နှင်းဆီလေ…ဟုတ်ဖူး

( 1 မှတ်ချက်)

5000 (ကျပ်)

ယခင် “တက်ကျိုးတော့ လက်ထိုးလှော်မယ်” အမည်ဖြင့် ဆရာမောင်သာရနှင့်ပူးတွဲထုတ်ဝေခဲ့ဖူးသော ဝတ္ထုကို ယခုတစ်ဖန် “နှင်းဆီလေ….ဟုတ်ဖူး” ဟူသောနာမည်သစ်ဖြင့်ပြန်လည်ဆန်းသစ်ထုတ်ဝေခြင်းဖြစ်သည်။

အနှိမ်ခံ၊ အပြောအဆိုခံ မွေးရာပါခြေထောက်မသန်စွမ်းသူလေးရီထွေး၏ ခါးသီးလှသည့် မိသားစုဘဝ အတွေ့အကြုံများ၊ သေဘေးမှလွတ်ပြီး နောက်ခြေထောက်ခွဲစိတ်ခွင့်ရပြီး တစ်ဖန်မှောင်ခိုကုန်သည်ဘဝ၊ နောက်ဆုံးဘော်လီချုပ်လုပ်ငန်းရှင်ဘဝထိစသည် စသည့်ဘဝများစွာအတွင်း နိမ့်တစ်ခါ၊ မြင့်တစ်လှည့်ကျင်လည်လာခဲ့ရာမှ အဆင်ပြေမယ်ပင်မကြံသေး၊ ချစ်ရသောသူကိုလဲဆုံးရှုံး၊ တည်ဆောက်ခဲ့သမျှလည်း ပြိုလဲပျက်စီးရသည့်နေ့ကို တစ်ဖန်ရောက်လာပြန်တော့ ကံဆိုးမလေးရီထွေးတစ်ယောက် ဘဝကိုအစမှတစ်ဖန်ပြန်လည်တည်ဆောက်နိုင်ပါဦးမည်လော။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.5 × 0.4 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2022 ဇူလိုင်လ(ပထမအကြိမ်)

11 in stock

နှင်းဆီလေ…ဟုတ်ဖူး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဆရာမနုနုရည်အင်းဝရဲ့
    စာအုပ်နာမည်လေးကမြင်တည်းကအဆန်းသား….
    အရင်ပထမအကြိမ်တုန်းကတော့
    “တက်ကျိုးတော့ လက်ထိုးလှော်မယ်” ဆိုတဲ့ခေါင်းစဥ်ဖြင့်ဆရာမောင်သာရနဲ့တွဲထုတ်ဖူးထားတယ်လို့
    စာအညွှန်းမှာဖတ်ရပါတယ်
    ဝတ္ထု၂ပုဒ်ပါပါတယ်
    ပထမတပုဒ်ကတော့ “နှင်းဆီလေ…ဟုတ်ဖူး ”
    ဆိုတဲ့ဝတ္ထုလေးပါ
    မွေးတည်းကခြေထောက်မသန်ပေမဲ့
    အဖေကိုကူညီချင်တဲ့ ရီထွေး
    ဒုက္ခိတဘဝကနေလွတ်မြောက်ဖို့ ကြိုးစားရင်း
    ကိုတွတ်ဆိုသူနဲ့တွေ့တာက သူ့ဘဝရဲ့ပျော်ရွှင်ရခြင်းတစိတ်တပိုင်းပေါ့ သူတသက်လုံးတောင့်တခဲ့တဲ့
    ခြေထောက်လေးတွေအကောင်းအတိုင်း
    ပြန်ပိုင်ဆိုင်ခွင့်ရတဲ့အခါ ဘဝလောကဓံထဲမှာငွေရဖို့ ကုန်ကူးတဲ့အလုပ်လုပ် ငွေရှာပြန်တဲ့ရီထွေး ဒီလိုနဲ့ အရင်းပြုတ်သွားပြန်တော့ ဘော်လီချုပ်သင်
    စက်ဆိုင်ပိုင်ရှင်ရဲ့ အပြောအဆိုတွေအောက်က ရီထွေးလိုမျိုး ဘဝအခြေအနေမပေးကြတဲ့သူတွေအတွက်လည်း ကိုယ်ချင်းစာရင်း တူတူရုန်းရင်း
    ကိုယ်ပိုင်ဘော်လီချုပ်ရုံလေးလုပ်မယ်ဆိုတဲ့စိတ်ကူးလေးကလည်း
    အကောင်အထည်ပေါ်ခါနီးမှ
    သဲထဲရေသွန်တွေဖြစ်
    ဒီကြားထဲ ကိုတွတ်ကလည်း သူ့ဘဝနဲ့သူအဆင်ပြေရာကိုရွေးချယ်သွားသေးတယ် ဒါပေမဲ့ ရီထွေးက အရှုံးမပေးတတ်တဲ့သူလေး ရှုံးနိမ့်သွားတိုင်း အစကပြန်စဖို့ အားအင်တွေနဲ့ပေါ့
    အရုပ်ဆိုးတဲ့၊ မပြည့်စုံတဲ့ ပန်းလေးတစ်ပွင့်လည်း
    ဘဝမှာ သက်ရှင်ရပ်တည်ချင်တာပေါ့ ကိုတွတ်ရယ်။
    ရီထွေးကိုကြည့်ပြီးသနားပေမဲ့စိတ်ဓါတ်ကျတိုင်းလည်းပြိုလဲမသွားဘဲတွန်းအားတခုလိုပြန်ထနိုင်တဲ့ ပစ်တိုင်းထောင်ရုပ်လေးလိုစိတ်ဓါတ်ကိုတော့
    လေးစားအတုယူမိပါတယ်
    တခါတလေကျရင်
    ဘာမဟုတ်တဲ့အရာလေးတွေကြောင့်
    စိတ်ဓါတ်ကျတဲ့အခါ ကိုယ်မှာရှိတဲ့ကောင်းခြင်းတွေကိုမမြင်နိုင်တဲ့အခါမျိုးတွေလည်းရှိပါတယ် အခုလို
    ဘဝကိုအရှုံးမပေးဘဲကြိုးစားနေတဲ့
    ရီထွေးကြောင့်
    စိတ်ခွန်အားတွေရမိပါတယ် ❤️
    ဒုတိယတပုဒ်ကတော့ “မဂ်လာပါ ရှင်”
    ဆိုတဲ့ဝတ္ထုလေးပါ ဆရာချစ်ဦးညို ဆရာမင်းလူတို့နဲ့တွဲထုတ်ထားတဲ့ဝတ္ထုလေးလို့သိရပါတယ်
    မိုးတိမ်ယံကုမ္ပဏီရဲ့စီးပွားရေးဂျာနယ်ထဲမှာကြော်ငြာထည့်ကြဖို့ Marketingလိုက်ဆင်းရတဲ့ စိုးစိုး မိုးသက် စနိုးတို့ ၃ယောက်
    ကြော်ငြာရဖို့ ဘယ်လိုလူမျိုးနဲ့ကြုံကြုံ
    ပြုံးပြရ စိတ်ရှည်ရှည်ထားရနဲ့ တော်တော်သည်းခံ
    ကြရမှာပဲဆိုတဲ့အတွေးနဲ့ စာနာမိပါတယ်
    လူမှူပတ်ဝန်းကျင်မှာလည်း အဲ့လိုကျင်လည်နေရတဲ့
    သူတွေအများကြီးမြင်ဖူးပါတယ် တော်တော်လေး
    စိတ်ရှည်သည်းခံနိုင်မှအဆင်ပြေမဲ့အလုပ်ပါပဲ
    တနေ့တာမှာ ဘယ်လိုစိတ်အခြေအနေရှိနေပါစေ
    ဒါပေမဲ့လည်း သူတို့ကတော့ အလုပ်
    စတင်ပြီဆိုတာနဲ့ အပြုံးလေးနဲ့စကြရတာပါပဲ
    ဒါလည်းဘဝတွေထဲကဘဝအခြေအနေတခုကို
    တီးမိခေါက်မိရှိသွားတာမို့ ဗဟုသုတရစေပါတယ်
    ဆရာမနုနုရည်အင်းဝဆိုလိုက်တာနဲ့
    ဘဝထဲကလူအမျိုးမျိုးတွေကိုစိတ်ဝင်တစား
    မြင်တွေ့နိုင်တာမို့လူတန်းစားအလွှာအသီးသီးရဲ့
    အကြောင်းတွေဖတ်ရတာသဘောကျနှစ်ခြိုက်တတ်သူများအတွက်ဒီစာအုပ်လေးကိုလည်းညွှန်းချင်ပါတယ်ရှင့်
    #reviewby하은

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ