သူစိမ်းတွေကြားမှာ

( 1 မှတ်ချက်)

7000 (ကျပ်)

ဆရာမသွားဖြစ်ခဲ့သော ခရီးစဉ်လေးများအကြောင်းရေးသားထားတဲ့ မှတ်တမ်းဆောင်းပါးလေးတွေစုစည်းထားခြင်းဖြစ်ပြီး ဝတ္ထုဆန်သောရသအငွေ့အသက်လေးအချို့နဲ့ဆန်းသစ်စွာဖတ်ရှုရရမှာလည်းဖြစ်ပါတယ်နော်။ စုစုပေါင်းဆောင်းပါး ၁၈ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။

စာမျက်နှာ

230

စာအုပ်အရွယ်အစား

5.2 x 0.6 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်)

19 in stock (can be backordered)

သူစိမ်းတွေကြားမှာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Shwe Yu (verified owner)

    ဆရာမအရေးအသား အလွန်ကောင်းပါ၏။ ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားရစေသည်။ ဆရာမ၏ နိုင်ငံခြားရောက်ချိန်နှင့် မြန်မာပြည်တွင်ရှိစဉ်က အကြောင်းများကို ဆက်စပ်ရေးသားထားသည်မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ အင်္ဂလန်တွင် ဆရာမ သွားရောက်လေ့လာခဲ့သော ပြတိုက်တွင် တွေ့ဖို့ မျှော်လင့်ထားသည်များမှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာချိန် ဆရာမခံစားရသကဲ့သို့ ကိုယ်ပါ ခံစားရသည်၊ နှမြောတသဖြစ်မိသည်။ ဆရာမ ယူဆောင်သွားသော ဆရာ သိပ္ပံမောင်ဝ စာအုပ်လေးကို တစ်ဖျတ်ဖျတ်လှန်လှောရှာဖွေသည်ဟုသော အရေးအသားမှာလည်း ထိုစာအုပ်ကိုပါ ဖတ်ချင်မိသွားစေသည်။ ဆရာမ ကိုးရီးယားရောက်ပြီး အိမ်ပြန်ရန် (၂) ရက်အလို ပျော်ရွှင်နေသော ခံစားချက်ကို ရိုက်ချိုးခံလိုက်ရချိန် ကိုယ်ကိုတိုင်ပါ အလွန် ဝမ်းနည်းမိရသည်။ ဆရာမ လိုချင်သော အိမ်နီးချင်းအကြောင်းမှာလည်း သဘောကျဖွယ်ရာအတိ။ ဆရာမပြောသွားသော မြန်မာမှန်လျှင် နားထောင်ဖူးရမည်ဆိုသော မြန်မာသီချင်း (၂) ပုဒ် ကို နားထောင်လိုက်ချိန် မြန်မာသံစဉ်ရှေးဟောင်းသီချင်းက သိပ်ကို ကျက်သရေရှိပါလား ဆိုတာကိုလည်း ခံစားခဲ့ရသည်။ မြန်မာစာ မြန်မာစာလုံးပေါင်းများလည်း လေ့လာလို့ရသည်။ ဆရာမရိုက်ခဲ့သော ဓါတ်ပုံလေးများလည်း ကြည့်ခွင့်ရသေးသည်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ