမှော်၊ ကျောက်မှော်တို့သည် စွန့်စားချမ်းသာလိုသူတို့၏ အိပ်မက်များထုဆစ် အကောင်အထည်ဖော်ရာနေရာဖြစ်သည်။ ရွှေအိပ်မက်နဲ့မျှော်လင့်ချက်တွေက ပျော်ရွှင်အားတက်ဖွယ်ကောင်းသလောက် လက်တွေ့မှော်ဘဝကရော ပျော်ရွှင်ဖွယ်အတိ၊ အားတက်စရာအပြည့်အမြဲဖြစ်နိုင်ပါမည်လား။

ရွှေမုဆိုးတို့၏ ဆန်းကြယ်သောဘဝအဖြစ်အပျက်များနှင့် ရွှေမှော်တွင်းဖြတ်သန်း၊ ရုန်းကန်၊ ရှင်သန်ကြရပုံများကို စာရေးသူကိုယ်တိုင်လက်တွေ့ကွင်းဆင်းလေ့လာရေးသားထားသည့် ဆရာမနုနုရည် အင်းဝ၏ နာမည်ကျော်ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

265

စာအုပ်အရွယ်အစား

5.3 × 0.3 × 8.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2021 စက်တင်ဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.8.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

12 in stock

သောက်တော့ ဒူးယား၊ နေတော့ ချုံကြား၊ ဝတ်တော့ မလေးရှား အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Zaw Aung Naing

    စာအုပ်ကောင်းတစ်အုပ်လို့မြင်ပါတယ် ဘာလို့ဆို လူ့အဖွဲ့အစည်းနဲ့ဆက်နွယ်နေတာဆိုတော့လေ ကျေးဇူးတင်ပါတယ်။🙏🙏🙏

  2. CherryAung

    သောက်တော့ဒူးယား နေတော့ချုံကြား ဝတ်တော့ မလေးရှား တဲ့ နုနုရည်အင်းဝရဲ့ စာအုပ်လေးတွေတိုင်းကို စိတ်မဝင်စားပဲမနေနိုင်လောက်အောင် ဆွဲဆောင်နိုင်သော နာမည်လေးတွေ ရွှေတောမှာ ရွှေရှိတယ် ငွေရှိတယ် ပြီးတော့ ဘာရှိမလဲ ဘာဖြစ်ကြမှာလဲ အရမ်းကို သိချင်မိတယ်။နေရာစုံ က လာတဲ့ လူတွေ အစုံ ရှိတဲ့နေရာ ရွှေတောကို ရွှေရှာမယ် ဆိုပီး လာကြတယ်။ ရွှေပဲရကြမလား သူ့အပြင် ဘာတွေကများ ဆီးကြိုနေမှာလဲ ရင်တထိတ်ထိတ်နဲ့ ဖတ်ရတဲ့ စာအုပ်လေး မဖတ်ရသေးရင် ဖတ်ကြည့်ပါရှင် ရင်ထဲတခုခုတော့ ခံစားရမှာပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ