
တထိတ်ထိတ် မဂ္ဂဇင်းဝတ္ထုရှည်များ
15000 (ကျပ်)
စာအုပ်နာမည်နဲ့ လျော်ညီစွာ ‘တထိတ်ထိတ်’ပါပဲ။ ရသဝတ္ထုတိုစုစည်းမှုများစွာကို ဖတ်ရပေမဲ့ ရသဝတ္ထုရှည်ကျတော့ အရင်ကထုတ်ဝေဖူးခဲ့တာတွေ လိုက်ရှာဖတ်နေရတာမို့ ဘယ်နေ့များ ‘မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှု’ ထွက်လာမလဲ တထိတ်ထိတ် မျှော်လင့်ကြရတယ်။ မျှော်လင့်တုန်း ပေါ်လာတာပေါ့။ တထိတ်ထိတ် ဝတ္ထုရှည်က အဖွဲ့အနွဲ့သစ်ပြီး လှပတယ်။ စာရေးဆရာမ တစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ နာရီ။ တိုက်ခန်းနေ လူမှုဘဝနဲ့ လူမှုပတ်ဝန်းကျင်အကြောင်း ရေးဖွဲ့ထားတာပါ။ တထိတ်ထိတ်နဲ့ ပတ်သက်လို့ ဆရာမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလိုရေးသား ဖော်ပြထားပါတယ်။
“ဝတ္ထုတိုလေးတွေလိုပဲ ချစ်သနားပြီး ကျွန်မ ခဏခဏ စဉ်းစားမိတဲ့အထဲမှာ မဂ္ဂဇင်းဝတ္ထုရှည်လေးတွေလည်း ပါတယ်။ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ကျွန်မတို့တွေ မက်မက်မောမော ဖတ်ခဲ့ရတာ၊ ကြိုက်ခဲ့ရတာ…” မဂ္ဂဇင်းဝတ္ထုရှည် ယဉ်ကျေးမှုလေး ပျောက်သွားရတော့မှာလား။
ကျွန်မ စာရေးသက် နှစ် ၄၀ မှာ ရေးနိုင်ခဲ့တဲ့ (စာဖတ်ပရိသတ် ဖတ်ရတဲ့) မဂ္ဂဇင်းဝတ္ထုရှည်လေးတွေက အပုဒ် ၃၀ တောင် မပြည့်ခဲ့ပါဘူး။ ချစ်သနားရတဲ့ ကျွန်မ မဂ္ဂဇင်းဝတ္ထုရှည်လေးတွေကို ထပ်စုစည်းပြီး ကျွန်မချစ်တဲ့ စာဖတ်ပရိသတ် ကို ဖတ်စေချင်သေးတယ်}}
အခုစာအုပ်က ၁၉၈၀ ခုနှစ် နှောင်းပိုင်း သာရမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဝတ္ထုရှည်တွေ၊ ၁၉၉၀ နှစ်များ ရင်ခုန်ပွင့်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဝတ္ထုရှည်တွေ အစရှိသဖြင့် ဆရာမရဲ့ လက်ရာမွန်များစွာကို စုစည်းထုတ်ဝေထားတာပါ။
‘ရေလယ်ကောင် သောင်ထွန်း’ ဝတ္ထုထဲက ခင်မိုးလို ဖရဲသီးသည်ကလေးတွေရဲ့ဘဝ။ ယခင်နဲ့ ယခု ဘယ်လိုကွာခြား သွားပြီလဲ။ အရင် နှစ် ၄၀ တုန်းက လူမှုဘဝအရိပ်၊ လူမှုဘဝရနံ့ ဘာတွေအပြောင်းအလဲရှိသလဲ။
‘ရေမြောင်ကြီးမှာရှိသည်’ဝတ္ထုထဲက စိမ်းမတို့လို ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်တွေကို ဖိတ်ခေါ်ရတဲ့ စားသောက်ဆိုင် ဧည့်ကြိုကောင်မလေးတွေရဲ့ဘဝကကော ယခင်နဲ့ ယခု ဘယ်လိုကွာခြားခဲ့ပြီလဲ။
‘သူက… ကိုငြိမ်းအောင်’ ဝတ္ထုကတော့ ကဗျာဆရာကြီး တင်မိုးရဲ့ ဇနီးသည် နာရေး နောက်ခံဝတ္ထုပါ။ အခု မတွေ့နိုင် တော့တဲ့ ကြံတောသုသာန်က နှောင်းခေတ်သမိုင်းခြေရာကလေးတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ သူတစ်ပါး သောက၊ သူတစ်ပါး နာကျင်မှုအပေါ် အခွင့်ကောင်းယူပြီး စီးပွားရှာတတ်တဲ့ အသုဘပွဲစား ကိုငြိမ်းအောင်လို လူမျိုးတွေကကော အခုခေတ်မှာ ရှိနေ ကြသေးလား။ မရှိကြတော့ဘူးလား။
‘လေနုအေးက နော့ဆဲကို’ ဝတ္ထုထဲက ဆွေဦးလို ဘဝအခက်အခဲ ဖြေရှင်းရင်း ချစ်မေတ္တာရေးရာ – သဒ္ဓါလွန်မိသွားတဲ့ အမျိုးသမီးငယ်ကလေးတွေရဲ့ ဘဝကကော အခုခေတ်မှာ ဘယ်လိုလဲ။
‘ဖိုက်အပ်ဆစ်ဒေါင်း ချစ်သောင်း’ ဝတ္ထုထဲက ချစ်သောင်းရဲ့ စီးပွားရေးဗျူဟာတွေကကော အခုခေတ်မှာ ဘယ်လိုများ အသွင်ပြောင်းပြီး ကျင့်သုံးနေကြလေပြီလဲ။
‘အစက ဝတစ်လုံးဟာ နှစ်လုံးဖြစ်လာသည်’ ဝတ္ထုထဲက မူလတန်းကျောင်းအုပ် ကိုဘလှ၊ အထက်တန်းစာရေးမ မခင်လှိုင်၊ နေ့စား စိုးမြင့်ဝင်းတို့ကော ရန်ကုန်ညနေခင်း ကားကျပ်ချိန်ကို ရှောင်ရှားဖို့ ဆူးလေစေတီတော်မှာ ပုတီးစိပ်ကြတုန်းပဲလား။ သူတို့တစ်တွေရဲ့ ဆုတောင်းများကို ဆူးလေ ဘိုးဘိုးကြီးက ဖြည့်ဆည်းပေးလိုက်ပြီလား။
စသဖြင့် တွေးစရာတွေ တသီကြီး။ ဝတ္ထုရှည်လှလှတွေ တဝကြီး ဖတ်ရှုခံစားရမယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။
====
ယခုစာအုပ်မှာ ၁၉၈၀–၁၉၉၀ ပြည့်နှစ်များအတွင်း မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ ဆရာမရဲ့ လက်ရာမွန် ဝတ္ထုရှည်များကို စုစည်းထားပြီး တိုက်ခန်းလူမှုဘဝ၊ လူ့အဖွဲ့အစည်းရဲ့ အရိပ်အယောင်တွေကို အရင်ခေတ်နဲ့ ယနေ့ခေတ်ကို နှိုင်းယှဉ်စေပါတယ်။ ဖရဲသီးသည်ကလေးများ၊ ဘုရားဖူးဧည့်ကြိုများ၊ အသုဘပွဲစား၊ စီးပွားရေးလောကထဲက လူမျိုးစုံရဲ့ ဘဝတွေကို လေးနက်စွာ ဖော်ပြထားတာကြောင့် လူမှုဘဝရဲ့ ပြောင်းလဲလာမှုကို တွေးခေါ်ခံစားရစေမယ့် ဝတ္ထုရှည်လှလှတွေကို တဝကြီး ဖတ်ရှုနိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
| စာမျက်နှာ | 336 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
2 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ